< Psaumes 45 >

1 Maskil des enfants de Coré, [qui est] un Cantique nuptial, [donné] au maitre chantre, [pour le chanter] sur Sosannim. Mon cœur médite un excellent discours, [et] j'ai dit: mes ouvrages seront pour le Roi; ma langue sera la plume d'un écrivain diligent.
မင်း​ကြီး​၏​အ​တွက်​ဤ​သီ​ချင်း​ကို​ငါ​ရေး​စပ်​နေ​စဉ် ငါ​၏​စိတ်​နှ​လုံး​သည်​မင်္ဂလာ​စ​ကား​များ​နှင့် ပြည့်​လျှံ​လျက်​ရှိ​ပါ​၏။ ငါ​၏​နှုတ်​သည်​စာ​ရေး​ဆ​ရာ​ကောင်း​တစ် ယောက်​၏ က​လောင်​နှင့်​တူ​ပါ​၏။
2 Tu es plus beau qu'aucun des fils des hommes; la grâce est répandue sur tes lèvres, parce que Dieu t'a béni éternellement.
အ​ရှင်​မင်း​ကြီး​သည်​လူ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​ပါ​၏။ မွန်​မြတ်​သော​စ​ကား​ကို​မိန့်​မြွက်​တော်​မူ​တတ်​ပါ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​စဉ်​ခံ​စား​တော်​မူ​ရ​ပါ​၏။
3 Ô Très-puissant, ceins ton épée sur ta cuisse, ta majesté et ta magnificence.
တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။
4 Et prospère en ta magnificence; sois porté sur la parole de vérité, de débonnaireté, et de justice; et ta droite t'enseignera des choses terribles.
သစ္စာ​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​စိုး​မိုး​ရေး အ​တွက် ဘုန်း​အ​သ​ရေ​တော်​နှင့်​တ​ကွ​ချီ​တက်​တိုက် ခိုက်​၍ အောင်​ပွဲ​ခံ​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​စွမ်း​ရည်​အား​ဖြင့် အောင်​ပွဲ​ကြီး​များ​ကို​ခံ​ရ​ပါ​လိမ့်​မည်။
5 Tes flèches sont aiguës, les peuples tomberont sous toi; [elles entreront] dans le cœur des ennemis du Roi.
မြား​တော်​တို့​သည်​ထက်​သည်​ဖြစ်​၍​ရန်​သူ​တို့​၏ နှ​လုံး​သား​ကို​ထိုး​ဖောက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​ခြေ​တော်​ရင်း​၌​လဲ​ကြ ပါ​၏။
6 Ton trône, ô Dieu! est à toujours et à perpétuité; le sceptre de ton règne est un sceptre d'équité.
အ​ရှင်​မင်း​ကြီး​အား​ဘု​ရား​သ​ခင် ပေး​အပ်​တော်​မူ​သော​ရာ​ဇ​ပလ္လင်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​တိုင်း​နိုင်​ငံ​ကို တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​ပါ​၏။
7 Tu aimes la justice, et tu hais la méchanceté; c'est pourquoi, ô Dieu! ton Dieu t'a oint d'une huile de joie par-dessus tes compagnons.
အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။
8 Ce n'est que myrrhe, aloès et casse de tous tes vêtements, [quand tu sors] des palais d'ivoire, dont ils t'ont réjoui.
အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။
9 Des filles de Rois sont entre tes dames d'honneur; ta femme est à ta droite, parée d'or d'Ophir.
အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။
10 Ecoute fille, et considère; rends-toi attentive, oublie ton peuple, et la maison de ton père.
၁၀အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။ သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။
11 Et le Roi mettra son affection en ta beauté; puisqu'il est ton Seigneur, prosterne-toi devant lui.
၁၁သင်​၏​လှ​ပ​သော​အ​ဆင်း​သည်​မင်း​ကြီး​အား သင့်​ကို​နှစ်​သက်​စွဲ​လန်း​စေ​လိမ့်​မည်။ မင်း​ကြီး​သည်​သင်​၏​အ​ရှင်​သ​ခင်​ဖြစ်​သ​ဖြင့် သင်​သည်​သူ​၏​စ​ကား​ကို​နား​ထောင်​ရ​မည်။
12 Et la fille de Tyr, [et] les plus riches des peuples te supplieront avec des présents.
၁၂တု​ရု​ပြည်​သား​တို့​သည်​သင့်​ထံ​မှ​မျက်​နှာ ရ​အောင် ကြိုး​စား​ကြ​လိမ့်​မည်။ ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​သင့်​ထံ​မှ မျက်​နှာ​ရ​အောင်​ကြိုး​စား​ကြ​လိမ့်​မည်။
13 La fille du Roi est intérieurement toute pleine de gloire; son vêtement est semé d'enchâssures d'or.
၁၃မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။
14 Elle sera présentée au Roi en vêtements de broderie; et les filles qui viennent après elle, et qui sont ses compagnes, seront amenées vers toi.
၁၄သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။ သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။ အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
15 Elles te seront présentées avec réjouissance et allégresse, [et] elles entreront au palais du Roi.
၁၅သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ လာ​ရောက်​ကြ​ပြီး​လျှင်​မင်း​ကြီး​၏​နန်း​တော်​သို့ ဝင်​ကြ​၏။
16 Tes enfants seront au lieu de tes pères; tu les établiras pour Princes par toute la terre.
၁၆ကျွန်​တော်​မျိုး​၏​အ​ရှင်​မင်း​မြတ်၊​ဘိုး​တော် တို့​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​အ​တွက် အ​ရှင်​မင်း​ကြီး​မှာ​သား​ရ​တ​နာ​မြောက်​မြား​စွာ ထွန်း​ကား​ပါ​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​တွင် စိုး​မိုး​အုပ်​ချုပ်​မင်း​လုပ်​စေ​တော်​မူ​လိမ့်​မည်။
17 Je rendrai ton Nom mémorable dans tous les âges, et à cause de cela les peuples te célébreront à toujours et à perpétuité.
၁၇ကျွန်​တော်​မျိုး​၏​သီ​ချင်း​သည်​အ​ရှင်​မင်း ကြီး​အား ထာ​ဝ​စဉ်​ထင်​ပေါ်​ကျော်​ကြား​စေ​ပါ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​လည်း​အ​ရှင်​မင်း​ကြီး​အား ကာ​လ​အ​စဉ်​အ​ဆက်​ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။

< Psaumes 45 >