< Matthieu 18 >

1 En cette même heure-là les Disciples vinrent à Jésus, en lui disant: qui est le plus grand au Royaume des cieux?
ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။
2 Et Jésus ayant appelé un petit enfant, le mit au milieu d'eux,
ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။-
3 Et leur dit: en vérité je vous dis, que si vous n'êtes changés, et si vous ne devenez comme de petits enfants, vous n'entrerez point dans le Royaume des cieux.
ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-
4 C'est pourquoi quiconque deviendra humble, comme est ce petit enfant, celui-là est le plus grand au Royaume des cieux.
ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။-
5 Et quiconque reçoit un tel petit enfant en mon Nom, il me reçoit.
ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။
6 Mais quiconque scandalise un de ces petits qui croient en moi, il lui vaudrait mieux qu'on lui pendît une meule d'âne au cou, et qu'on le jetât au fond de la mer.
``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။-
7 Malheur au monde à cause des scandales; car il est infaillible qu'il n'arrive des scandales; toutefois malheur à l'homme par qui le scandale arrive.
လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။
8 Que si ta main ou ton pied te fait broncher, coupe-les, et jette-les loin de toi; car il vaut mieux que tu entres boiteux ou manchot dans la vie, que d'avoir deux pieds ou deux mains, et d'être jeté au feu éternel. (aiōnios g166)
``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။- (aiōnios g166)
9 Et si ton œil te fait broncher, arrache-le, et jette-le loin de toi; car il vaut mieux que tu entres dans la vie n'ayant qu'un œil, que d'avoir deux yeux, et d'être jeté dans la géhenne du feu. (Geenna g1067)
သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။ (Geenna g1067)
10 Prenez garde de ne mépriser aucun de ces petits, car je vous dis, que dans les cieux leurs Anges regardent toujours la face de mon Père qui est aux cieux.
၁၀``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-
11 Car le Fils de l'homme est venu pour sauver ce qui était perdu.
၁၁(လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။)
12 Que vous en semble? Si un homme a cent brebis, et qu'il y en ait une qui se soit égarée, ne laisse-t-il pas les quatre-vingt-dix-neuf, pour s'en aller dans les montagnes chercher celle qui s'est égarée?
၁၂``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-
13 Et s'il arrive qu'il la trouve, en vérité je vous dis, qu'il en a plus de joie, que des quatre-vingt-dix-neuf qui ne se sont point égarées.
၁၃ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။-
14 Ainsi la volonté de votre Père qui est aux cieux n'est pas qu'un seul de ces petits périsse.
၁၄ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။
15 Que si ton frère a péché contre toi, va, et reprends-le entre toi et lui seul; s'il t'écoute, tu as gagné ton frère.
၁၅``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-
16 Mais s'il ne t'écoute point, prends encore avec toi une ou deux [personnes]; afin qu'en la bouche de deux ou de trois témoins toute parole soit ferme.
၁၆သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-
17 Que s'il ne daigne pas les écouter, dis-le à l'Eglise; et s'il ne daigne pas écouter l'Eglise, qu'il te soit comme un païen et comme un péager.
၁၇အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။
18 En vérité je vous dis, que tout ce que vous aurez lié sur la terre, sera lié dans le ciel; et tout ce que vous aurez délié sur la terre, sera délié dans le ciel.
၁၈``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ လော​က​တွင်​သင်​တို့​တား​မြစ်​သ​မျှ​ကို​ဘု​ရား သ​ခင်​သည်​ကောင်း​ကင်​ဘုံ​၌​တား​မြစ်​တော်​မူ လိမ့်​မည်။ လော​က​တွင်​သင်​တို့​ခွင့်​ပြု​သ​မျှ ကို​ကောင်း​ကင်​ဘုံ​၌​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။
19 Je vous dis aussi, que si deux d'entre vous s'accordent sur la terre, tout ce qu'ils demanderont leur sera donné par mon Père qui est aux cieux.
၁၉``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-
20 Car là où il y en a deux ou trois assemblés en mon Nom, je suis là au milieu d'eux.
၂၀အ​ဘယ်​ကြောင့်​ဆို​သော်​လူ​နှစ်​ယောက်​သုံး​ယောက် တို့​သည်​ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​စု​ဝေး​လျှင် စု ဝေး​ရာ​တွင်​သူ​တို့​နှင့်​အ​တူ​ငါ​ရှိ​မည်​ဖြစ် သော​ကြောင့်​တည်း။
21 Alors Pierre s'approchant, lui dit: Seigneur, jusques à combien de fois mon frère péchera-t-il contre moi, et je lui pardonnerai? sera-ce jusqu'à sept fois?
၂၁ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။
22 Jésus lui répondit: je ne te dis pas jusqu'à sept fois, mais jusqu'à sept fois septante fois.
၂၂သ​ခင်​ယေ​ရှု​က ``ခု​နစ်​ကြိမ်​တိုင်​အောင်​ဖြေ​လွှတ်​ရ မည်​ဟု​သင့်​အား​ငါ​မ​ဆို။ အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​တိုင်​အောင်​ဖြေ​လွှတ်​ရ​မည်​ဟု​ငါ​ဆို​၏။-
23 C'est pourquoi le Royaume des cieux est semblable à un Roi qui voulut compter avec ses serviteurs.
၂၃သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-
24 Et quand il eut commencé à compter, on lui en présenta un qui lui devait dix mille talents.
၂၄သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။-
25 Et parce qu'il n'avait pas de quoi payer, son Seigneur commanda qu'il fût vendu, lui et sa femme et ses enfants, et tout ce qu'il avait, et que la dette fût payée.
၂၅ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-
26 Mais ce serviteur se jetant à ses pieds, le suppliait, en disant: Seigneur! aie patience, et je te rendrai le tout.
၂၆သို့​ဖြစ်​၍​ထို​သူ​သည်​မင်း​ကြီး​၏​ရှေ့​တွင်​ဝပ်​တွား လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး များ​ပြေ​လည်​အောင်​ပေး​ဆပ်​ပါ​မည်' ဟု​လျှောက်​၏။-
27 Alors le Seigneur de ce serviteur, touché de compassion, le relâcha, et lui quitta la dette.
၂၇မင်း​ကြီး​သည်​သူ့​ကို​သ​နား​သ​ဖြင့်​အ​ကြွေး​များ ကို​စာ​ရင်း​မှ​ပယ်​ဖျက်​ပြီး​လျှင်​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​လိုက်​၏။''
28 Mais ce serviteur étant sorti, rencontra un de ses compagnons de service, qui lui devait cent deniers; et l'ayant pris, il l'étranglait, en lui disant: paye-moi ce que tu me dois.
၂၈``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။-
29 Mais son compagnon de service se jetant à ses pieds, le priait, en disant: aie patience, et je te rendrai le tout.
၂၉ထို​ကျွန်​သည်​ဒူး​ထောက်​လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို​ပေး​ဆပ်​ပါ​မည်' ဟု​တောင်း ပန်​၏။-
30 Mais il n'en voulut rien faire; et il s'en alla, et le mit en prison, jusqu'à ce qu'il eût payé la dette.
၃၀သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။-
31 Or ses autres compagnons de service voyant ce qui était arrivé, en furent extrêmement touchés, et ils s'en vinrent, et déclarèrent à leur Seigneur tout ce qui s'était passé.
၃၁ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။-
32 Alors son Seigneur le fit venir, et lui dit: méchant serviteur, je t'ai quitté toute cette dette, parce que tu m'en as prié;
၃၂ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။-
33 Ne te fallait-il pas aussi avoir pitié de ton compagnon de service, comme j'avais eu pitié de toi?
၃၃သင့်​ကို​ငါ​သ​နား​သ​ကဲ့​သို့​သင်​သည်​လည်း ကျွန်​ချင်း​ကို​မ​သ​နား​အပ်​သ​လော' ဟု​ဆို​၏။-
34 Et Son seigneur étant en colère le livra aux sergents, jusqu'à ce qu'il lui eût payé tout ce qui lui était dû.
၃၄မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ထို​ကျွန်​ကို​အ​ကြွေး မ​ကျေ​မ​ချင်း​အ​ကျဉ်း​ချ​ထား​လေ​၏။''
35 C'est ainsi que vous fera mon Père céleste, si vous ne pardonnez de [tout] votre cœur chacun à son frère ses fautes.
၃၅ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

< Matthieu 18 >