< Marc 2 >

1 Quelques jours après il revint à Capernaüm; et on ouït dire qu'il était dans la maison.
ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​၏။ အိမ်​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​သည့်​သ​တင်း​ကို လူ​တို့​ကြား​ကြ​ကုန်​၏။-
2 Et aussitôt il s'y assembla beaucoup de gens, tellement que l'espace même d'auprès de la porte ne les pouvait contenir, et il leur annonçait la parole.
ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။-
3 Et [quelques-uns] vinrent à lui, portant un paralytique, qui était soutenu par quatre personnes.
ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။-
4 Mais parce qu'ils ne pouvaient approcher de lui à cause de la foule, ils découvrirent le toit du lieu où il était, et l'ayant percé, ils descendirent le petit lit dans lequel le paralytique était couché.
ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။-
5 Et Jésus ayant vu leur foi, dit au paralytique: mon fils, tes péchés te sont pardonnés.
သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
6 Et quelques Scribes qui étaient là assis, raisonnaient ainsi en eux-mêmes:
သို့​သော်​လည်း​ထို​အ​ရပ်​မှာ​ထိုင်​လျက်​ရှိ​ကြ သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က၊-
7 Pourquoi celui-ci prononce-t-il ainsi des blasphèmes? qui est-ce qui peut pardonner les péchés, que Dieu seul?
``ဤ​သူ​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ဆို​ပါ​သ​နည်း။ သူ​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ ပြီ။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည် အ​ပြစ်​ကို​ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟူ​၍ တွေး​တော​နေ​ကြ​လေ​သည်။-
8 Et Jésus ayant aussitôt connu par son esprit qu'ils raisonnaient ainsi en eux mêmes, il leur dit: pourquoi faites-vous ces raisonnements dans vos cœurs?
သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-
9 Car lequel est le plus aisé, ou de dire au paralytique: tes péchés te sont pardonnés; ou de lui dire: lève-toi, et charge ton petit lit, et marche?
လေ​ဖြတ်​သူ​အား​အ​ဘယ်​သို့​ပြော​ရန်​ပို​၍​လွယ်​ကူ သ​နည်း။ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန် ပို​၍​လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ ထ​လော့၊ သင်​၏​ထမ်း​စင်​ကို​ထမ်း​၍​လှမ်း​သွား လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။-
10 Mais afin que vous sachiez que le Fils de l'homme a le pouvoir sur la terre de pardonner les péchés, il dit au paralytique:
၁၀လူ​သား​သည်​လော​က​တွင်​အ​ပြစ်​ဖြေ​လွှတ်​ပိုင် သည်​ကို သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက် လက်​ခြေ​သေ​သူ​အား၊-
11 Je te dis: lève-toi, et charge ton petit lit, et t'en va en ta maison.
၁၁``နေ​ရာ​မှ​ထ​၍​ထမ်း​စင်​ကို​ထမ်း​၍​အိမ်​သို့​ပြန် လော့'' ဟု​မိန့်​တော်​မူ​၏။
12 Et il se leva aussitôt, et ayant chargé son petit lit, il sortit en la présence de tous; de sorte qu'ils en furent tous étonnés, et ils glorifièrent Dieu, en disant: nous ne vîmes jamais une telle chose.
၁၂လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။
13 Et [Jésus] sortit encore vers la mer, et tout le peuple venait à lui, et il les enseignait.
၁၃ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
14 Et en passant il vit Lévi, [fils] d'Alphée, assis dans le lieu du péage, et il lui dit: suis-moi. Et [Lévi] s'étant levé, le suivit.
၁၄ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။
15 Or il arriva que comme [Jésus] était à table dans la maison de Lévi, plusieurs péagers et des gens de mauvaise vie se mirent aussi à table avec Jésus et ses Disciples; car il y avait [là] beaucoup de gens qui l'avaient suivi.
၁၅ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။-
16 Mais les Scribes et les Pharisiens voyant qu'il mangeait avec les péagers et les gens de mauvaise vie, disaient à ses Disciples: pourquoi est-ce qu'il mange et boit avec les péagers et les gens de mauvaise vie?
၁၆ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။
17 Et Jésus ayant entendu cela, leur dit: ceux qui sont en santé n'ont pas besoin de médecin, mais ceux qui se portent mal; je ne suis point venu appeler à la repentance les justes, mais les pécheurs.
၁၇ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
18 Or les disciples de Jean et ceux des Pharisiens jeûnaient; et ils vinrent à [Jésus], et lui dirent: pourquoi les disciples de Jean, et ceux des Pharisiens jeûnent-ils, et tes Disciples ne jeûnent point?
၁၈တစ်​နေ့​၌​ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ​တို့ သည်​အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​အ​ချို့​တို့​သည် ကိုယ်​တော့်​ထံ​လာ​၍ ``ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​အ​စာ​ရှောင်​ကြ​ပါ​သည်။ အ​ရှင် ၏​တ​ပည့်​များ​မူ​ကား​အ​ဘယ်​ကြောင့်​အ​စာ မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
19 Et Jésus leur répondit: les amis de l'Epoux peuvent-ils jeûner pendant que l'Epoux est avec eux? tandis qu'ils ont l'Epoux avec eux, ils ne peuvent point jeûner.
၁၉သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။-
20 Mais les jours viendront que l'Epoux leur sera ôté, et alors ils jeûneront en ces jours-là.
၂၀သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။
21 Aussi personne ne coud une pièce de drap neuf à un vieux vêtement; autrement la pièce du drap neuf emporte du vieux, et la déchirure en est plus grande.
၂၁``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။-
22 Et personne ne met le vin nouveau dans de vieux vaisseaux; autrement le vin nouveau rompt les vaisseaux, et le vin se répand, et les vaisseaux se perdent; mais le vin nouveau doit être mis dans des vaisseaux neufs.
၂၂ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​စ​ပျစ်​ရည်​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ရည်​နှင့် သား​ရေ​ဘူး​ပါ​ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ရည် သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​ထည့်​ရ​မည်'' ဟု​ထို သူ​တို့​အား​မိန့်​တော်​မူ​၏။
23 Et il arriva que comme il passait par des blés un [jour] de Sabbat, ses Disciples en marchant se mirent à arracher des épis.
၂၃ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ ဂျုံ​ခင်း​ကို​ဖြတ်​၍​လျှောက်​သွား​စဉ်​တ​ပည့် တော်​တို့​သည်​ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။-
24 Et les Pharisiens lui dirent: regarde, pourquoi font-ils ce qui n'est pas permis les [jours] de Sabbat?
၂၄ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​က ``ကြည့်​ပါ၊ ဥ​ပုသ်​နေ့ ၌​မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည်​အ​ဘယ် ကြောင့်​ပြု​ကြ​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။
25 Mais il leur dit: n'avez-vous jamais lu ce que fit David quand il fut dans la nécessité, et qu'il eut faim, lui et ceux qui étaient avec lui?
၂၅ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တစ်​စု တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း​ကို​သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​သ လော။-
26 Comment il entra dans la Maison de Dieu, au temps d'Abiathar, principal Sacrificateur, et mangea les pains de proposition, lesquels il n'était permis qu'aux Sacrificateurs de manger; et il en donna même à ceux qui étaient avec lui.
၂၆ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။
27 Puis il leur dit: le Sabbat est fait pour l'homme, et non pas l'homme pour le Sabbat.
၂၇ထို​နောက်​ကိုယ်​တော်​က ``လူ​၏​အ​ကျိုး​ငှာ​ဥ​ပုသ် နေ့​ကို​ပြ​ဋ္ဌာန်း​ထား​၏။ ဥ​ပုသ်​နေ့​၏​အ​ကျိုး​ငှာ လူ​ကို​ဖန်​ဆင်း​ထား​သည်​မ​ဟုတ်။-
28 De sorte que le Fils de l'homme est Seigneur même du Sabbat.
၂၈သို့​ဖြစ်​၍​လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင် ဖြစ်​တော်​မူ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။

< Marc 2 >