< Jérémie 25 >

1 La parole qui fut [adressée] à Jérémie touchant tout le peuple de Juda, la quatrième année de Jéhojakim fils de Josias Roi de Juda, qui est la première année de Nébucadnetsar Roi de Babylone.
ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌ ယေ​ရ​မိ​သည်​ယု​ဒ​ပြည်​သူ​အ ပေါင်း​တို့​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​လေ​သည်။ (ထို​နှစ်​ကား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ၏​နန်း​စံ​ပ​ထ​မ​နှစ်​ဖြစ်​လေ​သ​တည်း။)-
2 Laquelle Jérémie le Prophète prononça à tout le peuple de Juda, et à tous les habitants de Jérusalem, en disant:
ပ​ရော​ဖက်​ယေ​ရ​မိ​က​ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​အား၊-
3 Depuis la treizième année de Josias fils d'Amon Roi de Juda, jusqu’à ce jour, qui est la vingt-troisième année, la parole de l'Eternel m'a été [adressée], et je vous ai parlé, me levant dès le matin, et parlant; mais vous n'avez point écouté.
``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။-
4 Et l'Eternel vous a envoyé tous ses serviteurs Prophètes, se levant dès le matin, et les envoyant; mais vous ne les avez point écoutés, et vous n'avez point incliné vos oreilles pour écouter.
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-
5 Lorsqu'ils disaient: détournez-vous maintenant chacun de son mauvais train, et de la malice de vos actions, et vous habiterez d'un siècle à l'autre sur la terre que l'Eternel vous a donnée, à vous et à vos pères.
သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။-
6 Et n'allez point après d'autres dieux, pour les servir, et pour vous prosterner devant eux, et ne m'irritez point par les œuvres de vos mains; et je ne vous ferai aucun mal.
သူ​တို့​သည်​သင်​တို့​အား​အ​ခြား​ဘုရား​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​မှု​မ​ပြု​ကြ​ရန်​ကို​လည်း ကောင်း၊ သင်​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​မှု​မ​ပြု​ကြ​ရန် ကို​လည်း​ကောင်း​ပြော​ကြား​ခဲ့​ကြ​၏။ အ​ကယ် ၍​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​သာ နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ကိုယ်​တော်​သည် သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်။-
7 Mais vous m'avez désobéi, dit l'Eternel, pour m'irriter par les œuvres de vos mains, à votre dommage.
သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။
8 C'est pourquoi ainsi a dit l'Eternel des armées: parce que vous n'avez point écouté mes paroles,
``ထို့​ကြောင့်​သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​လို​ကြ​သ​ဖြင့် အ​နန္တ​တန်​ခိုး ရှင်​ထာဝ​ရ​ဘု​ရား​က၊-
9 Voici, j'enverrai, et j'assemblerai toutes les familles de l'Aquilon, dit l'Eternel, [j'enverrai], dis-je, vers Nébucadnetsar Roi de Babylone mon serviteur; et je les ferai venir contre ce pays et contre ses habitants, et contre toutes ces nations d'alentour; je les détruirai à la façon de l'interdit, je les mettrai en désolation, et en opprobre, et en déserts éternels.
`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
10 Et je ferai cesser parmi eux la voix de joie, et la voix d'allégresse, la voix de l'époux et la voix de l'épouse, le bruit des meules, et la lumière des lampes.
၁၀ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။-
11 Et tout ce pays sera un désert, jusqu’à s'en étonner, et ces nations seront asservies au Roi de Babylone soixante-dix ans.
၁၁ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
12 Et il arrivera que quand les soixante-dix ans seront accomplis, je punirai, dit l'Eternel, le Roi de Babylone, et cette nation-là, de leurs iniquités, et le pays des Caldéens, que je mettrai en désolations éternelles.
၁၂ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-
13 Et je ferai venir sur ce pays-là toutes mes paroles que j'ai prononcées contre lui, toutes les choses qui sont écrites dans ce livre, lesquelles Jérémie a prophétisées contre toutes ces nations.
၁၃ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။-
14 Car de grands Rois aussi et de grandes nations se serviront d'eux, et je leur rendrai selon leurs actions, et selon l'œuvre de leurs mains.
၁၄များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။
15 Car ainsi m'a dit l'Eternel, le Dieu d'Israël: prends de ma main la coupe de ce vin, [savoir] de cette fureur-ci, et en fais boire à tous les peuples auxquels je t'envoie.
၁၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ငါ​၏ အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ​သည့်​ဤ​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ငါ့​ထံ​မှ​ယူ​၍ သင့်​အား ငါ​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​တ​ကာ​တို့ ကို​တိုက်​ခိုက်​လော့။-
16 Ils [en] boiront, et ils [en] seront troublés, et ils en perdront l'esprit, à cause de l'épée que j'enverrai parmi eux.
၁၆ထို​အ​မျက်​တော်​ရည်​ကို​သောက်​ကြ​သော​အ​ခါ သူ​တို့​သည်​ငါ​စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ် ကြောင့် မူး​ယစ်​ယိမ်း​ယိုင်​ကာ​ရူး​သွပ်​၍​သွား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
17 Je pris donc la coupe de la main de l'Eternel, et j'en fis boire à toutes les nations auxquelles l'Eternel m'envoyait.
၁၇သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​မှ​ခွက်​ဖ​လား​ကို​ယူ​၍ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​အ​ပေါင်း တို့​အား​အ​မျက်​တော်​ရည်​ကို​တိုက်​၏။-
18 [Savoir] à Jérusalem, et aux villes de Juda, et à ses Rois, et à ses principaux, pour les mettre en désolation, en étonnement, en opprobre, et en malédiction, comme [il paraît] aujourd'hui.
၁၈ယု​ဒ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​မြို့​ရှိ​သ​မျှ​တို့​သည် ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​တုန်​လှုပ်​ဖွယ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လျက် ယင်း​တို့​၏​အ​မည်​နာ​မ သည်​လည်း​လူ​တို့​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု သည့်​စ​ကား​အ​သုံး​အ​နှုန်း​ဖြစ်​လာ​စေ​ရန် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ ယ​ခု​အ​ခါ​ထို​မြို့​တို့​သည်​ယင်း​အ​တိုင်း ပင်​ဖြစ်​ပျက်​လျက်​ရှိ​ပေ​သည်။
19 A Pharaon Roi d'Egypte, et à ses serviteurs, et aux principaux [de sa Cour], et à tout son peuple.
၁၉စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။
20 Et à tout le mélange [d'Arabie], et à tous les Rois du pays de Huts; et à tous les Rois du pays des Philistins, à Askélon, Gaza, et Hékron, et au reste d'Asdod.
၂၀
21 A Edom; et à Moab; et aux enfants de Hammon;
၂၁
22 A tous les Rois de Tyr; et à tous les Rois de Sidon; et aux Rois des Iles qui sont au delà de la mer;
၂၂
23 A Dédan; Téma; et Buz; et à tous ceux qui se sont coupés les cheveux;
၂၃
24 A tous les Rois d'Arabie, et à tous les Rois du mélange qui habitent au désert.
၂၄
25 Et à tous les Rois de Zimri; et à tous les Rois de Hélam; et à tous les Rois de Mède;
၂၅
26 Et à tous les Rois de l'Aquilon, tant proches qu'éloignés l'un de l'autre; et à tous les Royaumes de la terre, qui sont sur le dessus de la terre; et le Roi de Sésac [en] boira après eux.
၂၆
27 Et tu leur diras: ainsi a dit l'Eternel des armées, le Dieu d'Israël: buvez et soyez enivrés, même rendez le vin que vous avez bu et soyez renversés sans vous relever, à cause de l'épée que j'enverrai parmi vous.
၂၇ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-
28 Or il arrivera qu'ils refuseront de prendre la coupe de ta main pour [en] boire; mais tu leur diras: ainsi a dit l'Eternel des armées: vous en boirez certainement.
၂၈အ​ကယ်​၍​သူ​တို့​သည်​သင်​၏​လက်​မှ​ခွက် ဖ​လား​ကို​ယူ​၍​သောက်​ရန်​ငြင်း​ဆန်​နေ​ကြ ပါ​မူ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က သူ​တို့​အား​အ​သောက်​ခိုင်း​တော်​မူ​ကြောင်း ပြော​ကြား​လော့။-
29 Car voici, je commence d'envoyer du mal sur la ville sur laquelle mon Nom est réclamé, et vous, en seriez-vous exempts en quelque sorte? vous n'en serez point exempts; car je m'en vais appeler l'épée sur tous les habitants de la terre, dit l'Eternel des armées.
၂၉ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
30 Tu prophétiseras donc contre eux toutes ces paroles-là, et tu leur diras: l'Eternel rugira d'en haut, et fera entendre sa voix de la demeure de sa Sainteté; il rugira d'une façon épouvantable contre son agréable demeure; il redoublera vers tous les habitants de la terre un cri d'encouragement, comme quand on presse au pressoir.
၃၀``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။ အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။
31 Le son éclatant en est venu jusques au bout de la terre; car l'Eternel plaide avec les nations, et il contestera contre toute chair; on livrera les méchants à l'épée, dit l'Eternel.
၃၁ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။
32 Ainsi a dit l'Eternel des armées: voici, le mal s'en va sortir d'une nation à l'autre, et un grand tourbillon se lèvera du fond de la terre.
၃၂အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဘေး အန္တ​ရာယ်​ဆိုး​သည် တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ သို့​ကူး​စက်​၍​လာ​လိမ့်​မည်။ လေ​မုန်​တိုင်း​ကြီး သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​တိုက်​ခတ်​လာ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-
33 Et en ce jour-là ceux qui auront été mis à mort par l'Eternel seront [étendus] depuis un bout de la terre, jusques à son autre bout, ils ne seront point pleurés, et ils ne seront point recueillis, ni ensevelis; mais ils seront comme du fumier sur le dessus de la terre.
၃၃ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ကွပ်​မျက်​တော်​မူ​သော​သူ​တို့​၏​အ​လောင်း များ​သည် ကမ္ဘာ​မြေ​ပြင်​တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့ လျက်​နေ​လိမ့်​မည်။ သူ​တို့​အ​တွက်​အ​ဘယ်​သူ​မျှ ဝမ်း​နည်း​ပူ​ဆွေး​မှု​ပြု​လိမ့်​မည်​မ​ဟုတ်။ အ​လောင်း များ​ကို​လည်း​ယူ​၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ယင်း​တို့​သည်​နောက်​ချေး​ပုံ​များ​ကဲ့​သို့​မြေ ပေါ်​တွင်​ရှိ​နေ​လိမ့်​မည်။
34 [Vous] pasteurs, hurlez et criez; et vous magnifiques du troupeau, vautrez-vous [dans la poudre]; car les jours [déterminés] pour vous massacrer, et [les jours] de votre mort sont accomplis; et vous tomberez comme un vaisseau désirable.
၃၄အ​သင်​ခေါင်း​ဆောင်​တို့၊ အော်​ဟစ်​ငို​ယို​ကြ​လော့။ ငါ​၏​လူ​မျိုး​တော်​ကို​ထိန်း​သော​သိုး​ထိန်း​တို့၊ ကျယ်​စွာ​အော်​ဟစ်​ကြ​လော့။ ဝမ်း​နည်း​ပူ​ဆွေး လျက်​မြေ​မှုန့်​တွင်​လူး​လှိမ့်​ကြ​လော့။ အ​သတ် ခံ​ရ​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည်​သိုး​ထီး​များ​ကဲ့​သို့​အ​သတ်​ခံ ရ​ကြ​လိမ့်​မည်။-
35 Et les pasteurs n'auront aucun moyen de s'enfuir, ni les magnifiques du troupeau, d'échapper.
၃၅သင်​တို့​အ​ဖို့​ချမ်း​သာ​ရ​ရန်​လမ်း​ရှိ​လိမ့်​မည် မ​ဟုတ်။
36 Il y aura une voix du cri des pasteurs, et un hurlement des plus puissants du troupeau, à cause que l'Eternel s'en va ravager leurs pâturages.
၃၆သင်​တို့​သည်​ညည်း​တွား​အော်​ဟစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​၏​နိုင်​ငံ​များ​ကို အ​မျက်​တော် ဖြင့်​ဖျက်​ဆီး​ကာ​သူ​တို့​၏​ငြိမ်း​ချမ်း​သာ ယာ​သည့်​ပြည်​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​လေ​ပြီ။
37 Et les cabanes paisibles seront abattues, à cause de l'ardeur de la colère de l'Eternel.
၃၇
38 Il a abandonné son Tabernacle, comme le lionceau, car leur pays va être mis en désolation, à cause de l'ardeur de la fourrageuse, à cause, dis-je, de l'ardeur de sa colère.
၃၈ခြင်္သေ့​သည်​မိ​မိ​၏​ဂူ​ကို​စွန့်​ပစ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား စွန့်​ပစ်​တော်​မူ​လေ​ပြီ။ ကြောက်​မက်​ဖွယ်​ကောင်း သည့်​စစ်​မက်​အန္တ​ရာယ်​နှင့်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကြောင့် သူ​တို့​၏​ပြည်​သည် သဲ​က​န္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ ပြီ။

< Jérémie 25 >