< Habacuc 3 >

1 La requête d'Habacuc le Prophète pour les ignorances.
ပရောဖက် ဟဗက္ကုတ် ၏ ပဌနာ စကားတည်းဟူသောရှိဂျောနုတ် သီချင်း၊
2 Eternel, j'ai ouï ce que tu m'as fait ouïr, et j'ai été saisi de crainte, Ô Eternel! entretiens ton ouvrage en son être parmi le cours des années, fais-[le] connaître parmi le cours des années; souviens-toi, quand tu es en colère, d'avoir compassion.
အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ် တော်သံကို ကြား ၍ ကြောက်ရွံ့ ပါပြီ။ အိုထာဝရ ဘုရား ၊ ယခုနှစ် များအတွင်း တွင် အမှု တော်ကို ပြုပြင် တော်မူပါ။ ယခုနှစ် များအတွင်း တွင် ထင်ရှား စေတော်မူပါ ။ အမျက်ထွက် တော်မူသော်လည်းကရုဏာ တရားကို အောက်မေ့ တော်မူပါ။
3 Dieu vint de Téman, et le Saint [vint] du mont de Paran; (Sélah) Sa Majesté couvrait les cieux, et la terre fut remplie de sa louange.
ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။
4 Sa splendeur était comme la lumière même, et des rayons [sortaient] de sa main; c'est là où réside sa force.
အဆင်း အရောင်တော်သည် နေ ရောင်ကဲ့သို့ ဖြစ်၏။ လက် တော်မှ ရောင်ခြည် သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာ လေ၏။
5 La mortalité marchait devant lui, et le charbon vif sortait à ses pieds.
ရှေ့ တော်၌ ကာလနာ ဘေးသည် သွား ၍ ၊ ပူလောင် ခြင်းဘေးသည် ခြေ တော်ကို ခြံရံ လျက်ရှိ၏။
6 Il s'arrêta, et mesura le pays; il regarda, et fit tressaillir les nations; les montagnes qui ont été de tout temps, furent brisées, et les coteaux des siècles se baissèrent; les chemins du monde sont à lui.
ရပ် ၍ မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု ၍ လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။
7 Je vis les tentes de Cusan [accablées] sous la punition; les pavillons du pays de Madian furent ébranlés.
ကုရှန် ပြည်၌ တဲ တို့သည် ဆင်းရဲ ခံခြင်း၊ မိဒျန် ပြည် ၌ ကုလားကာ တို့သည် လှုပ်ရှား ခြင်းကို ငါမြင် ၏။
8 L'Eternel était-il courroucé contre les fleuves? ta colère [était]-elle contre les fleuves? ta fureur [était]-elle contre la mer, lorsque tu montas sur tes chevaux et [sur] tes chariots [pour] délivrer.
အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာ မြင်း ရထား တော်ကို စီး တော်မူမည်အကြောင်း ၊ မြစ် တို့ ကို အမျက်ထွက် တော်မူသလော။ မြစ် များတဘက် ၌ စိတ် ထတော်မူသလော။ ပင်လယ် ကို ရန်ငြိုး ဖွဲ့တော်မူသလော။
9 Ton arc se réveilla, et tira toutes les flèches, [selon] le serment fait aux Tribus, [savoir ta] parole; (Sélah) Tu fendis la terre, et tu en fis sortir des fleuves.
ကိုယ်တော်သည် အမျိုး အနွယ်တော်တို့၌ ထား တော်မူသောသစ္စာ ဂတိရှိသည်အတိုင်း၊ လေး လက်နက်တော်ကို ထုတ် ပြတော်မူ၏။ မြေကြီး ၌ မြစ် တို့ကို ပေါက် စေ တော်မူ၏။
10 Les montagnes te virent, et elles en furent en travail; l'impétuosité des eaux passa, l'abîme fit retentir sa voix, la profondeur leva ses mains en haut.
၁၀တောင် တို့သည် ကိုယ်တော် ကို မြင် ၍ တုန်လှုပ် ကြပါ၏။ လျှံ သော ရေ သည် လွှမ်းမိုး ပါ၏။ ပင်လယ် သည် အော်ဟစ် ၍ လက် ကို ချီ ပါ၏။
11 Le soleil et la lune s'arrêtèrent dans [leur] habitation, ils marchèrent à la lueur de tes flèches, et à la splendeur de l'éclair de ta hallebarde.
၁၁နေ နှင့်လ သည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ၏။ သူတို့ အလင်း ၌ မြှား တော်တို့သည် သွား ၍၊ သူတို့ရောင်ခြည် ၌ လှံ တော်သည်လည်း လျှပ်စစ် ပြက်ပါ၏။
12 Tu marchas sur la terre avec indignation, et foulas les nations avec colère.
၁၂အမျက် တော်ထွက်လျက် တပြည်လုံး ချီ သွား၍၊ ဒေါသ စိတ်နှင့် လူ အမျိုးမျိုးတို့ကို နင်း နယ်တော်မူ၏။
13 Tu sortis pour la délivrance de ton peuple, [tu sortis] avec ton Oint pour la délivrance; tu transperças le Chef, afin qu'il n'y en eût plus dans la maison du méchant, découvrant le fondement jusques au fond; (Sélah)
၁၃ကိုယ်တော် ၏လူ တို့ကို ကယ်တင် ခြင်း၊ ကိုယ်တော် ပေးတော်မူ၍ ဘိသိက် ခံသောသူတို့ကို ကယ်တင် ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မ လူ၏အိမ် ၌ ဦးခေါင်း ကို နှိပ်စက် ၍၊ မူလ အမြစ်ကို လည်ပင်း တိုင်အောင် ပယ်ရှင်း တော်မူ၏။
14 Tu perças avec ses bâtons le Chef de ses bourgs, quand ils venaient comme une tempête pour me dissiper; ils s'égayaient comme pour dévorer l'affligé dans sa retraite.
၁၄ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။
15 Tu marchas avec tes chevaux par la mer; les grandes eaux ayant été amoncelées.
၁၅ကိုယ်တော် သည် မြင်း တော်များကို စီး၍၊ ရေ ဟုန်းဟုန်း မြည်သော ပင်လယ် အလယ်သို့ ချီ သွားတော်မူ ၏။
16 J'ai entendu [ce que tu m'as déclaré], et mes entrailles en ont été émues; à ta voix le tremblement a saisi mes lèvres; la pourriture est entrée en mes os, et j'ai tremblé dans moi-même, car je serai en repos au jour de la détresse, [lorsque] montant vers le peuple, il le mettra en pièces.
၁၆ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။
17 Car le figuier ne poussera point, et il n'y aura point de fruit dans les vignes; ce que l'olivier produit mentira, et aucun champ ne produira rien à manger; les brebis seront retranchées du parc, et il n'[y aura] point de bœufs dans les étables.
၁၇သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
18 Mais moi, je me réjouirai en l'Eternel, et je m'égayerai au Dieu de ma délivrance.
၁၈သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။
19 L'Eternel, le Seigneur [est] ma force, et il rendra mes pieds semblables à ceux des biches, et me fera marcher sur mes lieux élevés. Au maître chantre sur Néguinoth.
၁၉အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။

< Habacuc 3 >