< Genèse 5 >

1 C'est ici le dénombrement de la postérité d'Adam, depuis le jour que Dieu créa l'homme, [lequel] il fit à sa ressemblance.
အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။
2 Il les créa mâle et femelle, et les bénit, et il leur donna le nom d'homme, le jour qu'ils furent créés.
လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။
3 Et Adam vécut cent trente ans, et engendra [un fils] à sa ressemblance, selon son image, et le nomma Seth.
အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။
4 Et les jours d'Adam, après qu'il eut engendré Seth, furent huit cents ans, et il engendra des fils et des filles.
ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။
5 Tout le temps donc qu'Adam vécut, fut neuf cent trente ans; puis il mourut.
အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။
6 Seth aussi vécut cent cinq ans, et engendra Enos.
ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော်၊ သားဧနုတ် ကို မြင် လေ၏။
7 Et Seth, après qu'il eut engendré Enos, vécut huit cent sept ans; et il engendra des fils et des filles.
ဧနုတ် ဘွားမြင် သောနောက် ၊ ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ ၏။
8 Tout le temps donc que Seth vécut, fut neuf cent douze ans; puis il mourut.
ရှေလ သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ် နှစ် နှစ် စေ့သော် သေ လေ၏။
9 Et Enos, ayant vécu quatre-vingt-dix ans, engendra Kénan.
ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော်၊ သား ကာဣနန် ကို မြင် လေ၏။
10 Et Enos, après qu'il eut engendré Kénan, vécut huit cent quinze ans, et il engendra des fils et des filles.
၁၀ကာဣနန် ဘွားမြင် သောနောက် ၊ ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
11 Tout le temps donc qu'Enos vécut, fut neuf cent cinq ans; puis il mourut.
၁၁ဧနုတ် သည် အသက် နှစ် ပေါင်းကိုး ရာ ငါး နှစ် စေ့ သော်သေ လေ၏။
12 Et Kénan ayant vécu soixante-dix ans, engendra Mahalaléel.
၁၂ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော်၊ သားမဟာလေလ ကို မြင် လေ၏။
13 Et Kénan, après qu'il eut engendré Mahalaléel, vécut huit cent quarante ans; et il engendra des fils et des filles.
၁၃မဟာလေလ ဘွား မြင်သောနောက် ၊ ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
14 Tout le temps donc que Kénan vécut, fut neuf cent dix ans; puis il mourut.
၁၄ကာဣနန် သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ့် စေ့ သော် သေ လေ၏။
15 Et Mahalaléel vécut soixante-cinq ans; et il engendra Jéred.
၁၅မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် ၊ သားယာရက် ကို မြင် လေ၏။
16 Et Mahalaléel, après qu'il eut engendré Jéred, vécut huit cent trente ans, et il engendra des fils et des filles.
၁၆ယာရက် ဘွားမြင် သောနောက် မဟာလေလ သည် အနှစ် ရှစ် ရာ သုံး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
17 Tout le temps donc que Mahalaléel vécut, fut huit cent quatre-vingt quinze ans; puis il mourut.
၁၇မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏၊
18 Et Jéred ayant vécu cent soixante-deux ans, engendra Hénoc.
၁၈ယာရက် သည် အသက် တ ရာခြောက် ဆယ်နှစ် နှစ် ရှိသော်သားဧနောက် ကိုမြင် လေ၏။
19 Et Jéred, après avoir engendré Hénoc, vécut huit cents ans, et il engendra des fils et des filles.
၁၉ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ ၊ သား သမီး များကိုမြင် လေ၏။
20 Tout le temps donc que Jéred vécut, fut neuf cent soixante-deux ans; puis il mourut.
၂၀ယာရက် သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက်ဆယ် နှစ် နှစ် စေ့ သော် သေ လေ၏။
21 Et Hénoc vécut soixante-cinq ans, et engendra Méthuséla.
၂၁ဧနောက် သည် အသက်ခြောက်ဆယ် ငါး နှစ် ရှိသော်သားမသုရှလ ကို မြင် လေ၏။
22 Et Hénoc, après qu'il eut engendré Méthuséla, marcha avec Dieu trois cents ans; et il engendra des fils et des filles.
၂၂မသုရှလ ဘွားမြင် သောနောက် ဧနောက် သည် အနှစ် သုံး ရာ ပတ်လုံးဘုရား သခင်နှင့်အတူ သွား လာ၍ သား သမီး များကို မြင် လေ၏။
23 Tout le temps donc qu'Hénoc vécut, fut trois cent soixante-cinq ans.
၂၃ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း၊
24 Hénoc marcha avec Dieu; mais il ne [parut] plus, parce que Dieu le prit.
၂၄ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။
25 Et Méthuséla ayant vécu cent quatre-vingt sept ans, engendra Lémec.
၂၅မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော်၊ သား လာမက် ကို မြင် လေ၏။
26 Et Méthuséla, après qu'il eut engendré Lémec, vécut sept cent quatre-vingt-deux ans; et il engendra des fils et des filles.
၂၆လာမက် ဘွားမြင် သောနောက် ၊ မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
27 Tout le temps donc que Méthuséla vécut, fut neuf cent soixante-neuf ans; puis il mourut.
၂၇မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။
28 Lémec aussi vécut cent quatre-vingt deux ans, et il engendra un fils.
၂၈လာမက် သည် အသက် တ ရာရှစ် ဆယ်နှစ် နှစ် ရှိသော်သား ကို မြင် ၍၊
29 Et il le nomma Noé, en disant: Celui-ci nous soulagera de notre œuvre, et du travail de nos mains, sur la terre que l'Eternel a maudite.
၂၉ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။
30 Et Lémec, après qu'il eut engendré Noé, vécut cinq cent quatre-vingt quinze ans; et il engendra des fils et des filles.
၃၀နောဧ ဘွားမြင် သောနောက် ၊ လာမက် သည် အနှစ် ငါး ရာ ကိုး ဆယ်ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
31 Tout le temps donc que Lémec vécut, fut sept cent soixante dix-sept ans; puis il mourut.
၃၁လာမက် သည် အသက် နှစ် ပေါင်း ခုနှစ် ရာ ခုနစ် ဆယ် ခုနစ် နှစ် စေ့ သော်သေ လေ၏။
32 Et Noé, âgé de cinq cents ans, engendra Sem, Cam, et Japheth.
၃၂နောဧ သည် အသက် ငါး ရာ ရှိ ၏။ နောဧ သား ကား၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။

< Genèse 5 >