< Genèse 46 >
1 Israël donc partit avec tout ce qui lui appartenait, et vint à Béer-Sébah, et il offrit des sacrifices au Dieu de son père Isaac.
၁ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
2 Et Dieu parla à Israël dans les visions de la nuit, en disant: Jacob, Jacob! Et il répondit: Me voici.
၂ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။
3 Et [Dieu lui] dit: Je suis le [Dieu] Fort, le Dieu de ton père; ne crains point de descendre en Egypte: car je t'y ferai devenir une grande nation.
၃ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။
4 Je descendrai avec toi en Egypte, et je t'en ferai aussi très-certainement remonter; et Joseph mettra sa main sur tes yeux.
၄အဲဂုတ္တု ပြည်သို့ သင် နှင့်အတူ ငါ သွား မည်။ တဖန် ငါ ဆောင် ခဲ့ဦးမည်။ ယောသပ် သည် မိမိ လက် ကို သင် ၏မျက်စိ ပေါ် မှာ တင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
5 Ainsi Jacob partit de Béer-Sébah, et les enfants d'Israël mirent Jacob leur père, et leurs petits enfants, et leurs femmes, sur les chariots que Pharaon avait envoyés pour le porter.
၅တဖန် ယာကုပ် သည် ဗေရရှေဘ အရပ်မှ ထွက် ၍ ၊ သူ စီး စရာဘို့ ဖါရော မင်းပေး လိုက်သော လှည်း တို့ဖြင့် ဣသရေလ ၏သား တို့သည် အဘ မှစ၍ မိန်းမ များနှင့် သူငယ် များတို့ကို ဆောင် လျက်၊
6 Ils emmenèrent aussi leur bétail et leur bien qu'ils avaient acquis dans le pays de Canaan; et Jacob et toute sa famille avec lui vinrent en Egypte.
၆ခါနာန် ပြည် ၌ ရ သောတိရစ္ဆာန် များနှင့် ဥစ္စာ များကို လည်း ယူ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
7 Il amena donc avec lui en Egypte ses enfants, et les enfants de ses enfants, ses filles, et les filles de ses fils, et toute sa famille.
၇ယာကုပ် သည် ကိုယ်တိုင်မှစ၍သားသမီးမြေးတည်းဟူသောအမျိုးအနွယ် အပေါင်း တို့ကို အဲဂုတ္တု ပြည် သို့ ဆောင် သွားလေ၏။
8 Or ce sont ici les noms des enfants d'Israël, qui vinrent en Egypte: Jacob et ses enfants. Le premier-né de Jacob, fut Ruben.
၈အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
9 Et les enfants de Ruben, Hénoc, Pallu, Hetsron, et Carmi.
၉ရုဗင် သား။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ။
10 Et les enfants de Siméon, Jémuel, Jamin, Ohab, Jakin, Tsohar, et Saül, fils d'une Cananéenne.
၁၀ရှိမောင် သား။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုး မိန်းမ၏သား ရှောလ။
11 Et les enfants de Lévi, Guerson, Kéhath, et Mérari.
၁၁လေဝိ သား။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ။
12 Et les enfants de Juda, Her, Onan, Séla, Pharez, et Zara; mais Her et Onan moururent au pays de Canaan. Les enfants de Pharez furent Hetsron et Hamul.
၁၂ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
13 Et les enfants d'Issacar, Tolah, Puva, Job, et Simron.
၁၃ဣသခါ သား။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန်။
14 Et les enfants de Zabulon, Séred, Elon, et Jahléel.
၁၄ဇာဗုလုန် သား။ သရက် ၊ ဧလုန် ၊ ယာလေလ။
15 Ce sont là les enfants de Léa, qu'elle enfanta à Jacob en Paddan-Aram, avec Dina sa fille; toutes les personnes de ses fils et de ses filles furent trente-trois.
၁၅ဤသူတို့ကား၊ ယာကုပ် မယားလေအာ သည် ပါဒနာရံ အရပ်၌ ဘွား သော သား တည်း။ သမီး ဒိန နှင့်တကွ ၊ သား သမီး ပေါင်း သုံးဆယ် သုံး။
16 Et les enfants de Gad, Tsiphjon, Haggi, Suni, Etsbon, Héri, Arodi, et Aréli.
၁၆ဂဒ် သား။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇဗုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ။
17 Et les enfants d'Aser, Jimna, Jisua, Jisui, Bériha, et Sérah, leur sœur. Les enfants de Bériha, Héber et Malkiel.
၁၇အာရှာ သား။ ယိမန။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ ဗေရိယ သား ၊ ဟေဗာ နှင့် မာလချေလ။
18 Ce [sont] là les enfants de Zilpa que Laban donna à Léa sa fille; et elle les enfanta à Jacob, [savoir], seize personnes.
၁၈ဤ သူတို့ကား၊ လာဗန် သည် သမီး လေအာ အား ၊ လက်ဖွဲ့ သော ယာကုပ် မယား ဇိလပ ဘွား သော သား တည်း။ ပေါင်းတဆယ် ခြောက်။
19 Les enfants de Rachel femme de Jacob, [furent] Joseph et Benjamin.
၁၉ယာကုပ် မယား ရာခေလ သား။ ယောသပ် နှင့် ဗင်္ယာမိန်။
20 Et il naquit à Joseph au pays d'Egypte, Manassé et Ephraïm, qu'Asenath fille de Potiphérah, Gouverneur d'On, lui enfanta.
၂၀အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
21 Et les enfants de Benjamin étaient Bélah, Béker, Asbel, Guéra, Nahaman, Ehi, Ros, Muppim, et Huppim, et Ard.
၂၁ဗင်္ယာမိန် သား။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ။
22 Ce sont là les enfants de Rachel, qu'elle enfanta à Jacob; en tout quatorze personnes.
၂၂ဤသူတို့ကား၊ ယာကုပ် မယား ရာခေလ ဘွား သောသား တည်း။ ပေါင်း တဆယ် လေး။
23 Et les enfants de Dan, Husim.
၂၃ဒန် သား။ ဟုရှိမ်။
24 Et les enfants de Nephthali, Jahtséel, Guni, Jetser, et Sillem.
၂၄နဿလိ သား။ ယာဇေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင်။
25 Ce sont là les enfants de Bilha, laquelle Laban donna à Rachel sa fille, et elle les enfanta à Jacob; en tout, sept personnes.
၂၅ဤသူတို့ကား၊ လာဗန် သည် သမီး ရာခေလ အား လက်ဖွဲ့ သော ယာကုပ် မယား ဗိလဟာ ဘွား သော သား တည်း။ ပေါင်း ခုနစ်
26 Toutes les personnes appartenant à Jacob qui vinrent en Egypte, et qui étaient sorties de sa hanche, sans les femmes des enfants de Jacob, furent en tout soixante-six.
၂၆ယာကုပ် ချွေးမ များကို မ ဆိုဘဲ၊ ယာကုပ် မှ ဆင်း သက်၍၊ သူနှင့်အတူအဲဂုတ္တု ပြည်သို့ သွား သော လူ ပေါင်း ကား၊ ခြောက်ဆယ် ခြောက် ယောက်တည်း။
27 Et les enfants de Joseph qui lui étaient nés en Egypte, furent deux personnes. Toutes les personnes [donc] de la maison de Jacob qui vinrent en Egypte, furent soixante-dix.
၂၇အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
28 Or [Jacob] envoya Juda devant lui vers Joseph, pour l'avertir de venir au-devant de lui en Goscen. Ils vinrent donc dans la contrée de Goscen.
၂၈ယောသပ် ထံ သို့ဂေါရှင် ပြည်ကို သွားစေခြင်းငှါ ယုဒ ကို အရင်စေလွှတ် ပြီးမှ ဂေါရှင် ပြည် သို့ ရောက် ကြ၏။
29 Et Joseph fit atteler son chariot, et monta pour aller au-devant d'Israël son père en Goscen. Il se fit voir à lui; il se jeta sur son cou, et pleura quelque temps sur son cou.
၂၉ယောသပ် သည် ရထား ကိုပြင် ၍ အဘ ဣသရေလ ကို ခရီးဦးကြိုပြု ခြင်းငှါ ဂေါရှင် ပြည်သို့ သွား ၍ အဘ ရှေ့သို့ရောက် သော် ၊ အဘ ၏လည်ပင်း ကို ဘက် လျက် ကြာကြာ ငို လေ၏။
30 Et Israël dit à Joseph: Que je meure à présent, puisque j'ai vu ton visage, et que tu vis encore.
၃၀ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
31 Puis Joseph dit à ses frères et à la famille de son père: Je remonterai, et ferai savoir à Pharaon, et je lui dirai: Mes frères et la famille de mon père, qui [étaient] au pays de Canaan, sont venus vers moi.
၃၁ယောသပ် ကလည်း၊ ဖါရော မင်းထံ သို့ကျွန်ုပ် သွား ဦးမည်။ ခါနာန် ပြည် ၌ နေသော ကျွန်တော် အစ်ကို များ၊ ကျွန်တော် အဘ ၏ အိမ်သား များတို့သည် ကျွန်တော် ထံ သို့ရောက် ကြပါပြီ။
32 Et ces hommes sont bergers, et se sont [toujours] mêlés de bétail, et ils ont amené leurs brebis et leurs bœufs, et tout ce qui était à eux.
၃၂ထိုသူ တို့သည် သိုး ထိန်း ဖြစ်ပါ၏။ သိုး နွားတို့ကို မွေး သောသူဖြစ် ပါ၏။ သူတို့သိုး နွား မှစ၍ ရှိသမျှ တို့ကို ဆောင် ခဲ့ကြပါပြီဟု လျှောက် မည်။
33 Or il arrivera que Pharaon vous fera appeler, et vous dira: Quel est votre métier?
၃၃နောက် တခါ သင် တို့ကို ဖါရော မင်းခေါ် ၍ သင် တို့သည် အဘယ်သို့ လုပ်ဆောင် တတ်သနည်းဟုမေး တော်မူလျှင်၊
34 Et vous direz: Tes serviteurs se sont [toujours] mêlés de bétail dès leur jeunesse jusqu'à maintenant, tant nous, que nos pères; afin que vous demeuriez en la contrée de Goscen; car les Egyptiens ont en abomination les bergers.
၃၄ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။