< Genèse 39 >

1 Or quand on eut amené Joseph en Egypte, Potiphar, Eunuque de Pharaon, Prévôt de l'hôtel, Egyptien, l'acheta de la main des Ismaélites, qui l'y avaient amené.
ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-
2 Et l'Eternel était avec Joseph; et il prospéra, et demeura dans la maison de son maître Egyptien.
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။-
3 Et son maître vit que l'Eternel [était] avec lui, et que l'Eternel faisait prospérer entre ses mains tout ce qu'il faisait.
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။-
4 C'est pourquoi Joseph trouva grâce devant son maître, et il le servait. Et [son maître] l'établit sur sa maison, et lui remit entre les mains tout ce qui lui appartenait.
ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-
5 Et il arriva que depuis qu'il l'eut établi sur sa maison, et sur tout ce qu'il avait, l'Eternel bénit la maison de cet Egyptien à cause de Joseph; et la bénédiction de l'Eternel fut sur toutes les choses qui étaient à lui, tant en la maison, qu'aux champs.
ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-
6 Il remit donc tout ce qui [était] à lui entre les mains de Joseph, sans entrer avec lui en connaissance d'aucune chose, sinon du pain qu'il mangeait. Or Joseph [était] de belle taille, et beau à voir.
ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။
7 Et il arriva après ces choses, que la femme de son maître jeta les yeux sur Joseph, et lui dit: Couche avec moi.
ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-
8 Mais il le refusa, et dit à la femme de son maître: Voici, mon maître n'entre en aucune connaissance avec moi des choses qui sont dans sa maison, et il m'a remis entre les mains tout ce qui lui appartient.
သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။-
9 Il n'y a personne dans cette maison qui soit plus grand que moi, et il ne m'a rien défendu que toi, parce que tu es sa femme; et comment ferais-je un si grand mal, et pécherais-je contre Dieu?
ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-
10 Et quoiqu'elle [en] parlât à Joseph chaque jour, toutefois il ne lui accorda pas de coucher auprès d'elle, ni d'être avec elle.
၁၀သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။
11 Mais il arriva, un jour qu'il était venu à la maison pour faire ce qu'il avait à faire, et qu'il n'y avait aucun des domestiques dans la maison,
၁၁တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊-
12 Qu'elle le prit par sa robe, et lui dit: Couche avec moi. Mais il lui laissa sa robe entre les mains, s'enfuit, et sortit dehors.
၁၂သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။-
13 Et lorsqu'elle eut vu qu'il lui avait laissé sa robe entre les mains, et qu'il s'en était fui,
၁၃သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊-
14 Elle appela les gens de sa maison, et leur parla, en disant: Voyez, on nous a amené un homme Hébreu pour se moquer de nous, il est venu à moi pour coucher avec moi; mais j'ai crié à haute voix.
၁၄အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။-
15 Et sitôt qu'il a ouï que j'ai élevé ma voix, et que j'ai crié, il a laissé son vêtement auprès de moi, il s'est enfui, et est sorti dehors.
၁၅သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။
16 Et elle garda le vêtement de Joseph, jusqu'à ce que son maître fût revenu à la maison.
၁၆ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊-
17 Alors elle lui parla en ces mêmes termes, et dit: Le serviteur Hébreu que tu nous as amené, est venu à moi, pour se moquer de moi.
၁၇ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။-
18 Mais comme j'ai élevé ma voix, et que j'ai crié, il a laissé son vêtement auprès de moi, et s'en est fui.
၁၈ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။
19 Et sitôt que le maître de [Joseph] eut entendu les paroles de sa femme, qui lui disait: Ton serviteur m'a fait ce que je t'ai dit, sa colère s'enflamma.
၁၉ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊-
20 Et le maître de Joseph le prit, et le mit dans une étroite prison; dans l'endroit où les prisonniers du Roi étaient renfermés, et il fut là en prison.
၂၀ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-
21 Mais l'Eternel fut avec Joseph; il étendit [sa] gratuité sur lui, et lui fit trouver grâce envers le maître de la prison.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။-
22 Et le maître de la prison mit entre les mains de Joseph tous les prisonniers qui [étaient] dans la prison, et tout ce qu'il y avait à faire, il le faisait.
၂၂ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-
23 [Et] le maître de la prison ne revoyait rien de tout ce que [Joseph] avait entre ses mains; parce que l'Eternel était avec lui, et que l'Eternel faisait prospérer tout ce qu'il faisait.
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။

< Genèse 39 >