< Ézéchiel 36 >

1 Et toi, fils d'homme, prophétise aussi touchant les montagnes d'Israël, et dis: montagnes d'Israël, écoutez la parole de l'Eternel.
တဖန် အချင်းလူသား ၊ ဣသရေလ တောင် တို့ အား ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ တောင် တို့၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့။
2 Ainsi a dit le Seigneur l'Eternel: parce que l'ennemi a dit contre vous: ha! ha! Tous les lieux haut élevés, qui même sont d'ancienneté, sont devenus notre possession.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူ က၊ အေ့ဟေ ၊ ထာဝရ တောင် တို့သည်ငါ တို့လက်သို့ ရောက် ကြပြီဟု သင် တို့တဘက် ၌ ဆို မိသောကြောင့် ၊
3 C'est pourquoi prophétise, et dis: ainsi a dit le Seigneur l'Eternel: parce, oui, parce qu'on vous a réduites en désolation, et que ceux d'alentour, vous ont englouties, afin que vous fussiez en possession au reste des nations, et qu'on vous a exposées à la langue et aux insultes des nations.
ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆို ရမည်မှာ၊ သင် တို့သည်ကျန်ကြွင်း သော တပါးအမျိုးသား တို့ သိမ်းယူ ရာဖြစ် ရသည်တိုင်အောင် ၊ သင် တို့ကိုသုတ်သင် ပယ်ရှင်း၍ ပတ်လည် ကိုက်စား သောကြောင့် ၎င်း ၊ သင်တို့သည် လူများပြောဆို ရာ၊ ကဲ့ရဲ့ ရာ ဖြစ်သောကြောင့် ၎င်း ၊
4 A cause de cela, montagnes d'Israël, écoutez la parole du Seigneur l'Eternel: ainsi a dit le Seigneur l'Eternel aux montagnes, et aux coteaux, aux courants d'eaux, et aux vallées, aux lieux détruits et désolés, et aux villes abandonnées qui ont été en pillage et en moquerie au reste des nations qui sont tout à l'entour;
အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီးရာ၊ ချိုင့် ရာ၊ သုတ်သင် သောလွင်ပြင် မှစ၍၊ ပတ်လည် ၌နေသောတပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူ ကဲ့ရဲ့ ၍၊ မြို့သားစွန့် သွားသော မြို့ တို့အား မိန့် တော်မူသည်ကား၊
5 A cause de cela, [dis-je], ainsi a dit le Seigneur l'Eternel: si je ne parle en l'ardeur de ma jalousie contre le reste des nations, et contre tous ceux d'Idumée qui se sont attribué ma terre en possession, avec une joie dont leur cœur était plein, et avec un mépris dont ils se faisaient un grand plaisir, pour la mettre au pillage.
အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။
6 C'est pourquoi prophétise touchant la terre d'Israël, et dis aux montagnes, et aux coteaux, aux courants d'eaux, et aux vallées: ainsi a dit le Seigneur l'Eternel: voici, j'ai parlé en ma jalousie, et en ma fureur, parce que vous avez porté l'ignominie des nations.
သို့ဖြစ်၍ ၊ ဣသရေလ ပြည် ကို ရည်မှတ် ၍ ပရောဖက်ပြု လျက်၊ တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီး ရာ၊ ချိုင့် ရာတို့အား အရှင် ထာဝရဘုရား ၏ အမိန့် တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသား တို့ကဲ့ရဲ့ ခြင်းကိုခံရ သောကြောင့် ၊ ငါသည် ဒေါသ အမျက် ထွက်၍ ပြော ပြီ။
7 C'est pourquoi ainsi a dit le Seigneur l'Eternel: j'ai levé ma main, si les nations qui sont tout autour de vous ne portent leur ignominie.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ်စင်စစ် သင် တို့ပတ်လည် ၌နေသောတပါးအမျိုးသား တို့သည် ကိုယ် အရှက်ကွဲ ခြင်းကိုခံရ ကြလိမ့်မည်ဟု ငါ ကျိန်ဆို ပြီ။
8 Mais vous, montagnes d'Israël, vous pousserez vos branches, et vous porterez votre fruit pour mon peuple d'Israël; car ils sont prêts à venir.
အိုဣသရေလ တောင် တို့၊ သင် တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏လူ ဣသရေလ အမျိုးသားတို့အဘို့ အသီး ကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာ ချိန်နီး ပြီ။
9 Car me voici, [je viens] à vous, et je retournerai vers vous, et vous serez labourées, et semées.
ငါ သည်သင် တို့ဘက်၌ နေ၍ သင် တို့ရှိရာသို့ ပြန်လာ သဖြင့် ၊ သင်တို့အပေါ်မှာလယ်လုပ် ၍ မျိုးစေ့ကြဲ ကြလိမ့်မည်။
10 Et je multiplierai les hommes sur vous, [savoir] la maison d'Israël tout entière, et les villes seront habitées, et les lieux déserts seront rebâtis.
၁၀သင် တို့အပေါ်မှာ လူ များတည်းဟူသောဣသရေလ အမျိုးသား အပေါင်း တို့ကို ငါပြန့်ပွါး စေသဖြင့် ၊ သူတို့သည် မြို့ များ၌နေ ၍ ပျက်စီး သော အရပ်များကို ပြုပြင် ကြလိမ့်မည်။
11 Et je multiplierai sur vous les hommes et les bêtes, qui y multiplieront, et fructifieront; je ferai que vous serez habités comme anciennement, et je vous ferai plus de bien que vous n'en avez eu au commencement; et vous saurez que je suis l'Eternel.
၁၁သင် တို့အပေါ်မှာ လူ နှင့် တိရစ္ဆာန် တို့ကို ငါ များပြား စေသဖြင့် ၊ သူတို့သည်ပွားများ ၍ သား မြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာ ချ၍ ၊ အရင် ပြုသကဲ့သို့ငါကျေးဇူး ပြုမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
12 Et je ferai marcher sur vous des hommes, [savoir] mon peuple d'Israël, qui vous posséderont, vous leur serez en héritage, et vous ne les consumerez plus.
၁၂သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။
13 Ainsi a dit le Seigneur l'Eternel: parce qu'on dit de vous: tu es un pays qui dévore les hommes, et tu as consumé tes habitants;
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချင်းပြည်၊ သင် သည် လူ တို့ကို ကိုက်စား တတ်၏။ ကိုယ် အမျိုးသား တို့ကို လုယူ ဖျက်ဆီးတတ်၏ဟု သူတပါး ဆို သောကြောင့် ၊
14 A cause de cela tu ne dévoreras plus les hommes, et ne consumeras plus tes habitants, dit le Seigneur l'Eternel.
၁၄နောက် တဖန်သင်သည် လူ တို့ကို မ ကိုက် မစားရ။ ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 Et je ferai que tu n'entendras plus l'ignominie des nations, et que tu ne porteras plus l'opprobre des peuples; et tu ne feras plus périr tes habitants, dit le Seigneur l'Eternel.
၁၅နောက် တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သော စကားကိုမ ကြား ရ။ နောက် တဖန် ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 Puis la parole de l'Eternel me fut [adressée], en disant:
၁၆တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
17 Fils d'homme, ceux de la maison d'Israël habitant en leur terre l'ont souillée par leur voie et par leurs actions; leur voie est devenue devant moi telle qu'est la souillure de la femme séparée à cause de son impureté;
၁၇အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ပြည် ၌ နေ သောအခါ ၊ အလိုအလျောက်ကျင့်ကြံ ပြုမူ သောအားဖြင့် ထိုပြည် ကို ညစ်ညူး စေကြ၏။ သူ တို့ အကျင့် ဓလေ့သည် ငါ့ ရှေ့မှာ ဥတု ရောက်သော မိန်းမ၏ အညစ်အကြေး ကဲ့သို့ ဖြစ် ၏။
18 Et j'ai répandu ma fureur sur eux à cause du sang qu'ils ont répandu sur le pays, et parce qu'ils l'ont souillé par leurs idoles.
၁၈ထိုပြည် ၌ လူအသက် ကိုသတ်သောအပြစ်၊ ရုပ်တု တို့နှင့် ညစ်ညူး စေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသ အမျက်ကို သွန်းလောင်း ပြီ။
19 Et je les ai dispersés parmi les nations, et ils ont été répandus par les pays; je les ai jugés selon leur voie, et selon leurs actions.
၁၉အတိုင်းတိုင်း အပြည်ပြည် သို့ ငါကွဲပြား ပြန့်လွင့် စေပြီ။ သူ တို့ကျင့်ကြံ ပြုမူ သည်အတိုင်း ငါစီရင် ပြီ။
20 Et étant venus parmi les nations au milieu desquelles ils sont venus, ils ont profané le Nom de ma Sainteté, en ce qu'on a dit d'eux: ceux-ci sont le peuple de l'Eternel, et cependant ils sont sortis de son pays.
၂၀သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊
21 Mais j'ai épargné le Nom de ma Sainteté, lequel la maison d'Israël avait profané parmi les nations au milieu desquelles ils étaient venus.
၂၁ဣသရေလ အမျိုးသား ရောက် ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချ သော ငါ ၏နာမ မြတ် ကို ငါနှမြော ၏။
22 C'est pourquoi dis à la maison d'Israël: ainsi a dit le Seigneur l'Eternel: je ne [le] fais point à cause de vous, ô maison d'Israël! mais à cause du Nom de ma Sainteté, que vous avez profané parmi les nations au milieu desquelles vous êtes venus.
၂၂သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။
23 Et je sanctifierai mon grand Nom, qui a été profané parmi les nations, et que vous avez profané parmi elles; et les nations sauront que je suis l'Eternel, dit le Seigneur l'Eternel, quand je serai sanctifié en vous, en leur présence.
၂၃တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
24 Je vous retirerai donc d'entre les nations, je vous rassemblerai de tous pays, et je vous ramènerai en votre terre.
၂၄အကြောင်းမူကား ၊ သင် တို့ကို အတိုင်းတိုင်း အပြည်ပြည် တို့က ငါခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သင် တို့နေရင်းပြည် သို့ ပို့ဆောင် မည်။
25 Et je répandrai sur vous des eaux nettes, et vous serez nettoyés; je vous nettoierai de toutes vos souillures, et de toutes vos idoles.
၂၅သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
26 Je vous donnerai un nouveau cœur, je mettrai au dedans de vous un Esprit nouveau; j'ôterai de votre chair le cœur de pierre, et je vous donnerai un cœur de chair.
၂၆စိတ်နှလုံး သစ် ကို ငါပေး မည်။ သဘော သစ် ကို သွင်း ထားမည်။ သင် တို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ အသား နှလုံး ကိုပေး မည်။
27 Et je mettrai mon Esprit au dedans de vous, je ferai que vous marcherez dans mes statuts, et que vous garderez mes ordonnances, et les ferez.
၂၇ငါ့ ဝိညာဉ် ကိုလည်း သင် တို့အထဲ သို့ သွင်း ပေး သဖြင့် ၊ သင်တို့သည် ငါ ၏တရား လမ်းသို့ လိုက် ၍ ၊ ငါ စီရင် တော်မူချက်တို့ကို စောင့်ရှောက် ကြလိမ့်မည်။
28 Et vous demeurerez au pays que j'ai donné à vos pères, et vous serez mon peuple, et je serai votre Dieu.
၂၈ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ သင်တို့သည် နေ ရ၍ ငါ ၏လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သင် တို့၏ဘုရားသခင် ဖြစ် မည်။
29 Je vous délivrerai de toutes vos souillures, j'appellerai le froment, je le multiplierai, et je ne vous enverrai plus la famine;
၂၉သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
30 Mais je multiplierai le fruit des arbres, et le revenu des champs, afin que vous ne portiez plus l'opprobre de la famine entre les nations.
၃၀သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသား တို့ ကဲ့ရဲ့ ခြင်းနှင့် လွတ် စေမည်အကြောင်း ၊ သစ်ပင် အသီး နှင့် မြေ အသီးအနှံ ကို ငါများပြား စေမည်။
31 Et vous vous souviendrez de votre mauvaise voie et de vos actions, qui n'étaient pas bonnes, et vous détesterez en vous-mêmes vos iniquités, et vos abominations.
၃၁ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
32 Je ne le fais point pour l'amour de vous, dit le Seigneur l'Eternel, afin que vous le sachiez. Soyez honteux et confus à cause de votre voie, ô maison d'Israël!
၃၂သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
33 Ainsi a dit le Seigneur l'Eternel: au jour que je vous aurai purifiés de toutes vos iniquités je vous ferai habiter dans des villes, et les lieux déserts seront rebâtis.
၃၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ဒုစရိုက် အပြစ်ရှိသမျှ တို့ကို ငါ ရှင်းလင်း သောအခါ ၊ မြို့ များ၌လူနေ စေ၍ ပျက်စီး သော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
34 Et la terre désolée sera labourée, au lieu qu'elle n'a été que désolation, en la présence de tous les passants.
၃၄ရှောက်သွား သော သူအပေါင်း တို့၏ မျက်မှောက် ၌ စွန့်ပစ် ဘူးသော မြေ တွင် တဖန် လယ်လုပ် ကြ လိမ့်မည်။
35 Et on dira: cette terre-ci qui était désolée, est devenue comme le jardin d'Héden; et ces villes qui avaient été désertes, désolées, et détruites, sont fortifiées et habitées.
၃၅ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ် သော ဤ မြေ သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ် လေပြီ။ သုတ်သင် ပယ်ရှင်း ပျက်စီး သော မြို့ တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြော ကြလိမ့်မည်။
36 Et les nations qui seront demeurées de reste autour de vous sauront que moi l'Eternel j'aurai rebâti les lieux détruits, et planté le pays désolé, moi l'Eternel j'ai parlé, et je le ferai.
၃၆ထိုအခါ ပျက်စီး သော အရပ်တို့ကို ငါ ထာဝရ ဘုရား ပြုပြင် ကြောင်း ကို၎င်း၊ စွန့်ပစ် သောမြေတွင် လယ် လုပ် ကြောင်းကို၎င်း၊ သင် တို့ပတ်လည် ၌နေရစ် သော တပါးအမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ ထာဝရဘုရား သည် မိန့်မြွက် သည်အတိုင်း ပြု မည်။
37 Ainsi a dit le Seigneur l'Eternel: encore serai-je recherché par la maison d'Israël, pour leur faire ceci, [savoir] que je multiplie leurs hommes comme un troupeau de brebis.
၃၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။
38 Les villes qui sont désertes seront remplies de troupes d'hommes, tels que sont les troupeaux des bêtes sanctifiées, tels que sont les troupeaux des bêtes qu'on amène à Jérusalem en ses fêtes solennelles; et ils sauront que je suis l'Eternel.
၃၈ပျက်စီး သောမြို့ တို့သည် သန့်ရှင်း သော သိုးစု တည်းဟူသော၊ ဓမ္မ ပွဲခံချိန်တွင် ယေရုရှလင် သိုးစု ကဲ့သို့ သော လူ စုတို့နှင့် ပြည့်စုံ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ézéchiel 36 >