< Ézéchiel 27 >
1 La parole de l'Eternel me fut encore [adressée], en disant:
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Toi donc, fils d'homme, prononce à haute voix une complainte sur Tyr;
၂အချင်းလူသား ၊ တုရု မြို့အတွက် မြည်တမ်း ခြင်း ကိုပြု ၍၊ တုရု မြို့အား ဆင့်ဆို ရမည်မှာ၊
3 Et dis à Tyr: Toi qui demeures aux avenues de la mer, qui fais métier de revendre aux peuples en plusieurs Iles; ainsi a dit le Seigneur l'Eternel: Tyr, tu as dit: je suis parfaite en beauté.
၃အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။
4 Tes confins [sont] au cœur de la mer, ceux qui t'ont bâtie t'ont rendue parfaite en beauté.
၄သင် ၏နံပါး တို့သည် ပင်လယ် ထဲမှာ ရှိ၏။ သင် ၏ဗိသုကာ တို့သည် သင့် ကိုစုံလင် စွာ တင့်တယ် စေခြင်းငှါပြုကြပြီ။
5 Ils t'ont bâti tous les côtés [des navires] de sapins de Senir; ils ont pris les cèdres du Liban pour te faire des mâts.
၅သင်၏ပျဉ်ပြား ရှိသမျှ တို့ကို စေနိရ ထင်းရူး သစ်သားဖြင့် လုပ် ၍၊ ရွက်တိုင် ဘို့ လေဗနုန် အာရဇ် ပင် တို့ကို ယူ ကြပြီ။
6 Ils ont fait tes rames de chênes de Basan, et la troupe des Assyriens a fait tes bancs d'ivoire, apporté des Iles de Kittim.
၆ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။
7 Le fin lin d'Egypte, travaillé en broderie, a été ce que tu étendais pour te servir de voiles; ce dont tu te couvrais était la pourpre et l'écarlate des Iles d'Elisa.
၇အဲဂုတ္တု ပြည်၌ ချယ်လှယ် သော ပိတ်ချောရွက် တို့ကို ဖြန့် ၍၊ ဧလိရှ ကျွန်း တို့မှ ယူခဲ့သော အထည် ပြာ ၊ အထည်မောင်း ဖြင့် လုပ်သောမျက်နှာကြက် နှင့် ပြည့်စုံ၏။
8 Les habitants de Sidon et d'Arvad ont été tes matelots; ô Tyr! tes sages [qui] étaient au dedans de toi ont été tes pilotes.
၈ဇိဒုန် မြို့သား ၊ အာဝဒ် မြို့သားတို့သည် သင်္ဘောသား ဖြစ် ၍၊ တုရု ပညာရှိ တို့သည်လမ်းပြ မာလိန်ဖြစ် ကြ၏။
9 Les anciens de Guébal, et ses [hommes] experts ont été parmi toi, réparant tes brèches; tous les navires de la mer, et leurs mariniers, ont été au dedans de toi, pour trafiquer avec toi de ton trafic.
၉ဂေဗလ လူကြီး ၊ ပညာရှိ တို့သည် သင့် ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူး တတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသား တို့နှင့်တကွသင် နှင့် ဖောက်ကား ရောင်းဝယ်ခြင်းငှါပါ ကြ၏။
10 Ceux de Perse, et de Lud, et de Put ont été au dedans de toi pour être tes gens de guerre; ils ont pendu chez toi le bouclier et le casque; ils t'ont rendue magnifique.
၁၀ပေရသိ လူ၊ လုဒ လူ၊ ဖုတ လူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ် ကြ၏။ ဒိုင်း ၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍၊ သင်၏ဂုဏ် အသရေကို ထင်ရှား စေကြ၏။
11 Les enfants d'Arvad avec tes troupes ont été sur tes murailles tout à l'entour, et ceux de Gammad ont été dans tes tours; ils ont pendu leurs boucliers sur tes murailles à l'entour, ils ont achevé de te rendre parfaite en beauté.
၁၁အာဝဒ် အမျိုးသား တို့သည် သင်၏တပ်သား တို့ နှင့်တကွမြို့ရိုး ပတ်လည် ၌ စီးကြ၏။ ဂမ္မဒိမ် လူတို့သည် ပြအိုး တို့ကိုစောင့်၍၊ မြို့ရိုး ပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင် ၏တင့်တယ် ခြင်းကို စုံလင် စေကြ ၏။
12 Ceux de Tarsis ont trafiqué avec toi de toutes sortes de richesses, faisant valoir tes foires en argent, en fer, en étain et en plomb.
၁၂သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။
13 Javan, Tubal, et Mésec ont été tes facteurs, faisant valoir ton commerce en hommes, et en vaisseaux d'airain.
၁၃ယာဝန် မြို့၊ တုဗလ မြို့၊ မေရှက် မြို့တို့သည် သင် နှင့်ကုန်သွယ် ၍၊ လူ ကျွန်တို့နှင့် ကြေးနီ ဖလား တို့ကို သင့် ဈေး ၌ ရောင်း ကြ၏။
14 Ceux de la maison de Thogarma ont fait valoir tes foires en chevaux, et en cavaliers, et en mulets.
၁၄တောဂါမ အမျိုးသား တို့သည်မြင်း ၊ မြင်းစီး သူ၊ လား တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
15 Les enfants de Dédan ont été tes facteurs; tu avais en ta main le commerce de plusieurs Iles; et on t'a rendu en échange des dents d'ivoire, et de l'ébène.
၁၅ဒေဒန် မြို့သား တို့သည်လည်း သင် နှင့်ကုန်သွယ် ကြ၏။ များစွာ သော တကျွန်း တနိုင်ငံအရပ်သားတို့သည် သင် လုပ် သော ဥစ္စာ ကိုဝယ်၍၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သားနက် ကို ပြန်ပေး ကြ၏။
16 La Syrie a trafiqué avec toi; en quantité d'ouvrages faits pour toi; on a fait valoir tes foires en escarboucles, en écarlate, en broderie, en fin lin, en corail, et en agate.
၁၆သင် လုပ်သော ဥစ္စာ များ သောကြောင့် ရှုရိ ပြည်သည် သင် နှင့်ကုန်သွယ် ၍၊ နပက်ကျောက် ၊ ပြာ သောအထည်၊ ချယ်လှယ် သောအဝတ်၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီ တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
17 Juda et le pays d'Israël ont été tes facteurs, faisant valoir ton commerce en blé de Minnith et de Pannag, en miel, en huile, et en baume.
၁၇ယုဒ ပြည်နှင့် ဣသရေလ ပြည် သည် သင် နှင့်ကုန်သွယ် ၍၊ ဂျုံ စပါး၊ မုရန်စေး၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည် တို့ကို သင့် ဈေး ၌ သွင်း ကြ၏။
18 Damas a trafiqué avec toi en quantité d'ouvrages faits pour toi en toute sorte de richesses, en vin de Helbon, et en laine blanche.
၁၈ဒမာသက် မြို့သည် သင် လုပ်သော ဥစ္စာ များ၊ စည်းစိမ် များပြား သောကြောင့် ၊ ဟေလဗုန် စပျစ်ရည် ၊ ဖြူ သောသိုးမွေး ကို ဖယ်လှယ် လျက် ဖေါက်ကားတတ်၏။
19 Et Dan, et Javan et Mosel, ont fait valoir tes foires en fer luisant; la casse et le roseau [aromatique] ont été dans ton commerce.
၁၉ဝေဒန် မြို့နှင့် ယာဝန် ပြည် ဥဇာလ မြို့သည် လည်း သံ ပြောင် ကို သင့် ဝိုင်း သို့ ယူ ခဲ့၍၊ သင့် ဈေး ၌ သစ်ကြံပိုး နှင့် ကြံ လည်းရှိ ၏။
20 Ceux de Dédan ont été tes facteurs en draps précieux pour les chariots.
၂၀ဒေဒန် မြို့သည် မြင်းစီး သူရဲ သုံးစရာချော သော အထည် မျိုးကို ရောင်း၍သင် နှင့်ကုန်သွယ် ၏။
21 Les Arabes, et tous les principaux de Kédar, ont été des marchands [que tu avais] en ta main, trafiquant avec toi en agneaux, en moutons, et en boucs.
၂၁အာရပ် ပြည်နှင့် ကေဒါ မင်း အပေါင်း တို့သည် သင် လုပ်သော ဥစ္စာကိုရခြင်းငှါသိုးသငယ် ၊ သိုးထီး ၊ ဆိတ် များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ၏။
22 Les marchands de Séba et de Rahma ont été tes facteurs, faisant valoir tes foires en toutes sortes de drogues les plus exquises, et en toute sorte de pierres précieuses, et en or.
၂၂ရှေဘ ကုန်သည် ၊ ရာဂမ ကုန်သည်တို့သည် သင် နှင့် ကုန်သွယ် ၍ အမြတ်ဆုံး သော နံ့သာမျိုး ၊ အဘိုးကြီး သော ကျောက် မျိုး၊ ရွှေ မျိုးကိုသင့် ဝိုင်း ၌ သွင်း ကြ၏။
23 Haran, et Canne, et Héden, ont fait trafic de ce qui venait de Séba; et l'Assyrie a appris ton trafic.
၂၃ခါရန် မြို့သား၊ ကန္နေ မြို့သား၊ ဧဒင် မြို့သား၊ ရှေဘ ကုန်သည် ၊ အာရှုရိ ကုန်သည်၊ ခိလမဒ် ကုန်သည်တို့ လည်း၊ သင် နှင့်ကုန်သွယ် ၍၊
24 Ceux-ci ont été tes facteurs en toutes sortes de choses, en draps de pourpre et de broderie, et en des caisses pour des vêtements précieux, en cordons entortillés; même les coffres de cèdre ont été dans ton trafic.
၂၄ထူးဆန်း သော ဥစ္စာ၊ ပြာ သောအထည် ၊ ချယ်လှယ် သောအထည်၊ အဘိုးထိုက် သော အဝတ် တန်ဆာပါ၍၊ ကြိုး နှင့်ပတ်ရစ် သော အာရဇ် သေတ္တာတို့ကို သင် ၏ ကုန် ထဲသို့ သွင်းကြ၏။
25 Les navires de Tarsis t'ont célébrée dans leurs chansons à cause de ton commerce, et tu as été remplie et rendue fort glorieuse, [bâtie] au cœur de la mer.
၂၅တာရှု သင်္ဘော တို့သည် သင် ၏ကုန် ကို ဆောင် လျက်သွား လာသဖြင့် ၊ သင်သည် ပင်လယ် အလယ် ၌ ကြွယ်ဝ ၍ အလွန် ဘုန်းကြီး လေ၏။
26 Tes matelots t'ont amenée en de grosses eaux, le vent d'Orient t'a brisée au cœur de la mer.
၂၆ယခုမူကား၊ သင် ၏တက်ခတ်သား တို့သည် သင့် ကိုကြီးစွာ သော ရေ ထဲသို့ ဆောင်သွား ၍၊ အရှေ့ လေ သည်လည်း ပင်လယ် အလယ် ၌ ချိုး လေပြီ ။
27 Tes richesses, et tes foires, ton commerce, tes mariniers, et tes pilotes, ceux qui réparaient tes brèches, et ceux qui avaient le soin de ton commerce, tous tes gens de guerre qui étaient au dedans de toi, et toute ta multitude qui est au milieu de toi, tomberont dans le cœur de la mer au jour de ta ruine.
၂၇သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။
28 Les faubourgs trembleront au bruit du cri de tes pilotes.
၂၈သင် ၏လမ်းပြ မာလိန်တို့ အော်ဟစ် သံ ကြောင့် ၊ ပတ်ဝန်းကျင် အရပ်တို့သည် လှုပ်ရှား ကြလိမ့်မည်။
29 Et tous ceux qui manient la rame descendront de leurs navires, les mariniers, [et] tous les pilotes de la mer; ils se tiendront sur la terre;
၂၉တက်ခတ် သော သူအပေါင်း တို့သည် သင်္ဘော မှ ဆင်း ၍၊ သင်္ဘောသား များနှင့် ပင်လယ် လမ်းပြ မာလိန် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် လျက်၊
30 Et feront ouïr sur toi leur voix, et crieront amèrement; ils jetteront de la poudre sur leurs têtes, [et] se vautreront dans la cendre;
၃၀သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။
31 Ils arracheront leurs cheveux, et rendront leur tête chauve à cause de toi, ils se ceindront de sacs, et te pleureront avec amertume d'esprit, en menant deuil amèrement.
၃၁ဆံပင် ကိုလည်း ဖြတ်၍လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ ညှိုးငယ် သောစိတ် နှင့် သင့် အဘို့ ပြင်းစွာ ငိုကြွေး မြည်တမ်း ရသည်ကား၊
32 Et ils prononceront à haute voix sur toi une complainte dans leur lamentation, et feront leur complainte sur toi, [en disant]: qui [fut jamais] telle que Tyr, telle que celle qui a été détruite au cœur de la mer?
၃၂ပင်လယ် အလယ် ၌ ဆုံး သောမြို့တည်းဟူသောတုရု မြို့နှင့် အဘယ် မြို့တူ သနည်း။
33 Tu as rassasié plusieurs peuples par la traite des marchandises qu'on apportait de tes foires au delà des mers; et tu as enrichi les Rois de la terre par la grandeur de tes richesses et de ton commerce.
၃၃သင် ၏ဥစ္စာ တို့သည် ပင်လယ် လမ်းဖြင့် ထွက်သွား သောအခါ ၊ လူမျိုး များ တို့ကို ရောင့်ရဲ စေ၍၊ များပြား သောဥစ္စာ ၊ ကုန်စလယ် တို့ဖြင့် လောကီ ရှင်ဘုရင် တို့ကို ကြွယ်ဝ စေတတ်၏။
34 [Mais] quand tu as été brisée par la mer au fond des eaux, ton commerce et toute ta multitude sont tombés avec toi.
၃၄ယခု မူကား၊ သင်သည် ပင်လယ် ၌၎င်း ၊ သင့် ကုန်သွယ် ရန် ဥစ္စာတို့သည် လှိုင်းတံပိုး အလယ် ၌ ၎င်း ကျိုးပဲ့ ၍ ၊ သင် နှင့်ပါ သောသူအပေါင်း တို့သည် ဆုံးရှုံး ကြပြီ။
35 Tous les habitants des Iles ont été désolés à cause de toi; et leurs Rois ont été horriblement épouvantés, et leur visage en a pâli.
၃၅ကျွန်းသူ ကျွန်းသားအပေါင်း တို့သည် သင့် အမှုကြောင့် မိန်းမော တွေဝေ၍၊ ရှင်ဘုရင် တို့သည် မျက်နှာ ပျက် လျက် ကြက်သီး မွေးညှင်းထကြ၏။
36 Les marchands d'entre les peuples t'ont insulté, tu es cause qu'on est tout étonné de ce que tu ne seras plus à jamais.
၃၆အမျိုးမျိုးသောကုန်သည် တို့သည် သင့် အား ကဲ့ရဲ့ သံကို ပြုကြ၏။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လေပြီတကား။ နောက် တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေး မြည်တမ်း ကြလိမ့်မည်ဟု မိန့်တော်မူ၏။