< Actes 22 >
1 Hommes frères et pères, écoutez maintenant mon apologie.
၁ညီအစ်ကို ၊ အဘ တို့၊ အကျွန်ုပ် သည် ကိုယ်အပြစ် ဖြေရာစကားကို သင် တို့ရှေ့ မှာ ယခု ပြောစဉ်တွင် နားထောင် ကြပါဟု ဆို လေသော်၊
2 Et quand ils ouïrent qu'il leur parlait en Langue Hébraïque, ils firent encore plus de silence; et il dit:
၂ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။
3 Certes je suis Juif, né à Tarse de Cilicie, mais nourri en cette ville aux pieds de Gamaliel, ayant été exactement instruit dans la Loi de nos pères, et étant zélé [pour la Loi] de Dieu, comme vous l'êtes tous aujourd'hui;
၃ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
4 [Et] j'ai persécuté cette doctrine jusques à la mort, liant et mettant dans les prisons, hommes et femmes;
၄ယောက်ျား မိန်းမ တို့ကို ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထားလျက် အသေ သတ်ခြင်းသို့ တိုင်အောင်၊ ထို ဘာသာ ကိုညှဉ်းဆဲ ပါပြီ။
5 Comme le souverain Sacrificateur lui-même, et toute l'assemblée des Anciens m'en sont témoins; desquels aussi ayant reçu des Lettres [adressantes] aux frères, j'allais à Damas, afin d'amener aussi liés à Jérusalem ceux qui étaient là, pour les faire punir.
၅ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
6 Or il arriva comme je marchais, et que j'approchais de Damas, environ sur le midi, que tout d'un coup une grande lumière venant du ciel, resplendit comme un éclair autour de moi.
၆လမ်း ၌သွား၍ ဒမာသက် မြို့အနီး သို့ ရောက်သောအခါ၊ မွန်းတည့် အချိန်တွင် ကောင်းကင် ထဲက ကြီး သောအလင်း သည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက် ပါ၏။
7 Et je tombai sur la place; et j'entendis une voix qui me dit: Saul, Saul, pourquoi me persécutes-tu?
၇အကျွန်ုပ်သည် မြေ ပေါ်မှာ လဲ၍ နေ စဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်းဟု အကျွန်ုပ် အား ပြော သောစကား သံကိုကြား လျှင်၊
8 Et je répondis: qui es-tu, Seigneur? et il me dit: je suis Jésus le Nazarien, que tu persécutes.
၈သခင် ၊ ကိုယ်တော်သည်အဘယ်သူ နည်းဟု အကျွန်ုပ် ပြန်၍ မေးလျှောက် သော်၊ ငါ ကား၊ သင် ညှင်းဆဲ သော နာဇရက် မြို့သားယေရှု ဖြစ် သတည်းဟု မိန့် တော်မူ၏။
9 Or ceux qui étaient avec moi virent bien la lumière, et ils en furent tout effrayés, mais ils n'entendirent point la voix de celui qui me parlait.
၉အကျွန်ုပ် နှင့် ပါ သောသူတို့သည် ထိုအလင်း ကို မြင် ၍ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြော သောသူ၏ စကား သံကို မ ကြား မသိရကြ။
10 Et je dis: Seigneur, que ferai-je? et le Seigneur me dit: lève-toi, et t'en va à Damas, et là on te dira tout ce que tu dois faire.
၁၀ထိုအခါအကျွန်ုပ် ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြု ရပါမည်နည်းဟု လျှောက် လျှင် ၊ သခင် ဘုရားက၊ ထ လော့။ ဒမာသက် မြို့ သို့ သွား လော့။ သင် ဆောင်ရွက် စရာတို့ ခွဲခန့် စီမံသမျှ တို့ကို ထိုမြို့ ၌ ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
11 Or parce que je ne voyais rien, à cause de la splendeur de cette lumière, ceux qui étaient avec moi me menèrent par la main, et je vins à Damas.
၁၁ထို အလင်း ၏ရောင်ခြည် အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိ ကန်းသောကြောင့် ၊ အကျွန်ုပ် နှင့် ပါ သော သူ တို့၏ လက် ဆွဲခြင်းခံရ၍ ဒမာသက် မြို့သို့ ရောက် ပါ၏။
12 Et un homme [nommé] Ananias, qui craignait Dieu selon la Loi, et qui avait un bon témoignage de tous les Juifs qui demeuraient là, vint me trouver.
၁၂ထိုအခါ ပညတ် တရားနှင့်အညီ ဘုရား ဝတ်၌မွေ့လျော်သောသူ ဖြစ်၍၊ ထိုမြို့မှ နေ သောယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသောသူ အာနနိ သည်၊
13 Et étant près de moi, il me dit: Saul [mon] frère, recouvre la vue: et sur l'heure même je tournai les yeux vers lui, [et je le vis].
၁၃အကျွန်ုပ် ဆီသို့ လာ ၍ အနား ၌ရပ် လျက်၊ ညီ ရှောလု ၊ တဖန်မျက်စိမြင် ခြင်းသို့ ရောက်လော့ဟုဆို ၏။ ထို ခဏ ၌ အကျွန်ုပ် သည် သူ့ ကိုကြည့်ရှု၍မြင် ရ၏။
14 Et il me dit: le Dieu de nos pères t'a préordonné pour connaître sa volonté, et pour voir le Juste, et pour ouïr la voix de sa bouche.
၁၄သူကလည်း၊ သင်သည်မြင် လေသမျှ ၊ ကြား လေသမျှ တို့ကို လူအပေါင်း တို့ အား ပြော၍ သခင် ဘုရား၏ သက်သေခံ ဖြစ် ရမည် အကြောင်း ၊
15 Car tu lui seras témoin envers tous les hommes des choses que tu as vues et ouïes.
၁၅သင်သည်ဘုရားသခင် ၏ အလို တော်ကို သိ စေခြင်းငှာ၎င်း ၊ ဖြောင့်မတ် တော်မူသောသူ ကိုမြင် ၍ နှုတ် တော်ထွက် ကို ကြား စေခြင်းငှာ၎င်း၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် သင့် ကို ခန့်ထား တော်မူ၏။
16 Et maintenant que tardes-tu? lève-toi, et sois baptisé et purifié de tes péchés, en invoquant le Nom du Seigneur.
၁၆ယခု လည်း သင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း။ ထ လော့။ သခင် ဘုရားကို ပဌနာ ပြုလျက် ဗတ္တိဇံ ကိုခံ၍ ၊ သင် ၏အပြစ် များကို ဆေးကြော လော့ဟု ဆို ပါ၏။
17 Or il arriva qu'après que je fus retourné à Jérusalem, comme je priais dans le Temple, je fus ravi en extase;
၁၇ထိုနောက်မှအကျွန်ုပ် သည် ယေရုရှလင် မြို့သို့ ပြန် ၍၊ ဗိမာန် တော်၌ ဆုတောင်း စဉ်ဘဝင်ကျ ၍၊
18 Et je vis le [Seigneur] qui me dit: hâte-toi, et pars en diligence de Jérusalem: car ils ne recevront point le témoignage que tu leur rendras de moi.
၁၈သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။
19 Et je dis: Seigneur! eux-mêmes savent que je mettais en prison, et que je fouettais dans les Synagogues ceux qui croyaient en toi.
၁၉အကျွန်ုပ် ကလည်း၊ သခင် ၊ ကိုယ်တော် ကို ယုံကြည် သော သူ တို့ကို အကျွန်ုပ် ထောင် ထဲ၌လှောင် ထား၍၊ တရားစရပ် များ၌ ရိုက် သည်အကြောင်း ကို သူ တို့သိ ကြပါ၏။
20 Et lorsque le sang d'Etienne ton martyr fut répandu, j'y étais aussi présent, je consentais à sa mort, et je gardais les vêtements de ceux qui le faisaient mourir.
၂၀ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊
21 Mais il me dit: va, car je t'enverrai loin vers les Gentils.
၂၁လျှောက်ဆို လျှင်၊ သခင်ဘုရားက၊ သွား လော့။ ငါ သည်တစ်ပါး အမျိုးသားတို့ရှိရာသို့ သင့် ကိုဝေး လှစွာ လွှတ် မည်ဟုအကျွန်ုပ် အား မိန့် တော်မူသည်ဟု ပေါလု မြွက်ဆို ၏။
22 Et ils l'écoutèrent jusqu'à ce mot; mais alors ils élevèrent leur voix, en disant: ôte de la terre un tel homme, car il n'est point convenable qu'il vive.
၂၂ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။
23 Et comme ils criaient à haute voix, et secouaient leurs vêtements, et jetaient de la poussière en l'air,
၂၃ထိုသို့အော်ဟစ် ခြင်း၊ ကိုယ်အဝတ် ကိုချွတ် ခြင်း၊ မြေမှုန့် ကို မိုဃ်း ကောင်းကင်သို့ ပစ် လိုက်ခြင်းကို ပြုကြ စဉ်တွင်၊
24 le Tribun commanda qu'on le menât dans la forteresse, et il ordonna qu'il fût examiné par le fouet, afin de savoir pour quel sujet ils criaient ainsi contre lui.
၂၄ပေါလု ကိုအဘယ်ကြောင့်ထိုသို့ အော်ဟစ် ကြ သည်ကိုစစ်သူကြီး သည် သိ လို၍ ၊ ပေါလု ကို ရဲတိုက် ထဲသို့ သွင်း စေ။ ရိုက် ၍ စစ်ကြော စေဟုစီရင် လေ၏။
25 Et quand ils l'eurent garrotté de courroies, Paul dit au centenier qui était près de lui: vous est-il permis de fouetter un homme Romain, et qui n'est pas même condamné?
၂၅သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။
26 Ce que le centenier ayant entendu, il s'en alla au Tribun pour l'avertir, disant: regarde ce que tu as à faire: car cet homme est Romain.
၂၆တပ်မှူး သည်ကြား လျှင် စစ်သူကြီး ထံသို့သွား ၍၊ အဘယ်သို့ ပြု မည်ကို သတိ ထားပါလော့။ ဤ သူ သည် ရောမ လူဖြစ် ပါသည်ဟု ကြားလျှောက် ၏။
27 Et le Tribun vint à Paul, et lui dit: dis-moi, es-tu Romain? Et il répondit: oui certainement.
၂၇စစ်သူကြီး သည်လည်း ၊ ပေါလု ထံသို့လာ ၍၊ သင် သည်ရောမ လူမှန် သလော၊ ငါ့ အား ပြော လော့ဟုဆို လျှင် မှန် ပါသည်ဟု ပေါလုဆို ၏။
28 Et le Tribun lui dit: J'ai acquis cette bourgeoisie à grand prix d'argent; et Paul dit: mais moi, je l'ai par ma naissance.
၂၈စစ်သူကြီး ကလည်း၊ အကျွန်ုပ် သည်ငွေ အများ ကို ပေး၍ ရောမလူ၏ အရိပ် အရာကိုရ သည်ဟုဆို လျှင်၊ ပေါလု က၊ အကျွန်ုပ် သည် ဇာတိ အားဖြင့် ရပါသည်ဟု ဆို ၏။
29 C'est pourquoi ceux qui le devaient examiner se retirèrent aussitôt d'auprès de lui; et quand le Tribun eut connu qu'il était bourgeois de Rome, il craignit, à cause qu'il l'avait fait lier.
၂၉ထိုအခါ စစ်ကြော မည်ပြုသောသူတို့သည် ပေါလု ထံမှ ချက်ခြင်း သွား ၍၊ သူသည်ရောမ လူ ဖြစ် သည်ကို၎င်း ၊ ရောမလူကိုချည်နှောင် မိသည်ကို၎င်း၊ စစ်သူကြီး သိ လျှင် ကြောက် ခြင်းသို့ရောက်လေ၏။
30 Et le lendemain voulant savoir au vrai pour quel sujet il était accusé des Juifs, il le fit délier, et ayant commandé que les principaux Sacrificateurs et tout le conseil s'assemblassent, il fit amener Paul, et il le présenta devant eux.
၃၀နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။