< 2 Samuel 11 >
1 Or il arriva un an après, lorsque les Rois sortent [à la guerre], que David envoya Joab, et avec lui ses serviteurs, et tout Israël, et ils détruisirent les enfants de Hammon, et assiégèrent Rabba; mais David demeura à Jérusalem.
၁အခါလည်၍ ရှင် ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ် သည် ယွာဘ နှင့် ကျွန် များ၊ ဣသရေလ အမျိုးသားများအပေါင်း တို့ကို စေလွှတ် သဖြင့် ၊ သူတို့သည် အမ္မုန် အမျိုးသား တို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ကြ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့၌ နေ လေ၏။
2 Et sur le soir il arriva que David se leva de dessus son lit, et comme il se promenait sur la plateforme de l'hôtel Royal, il vit de dessus cette plateforme une femme qui se lavait, et cette femme-là était fort belle à voir.
၂နောက်တနေ့ညဦးယံ ၌ ဒါဝိဒ် သည် လျောင်းစက် ရာမှ ထ ၍ နန်း တော်မိုး ပေါ် မှာ စင်္ကြံ သွားစဉ်တွင်၊ အလွန် အဆင်း လှ သောမိန်းမ တယောက်ရေချိုး သည်ကို မြင် တော်မူ၏။
3 Et David envoya s'informer de cette femme-là, et on lui dit: N'est-ce pas là Bath-sebah fille d'Eliham, femme d'Urie le Héthien?
၃ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။
4 Et David envoya des messagers, et l'enleva; et étant venue vers lui, il coucha avec elle; car elle était nettoyée de sa souillure; puis elle s'en retourna en sa maison.
၄တဖန် လူ ကိုစေလွှတ် သဖြင့် ၊ ထိုမိန်းမကို အထံ တော်သို့ ခေါ် ခဲ့၍ ရှက်တင် လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေး နှင့် စင်ကြယ် အောင်ပြု၍ မိမိ အိမ် သို့ ပြန် ပြီးမှ၊
5 Et cette femme conçut; et elle envoya le faire savoir à David, en disant: Je suis enceinte.
၅ပဋိသန္ဓေ ရှိသဖြင့် ဒါဝိဒ် ထံသို့ လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေ ရှိပါ၏ဟု လျှောက် စေသော်၊
6 Alors David envoya dire à Joab: Envoie-moi Urie le Héthien; et Joab envoya Urie à David.
၆ဒါဝိဒ် သည် ယွာဘ ဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိ လူ ဥရိယ ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘ သည်စေလွှတ် ၍၊
7 Et Urie vint à lui; et David lui demanda comment se portait Joab, et le peuple, et comment il en allait de la guerre.
၇ဥရိယ ရောက် လာသောအခါ ဒါဝိဒ် က၊ ယွာဘ ကျန်းမာ ၏လော။ လူ များကျန်းမာ ၏လော။ စစ်တိုက် ၍ အောင်မြင် သလောဟုမေးမြန်း ပြီးမှ၊
8 Puis David dit à Urie: Descends en ta maison, et lave tes pieds. Et Urie sortit de la maison du Roi, et on porta après lui un présent Royal.
၈သင့် အိမ် သို့ သွား ၍ ခြေ ဆေး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည် နန်း တော်မှ ထွက် ၍ သူ နောက်မှ ခဲဘွယ် စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
9 Mais Urie dormit à la porte de la maison du Roi, avec tous les serviteurs de son Seigneur, et ne descendit point en sa maison.
၉သို့ရာတွင် ဥရိယ သည်မိမိ အိမ် သို့ မ သွား ဘဲ၊ မိမိ အရှင် ၏ကျွန် အပေါင်း တို့နှင့်အတူ နန်း တော်တံခါးဝ ၌ အိပ် လေ၏။
10 Et on le rapporta à David, et on lui dit: Urie n'est point descendu en sa maison. Et David dit à Urie: Ne viens-tu pas de voyage? Pourquoi n'es-tu pas descendu en ta maison?
၁၀ဥရိယ သည် မိမိ အိမ် သို့ မ သွား ကြောင်းကို နားတော်လျှောက် လျှင် ဒါဝိဒ် က၊ သင်သည်ခရီး သွားရာမှ ရောက် လာသည်မ ဟုတ်လော။ သင့် အိမ် သို့ အဘယ်ကြောင့် မ သွား ဘဲနေသနည်းဟု ဥရိယ ကို မေး သော်၊
11 Et Urie répondit à David: L'Arche, et Israël, et Juda logent sous des tentes; Monseigneur Joab aussi, et les serviteurs de mon Seigneur campent aux champs; et moi entrerais-je dans ma maison pour manger et boire, et pour coucher avec ma femme? Tu es vivant, et ton âme vit, si je fais une telle chose.
၁၁ဥရိယ က၊ သေတ္တာ တော်နှင့် ဣသရေလ အမျိုး၊ ယုဒ အမျိုးသားတို့သည် တဲ ၌ နေ ကြပါ၏။ သခင် ယွာဘ နှင့် သခင် ၏ကျွန် များတို့သည် လွင်ပြင် ၌ တည်း ရကြပါ၏။ ကျွန်တော် သည် ကိုယ် အိမ် သို့ သွား ၍ စား သောက် လျက် မယား နှင့် ပျော်မွေ့ လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ ကျွန်တော်မ ပြု ပါဟု ဒါဝိဒ် အား လျှောက် လေ၏။
12 Et David dit à Urie: Demeure ici encore aujourd'hui, et demain je te renverrai. Urie donc demeura [encore] ce jour-là et le lendemain à Jérusalem.
၁၂ဒါဝိဒ် ကလည်း ၊ ဤ မြို့၌ ယနေ့ နေ ဦးလော့။ နက်ဖြန် နေ့ ငါလွှတ်လိုက် မည်ဟုမိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည်ထို နေ့၊ နက်ဖြန် နေ့၊ ယေရုရှလင် မြို့၌ နေ ၏။
13 Puis David l'appela, et il mangea et but devant lui, et David l'enivra; et néanmoins il sortit au soir pour dormir dans son lit avec tous les serviteurs de son Seigneur, et ne descendit point en sa maison.
၁၃ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။
14 Et le lendemain au matin David écrivit des lettres à Joab, et les envoya par les mains d'Urie.
၁၄နံနက် မှာ ဒါဝိဒ် သည် မှာစာ ကိုရေး ၍ ဥရိယ လက် တွင် ယွာဘ သို့ ပေးလိုက် ၏။
15 Et il écrivit ces lettres en ces termes: Mettez Urie à l'endroit où sera le plus fort de la bataille, et retirez-vous d'auprès de lui, afin qu'il soit frappé, et qu'il meure.
၁၅မှာစာချက် ဟူမူကား ၊ ကျပ်တည်း စွာစစ်တိုက် ရာ တပ်ဦး ၌ ဥရိယ ကို ခန့်ထား ပြီးမှ ၊ သူသည် ရန်သူလက် သို့ ရောက်၍ သေ စေခြင်းငှါ တပ်များကို ရုပ်သိမ်း လော့ဟု ပါသတည်း။
16 Après donc que Joab eut considéré la ville, il mit Urie à l'endroit où il savait que seraient les plus vaillants hommes.
၁၆အမိန့်တော်အတိုင်း ယွာဘ သည်မြို့ ကို ကြည့်ရှု ပြီးမှ ၊ ခွန်အား ကြီးသော သူရဲ ရှိရာ အရပ် ၌ ဥရိယ ကို ခန့်ထား လေ၏။
17 Et ceux de la ville sortirent et combattirent contre Joab, et quelques-uns du peuple [qui étaient] des serviteurs de David moururent; Urie le Héthien mourut aussi.
၁၇မြို့သား တို့သည် ထွက် ၍ ယွာဘ နှင့် စစ် ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ကျွန် အချို့တို့သည် သေ ကြ၏။ ဟိတ္တိ လူဥရိယ သည်လည်း သေ ၏။
18 Alors Joab envoya à David pour lui faire savoir tout ce qui était arrivé dans ce combat.
၁၈ထိုနောက် ယွာဘ သည် စစ် သိတင်း အလုံးစုံ ကို ဒါဝိဒ် အား ကြား လျှောက်စေခြင်းငှါလူကိုခေါ်၍၊
19 Et il commanda au messager, disant: Quand tu auras achevé de parler au Roi de tout ce qui est arrivé au combat,
၁၉သင် သည်ရှင်ဘုရင် ထံ တော်၌ စစ် သိတင်း ကို အကုန်အစင် ကြား လျှောက် ပြီးလျှင်၊
20 S'il arrive que le Roi se mette en colère et qu'il te dise: Pourquoi vous êtes-vous approchés de la ville pour combattre, ne savez-vous pas bien qu'on jette toujours quelque chose de dessus la muraille?
၂၀ရှင် ဘုရင်သည် အမျက် တော်ထွက် ၍ ၊ သင်တို့သည် စစ် ပြိုင်သောအခါ၊ မြို့ အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်း။ မြို့ရိုး ပေါ် က ပစ် မည်ကို မ သိ လော။
21 Qu'est-ce qui tua Abimélec fils de Jérubbeseth? ne fut-ce pas une pièce de meule qu'une femme jeta sur lui de dessus la muraille, dont il mourut à Tébets? Pourquoi vous êtes-vous approchés de la muraille? Tu lui diras: Ton serviteur Urie le Héthien y est mort aussi.
၂၁ယေရုဗ္ဗေရှက် သား အဘိမလက် ကို အဘယ်သူ လုပ်ကြံ သနည်း။ သေဗက် မြို့မှာ မိန်းမ တယောက်သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို မြို့ရိုး ပေါ် က ပစ်ချ ၍ အဘိမလက်သေ သည်မ ဟုတ်လော။ မြို့ရိုး အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်းဟု မိန့် တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန် ဟိတ္တိ လူ၊ ဥရိယ သေ ကြောင်းကို လျှောက် ရမည် ဟု မှာထား ၍ စေလွှတ်လေ၏။
22 Ainsi le messager partit, et étant arrivé il fit savoir à David tout ce pourquoi Joab l'avait envoyé.
၂၂ယွာဘ မှာထားသည်အတိုင်း ထိုတမန် သည် သွား ၍ ဒါဝိဒ် အား ကြားလျှောက် သည်ကား၊
23 Et le messager dit à David: Ils ont été plus forts que nous, et sont sortis contre nous aux champs, mais nous les avons repoussés jusqu'à l'entrée de la porte;
၂၃ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော် တို့ကို နိုင် သဖြင့် ၊ လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင် လှန်၍ တိုက်ကြပါ၏။
24 Et les archers ont tiré contre tes serviteurs de dessus la muraille, et quelques-uns des serviteurs du Roi sont morts; ton serviteur Urie le Héthien est mort aussi.
၂၄လေးသမားတို့သည် မြို့ရိုး ပေါ် က ကိုယ်တော် ကျွန် တို့ကို ပစ် ၍ ကိုယ်တော်ကျွန် အချို့သေ ကြပါ၏။ ကိုယ်တော် ကျွန် ဟိတ္တိ လူ၊ ဥရိယ သည်လည်း သေ ပါ၏ဟု လျှောက် လျှင်၊
25 Et David dit au messager: Tu diras ainsi à Joab: Ne t'inquiète point de cela; car l'épée emporte autant l'un que l'autre; redouble le combat contre la ville, et détruis-la; et toi donne-lui courage.
၂၅ဒါဝိဒ် ကလည်း ၊ ဤ အမှုကြောင့် စိတ် မ ပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ ကို ကျပ်တည်း စွာ တိုက် လျက် လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန် အားဖြင့်ယွာဘ ကို မှာလိုက် လေ၏။
26 Et la femme d'Urie apprit qu'Urie son mari était mort, et elle fit le deuil de son mari.
၂၆ဥရိယ သေ ကြောင်း ကို သူ၏မယား ကြား သောအခါ ၊ ခင်ပွန်း ကြောင့် ငိုကြွေး မြည်တမ်းလျက် နေ၏။
27 Et après que le deuil fut passé, David envoya, et la retira dans sa maison, et elle lui fut pour femme, et lui enfanta un fils; mais ce que David avait fait déplut à l'Eternel.
၂၇ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့် ၊ သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။