< 2 Rois 13 >

1 La vingt et troisième année de Joas fils d'Achazia Roi de Juda, Joachaz fils de Jéhu commença à régner sur Israël à Samarie, [et il régna] dix-sept ans.
ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​၏​သား​တော်​ယော​ရှ​၏​နန်း စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ယေ​ဟု​၏​သား​တော် ယော​ခတ်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ် နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​လေ​သည်။-
2 Et il fit ce qui déplaît à l'Eternel; car il suivit les péchés de Jéroboam fils de Nébat, par lesquels il avait fait pécher Israël, [et] il ne se détourna point d'aucun d'eux.
သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-
3 Et la colère de l'Eternel s'embrasa contre Israël, qui les livra entre les mains de Hazaël Roi de Syrie, et entre les mains de Ben-hadad fils de Hazaël durant tout ce temps-là.
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​မျက်​ထွက်​တော်​မူ​သ ဖြင့် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​သား​တော်​ဗင်္ဟာ ဒဒ်​တို့​၏​လက်​တွင် အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
4 Mais Joachaz supplia l'Eternel; et l'Eternel l'exauça; parce qu'il vit l'oppression d'Israël, car le Roi de Syrie les opprimait.
ထို​အ​ခါ​ယော​ခတ်​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထာ​ဝရ​ဘု​ရား​သည် လည်း​ရှု​ရိ​ဘု​ရင်​၏​ညှဉ်း​ဆဲ​နှိပ်​စက်​မှု​ကို ဣ​သ ရေ​လ​အ​မျိုး​တို့​အ​ဘယ်​မျှ​ခံ​နေ​ရ​ကြ ကြောင်း​ကို​ရှု​မှတ်​တော်​မူ​သ​ဖြင့် ယော​ခတ် ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။-
5 L'Eternel donc donna un libérateur à Israël, et ils sortirent de dessous la puissance des Syriens; ainsi les enfants d'Israël habitèrent dans leurs tentes comme auparavant.
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တင် မည့်​သူ​ကို​ပေါ်​ထွန်း​စေ​တော်​မူ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခင်​က နည်း​တူ​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
6 Toutefois ils ne se détournèrent point des péchés de la maison de Jéroboam, par lesquels il avait fait pécher Israël; mais ils y marchèrent, et même le bocage demeura debout à Samarie.
သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​အား ယေ​ရော ဗောင်​မင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သည့်​ဒု​စ​ရိုက် လမ်း​စဉ်​ကို​မ​စွန့်​ဘဲ ဆက်​လက်​၍​လိုက်​မြဲ လိုက်​ကြ​၏။ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန် တိုင်​သည်​ရှ​မာ​ရိ​မြို့​တွင်​ရှိ​မြဲ​ရှိ​သေး​၏။
7 Quoique [Dieu] n'eût laissé d'entre le peuple à Joachaz que cinquante hommes de cheval, dix chariots, et dix mille hommes de pied, et que le Roi de Syrie les eût détruits, et les eût rendus [menus] comme la poudre qu'on foule [dans l'aire].
ရှု​ရိ​ဘု​ရင်​၏​မြေ​မှုန့်​ကဲ့​သို့​ဖျက်​ဆီး​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​သ​ဖြင့် ယော​ခတ်​တွင်​မြင်း စီး​သူ​ရဲ​ငါး​ဆယ်၊ စစ်​ရ​ထား​ဆယ်​စီး​နှင့် ခြေ​လျင်​တပ်​သား​တစ်​သောင်း​မျှ​သာ​ကျန် ရှိ​တော့​သည်။
8 Le reste des faits de Joachaz, tout ce, dis-je, qu'il a fait, et ses exploits ne sont-ils pas écrits au Livre des Chroniques des Rois d'Israël?
ယော​ခတ်​၏​လက်​ရုံး​ရည်​နှင့်​သူ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
9 Ainsi Joachaz s'endormit avec ses pères, et on l'ensevelit à Samarie; et Joas son fils régna en sa place.
သူ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင်​သူ့​ကို သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယ​ဟော​ရှ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
10 La trente-septième année de Joas Roi de Juda, Joas fils de Joachaz commença à régner sur Israël à Samarie, [et il régna] seize ans.
၁၀ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​၏​နန်း​စံ​သုံး​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ယော​ခတ်​၏​သား​တော်​ယ​ဟော​ရှ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း​စံ လေ​သည်။-
11 Et il fit ce qui déplaît à l'Eternel; il ne se détourna point d'aucun des péchés de Jéroboam fils de Nébat, par lesquels il avait fait pécher Israël, il y marcha.
၁၁သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-
12 Le reste des faits de Joas, tout ce, dis-je, qu'il a fait, et la valeur avec laquelle il combattit contre Amatsia Roi de Juda, tout cela n'est-il pas écrit au Livre des Chroniques des Rois d'Israël?
၁၂ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
13 Et Joas s'endormit avec ses pères, et Jéroboam s'assit sur son trône; et Joas fut enseveli dans Samarie avec les Rois d'Israël.
၁၃ယ​ဟော​ရှ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို ရှ​မာ​ရိ​မြို့​ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
14 Or Elisée était malade d'une maladie dont il mourut; et Joas le Roi d'Israël était descendu, et avait pleuré sur son visage, en disant: Mon père! mon père! chariot d'Israël, et sa cavalerie!
၁၄ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။
15 Et Elisée lui dit: Prends un arc et des flèches; Il prit donc en sa main un arc et des flèches.
၁၅ဧ​လိ​ရှဲ​က``လေး​နှင့်​မြား​တို့​ကို​ယူ​ခဲ့​လော့'' ဟု ဆို​သည့်​အ​တိုင်း​ယ​ဟော​ရှ​ယူ​လာ​သော​အ​ခါ၊-
16 Puis il dit au Roi d'Israël: Mets ta main sur l'arc; et quand il y eut mis sa main, Elisée mit ses mains sur celles du Roi;
၁၆ဧ​လိ​ရှဲ​က``လေး​ကို​တင်​လော့'' ဟု​ဆို​၏။ ထို အ​ခါ​မင်း​ကြီး​သည်​လေး​ကို​တင်​လေ​၏။ ထို နောက်​ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို​မင်း​ကြီး ၏​လက်​ပေါ်​တွင်​တင်​ပြီး​လျှင်၊-
17 Et lui dit: Ouvre la fenêtre qui regarde vers l'Orient; et quand il l'eut ouverte, Elisée lui dit: Tire. Après qu'il eut tiré, il lui dit: C'est la flèche de la délivrance de par l'Eternel, la flèche, dis-je, de la délivrance contre les Syriens; tu frapperas donc les Syriens en Aphek, jusqu'à les consumer.
၁၇ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။
18 Il lui dit encore: Prends des flèches; et quand il les eut prises, il dit au Roi d'Israël: Frappe contre terre; et le Roi frappa trois fois, puis il s'arrêta.
၁၈ထို​နောက်​ဧ​လိ​ရှဲ​သည်​မင်း​ကြီး​အား အ​ခြား မြား​တို့​ကို​ယူ​စေ​၍``မြေ​ကြီး​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သုံး​ကြိမ်​ရိုက်​ပြီး​လျှင် ရပ်​လိုက်​၏။-
19 Et l'homme de Dieu se mit en fort grande colère contre lui, et lui dit: Il fallait frapper cinq ou six fois; et tu eusses frappé les Syriens jusqu'à les consumer; mais maintenant tu ne les frapperas que trois fois.
၁၉ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။
20 Et Elisée mourut, et on l'ensevelit. Or l'année suivante quelques troupes de Moabites entrèrent dans le pays.
၂၀ဧ​လိ​ရှဲ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို​သင်္ဂြိုဟ် ကြ​၏။ မော​ဘ​ပြည်​သား​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း ဣသ ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လေ့​ရှိ​ကြ​၏။
21 Et il arriva que comme on ensevelissait un homme, voici on vit venir une troupe de soldats, et on jeta cet homme-là dans le sépulcre d'Elisée; et cet homme étant roulé là dedans, et ayant touché les os d'Elisée, revint en vie, et se leva sur ses pieds.
၂၁အ​ခါ​တစ်​ပါး​၌​လူ​သေ​တစ်​လောင်း​ကို​သင်္ဂြိုဟ် မည်​ပြု​နေ​စဉ် လူ​တို့​သည်​မော​ဘ​တပ်​တစ်​တပ် ကို​မြင်​သ​ဖြင့် အ​လောင်း​ကို​ဧ​လိ​ရှဲ​၏​သ​င်္ချိုင်း တွင်း​သို့​ပစ်​ချ​ပြီး​လျှင်​ထွက်​ပြေး​ကြ​၏။ ထို အ​လောင်း​သည်​ဧ​လိ​ရှဲ​၏​အ​ရိုး​များ​နှင့်​ထိ မိ​သည်​နှင့်​တစ်​ပြိုင်​နက် အ​သက်​ပြန်​ဝင်​လာ ပြီး​လျှင်​မတ်​တပ်​ရပ်​လေ​၏။
22 Or durant tout le temps de Joachaz, Hazaël Roi de Syrie avait opprimé les Israëlites;
၂၂ယော​ခတ်​၏​လက်​ထက်​ကာ​လ​ပတ်​လုံး​ဣသ​ရေ​လ အ​မျိုး​သား​တို့​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​၏ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
23 Mais l'Eternel eut compassion d'eux, et leur fit miséricorde, et se retourna vers eux pour l'amour de son alliance avec Abraham, Isaac, et Jacob, de sorte qu'il ne voulut point les exterminer, et il ne les rejeta point de devant soi, jusqu'à maintenant.
၂၃သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။
24 Puis Hazaël Roi de Syrie mourut, et Ben-hadad son fils régna en sa place.
၂၄ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကွယ်​လွန်​သော​အ​ခါ သူ​၏​သား​တော်​ဗင်္ဟာ​ဒဒ်​နန်း​တက်​၏။-
25 Et Joas fils de Joachaz retira d'entre les mains de Ben-hadad fils d'Hazaël les villes qu'[Hazaël] avait prises en guerre à Joachaz son père; Joas le battit trois fois, et recouvra les villes d'Israël.
၂၅ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။

< 2 Rois 13 >