< 1 Thessaloniciens 5 >
1 Or touchant le temps et le moment, mes frères, vous n'avez pas besoin qu'on vous en écrive;
၁ညီအစ်ကို တို့၊ ကပ်ကာလ အချိန် များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်း မ ရှိ။
2 Puisque vous savez vous-mêmes très-bien que le jour du Seigneur viendra comme le larron en la nuit.
၂အဘယ်ကြောင့် နည်းဟူမူကား၊ သူခိုး သည် ညဉ့် အခါလာသကဲ့သို့ ၊ သခင် ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်ကို သင်တို့သည် သေချာ စွာသိ ကြ၏။
3 Car quand ils diront: nous sommes en paix et en sûreté, alors il leur surviendra une subite destruction, comme le travail à celle qui est enceinte; et ils n'échapperont point.
၃ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။
4 Mais quant à vous, mes frères, vous n'êtes point dans les ténèbres de sorte que ce jour-là vous surprenne comme le larron.
၄သို့သော်လည်း ၊ ညီအစ်ကို တို့၊ ထို နေ့ရက် သည် သူခိုး ကဲ့သို့ သင် တို့အပေါ်သို့ရောက်လာ မည် အကြောင်း၊ သင်တို့သည် မှောင်မိုက် ၌ နေ ကြသည်မ ဟုတ်။
5 Vous êtes tous des enfants de la lumière, et du jour; nous ne sommes point de la nuit, ni des ténèbres.
၅သင် တို့အပေါင်း သည် အလင်း ၏သား ၊ နေ့ ၏သား ဖြစ် ကြ၏။ ညဉ့် ၏သား ၊ မှောင်မိုက် ၏သားမ ဟုတ်။
6 Ainsi donc ne dormons point comme les autres, mais veillons, et soyons sobres.
၆သို့ဖြစ်၍ ၊ အခြား သော သူ တို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ် မ ပျော်ဘဲ သမ္မာ သတိရှိ၍ စောင့် ကြကုန်အံ့။
7 Car ceux qui dorment, dorment la nuit; et ceux qui s'enivrent, s'enivrent la nuit.
၇အကြောင်းမူကား ၊ အိပ်ပျော် သော သူ တို့သည် ညဉ့် အခါ အိပ်ပျော် တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူး သော သူ တို့သည်လည်း ညဉ့် အခါ ယစ်မူး တတ်ကြ၏။
8 Mais nous qui sommes [enfants] du jour, soyons sobres, étant revêtus de la cuirasse de la foi et de la charité, et ayant pour casque l'espérance du salut.
၈နေ့ ၏သားဖြစ် သော ငါ တို့မူကား ၊ သမ္မာ သတိရှိကြကုန်အံ့။ ယုံကြည် ခြင်း၊ ချစ် ခြင်းတည်းဟူသောရင်အုပ် တန်ဆာကို၎င်း ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်လင့် ခြင်းတည်းဟူသောသံ ခမောက်လုံးကို၎င်း ၊ ဝတ်ဆောင် ကြကုန်အံ့။
9 Car Dieu ne nous a point destinés à la colère, mais à l'acquisition du salut par notre Seigneur Jésus-Christ.
၉အမျက် တော်ကိုခံစေခြင်းငှာ ဘုရားသခင် သည် ငါ တို့ကို ခန့်ထား တော်မူသည်မ ဟုတ်။ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းကို ပိုင်ရ စေခြင်းငှာ ခန့်ထားတော်မူ၏။
10 Qui est mort pour nous, afin que soit que nous veillons, soit que nous dormions, nous vivions avec lui.
၁၀ငါတို့သည် နိုး လျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော် သည်ဖြစ်စေ ၊ ထိုသခင် နှင့်အတူ အသက် ရှင်မည် အကြောင်း ၊ ငါ တို့အဘို့ အသေခံ တော်မူပြီ။
11 C'est pourquoi exhortez-vous l'un l'autre, et édifiez-vous tous l'un l'autre, comme aussi vous le faites.
၁၁ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြု သည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တစ်ယောက် ကိုတစ်ယောက် တည်ဆောက် ကြလော့။
12 Or, [mes] frères, nous vous prions de reconnaître ceux qui travaillent parmi vous, et qui président sur vous en [notre] Seigneur, et qui vous exhortent;
၁၂ထိုမှတစ်ပါး၊ ညီအစ်ကို တို့၊ သင် တို့တွင် အမှုတော်ကိုဆောင်ရွက် ခြင်း၊ သခင် ဘုရား၊ အခွင့်နှင့် အုပ်စိုး ခြင်း၊ သတိပေး ခြင်း အမှုကိုပြုသောသူ တို့ကို သိမှတ် ၍၊
13 et d'avoir un amour singulier pour eux, à cause de l'œuvre qu'ils font. Soyez en paix entre vous.
၁၃သူ တို့ပြုသောအမှု ကြောင့် မေတ္တာ စိတ်နှင့် အလွန် ချစ်ခင်လေးမြတ် မည်အကြောင်း၊ ငါတို့သည် တောင်းပန် ကြ၏။ အချင်းချင်း အသင့်အတင့် နေကြလော့။
14 Nous vous prions aussi, [mes] frères, de reprendre les déréglés; de consoler ceux qui ont l'esprit abattu; de soulager les faibles, et d'être d'un esprit patient envers tous.
၁၄တဖန်တုံ၊ ညီအစ်ကို တို့၊ မတရား စွာပြုသောသူ တို့ကို သတိပေး ကြလော့။ စိတ် ငယ်သောသူ တို့ကို အားပေး ကြလော့။ အားနည်း သော သူ တို့ကို ထောက်မ ကြလော့။ ခပ်သိမ်း သောသူတို့အား ရှည် သောစိတ်ရှိ စေကြလော့။
15 Prenez garde que nul ne rende à personne le mal pour le mal; mais cherchez toujours ce qui est bon, et entre vous et à l'égard de tous les hommes.
၁၅သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။
16 Soyez toujours joyeux.
၁၆အစဉ်မပြတ် ဝမ်းမြောက် ခြင်းရှိကြလော့။
၁၇မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
18 Rendez grâces pour toutes choses, car c'est la volonté de Dieu par Jésus-Christ.
၁၈အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။
19 N'éteignez point l'Esprit.
၁၉ဝိညာဉ် တော်၏အရှိန်ကို မ ငြိမ်း စေကြနှင့် ။
20 Ne méprisez point les prophéties.
၂၀ပရောဖက် ပြုခြင်းကို မထီမဲ့မြင် မ မှတ်ကြနှင့် ။
21 Eprouvez toutes choses; retenez ce qui est bon.
၂၁ခပ်သိမ်း သော အရာကိုစုံစမ်း ၍ ၊ ကောင်း သော အရာကို အမြဲ ကိုင်စွဲကြလော့ ။
22 Abstenez-vous de toute apparence de mal.
၂၂မကောင်း သောအမှုအမျိုးမျိုးရှိသမျှ ကို ရှောင် ကြလော့။
23 Or le Dieu de paix vous veuille sanctifier entièrement; et faire que votre esprit entier, et l'âme et le corps soient conservés sans reproche en la venue de notre Seigneur Jésus-Christ.
၂၃ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော် တိုင်လည်း၊ သင် တို့ကို အကုန်အစင် သန့်ရှင်း စေတော်မူပါစေသော။ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူသောအခါ ၊ သင် တို့၏ ကိုယ်ခန္ဓါ ၊ စိတ် ၊ ဝိညာဉ် အပေါင်း အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူပါစေသော။
24 Celui qui vous appelle est fidèle, c'est pourquoi il fera ces choses [en vous].
၂၄သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။
25 Mes frères, priez pour nous.
၂၅ညီအစ်ကို တို့၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။
26 Saluez tous les frères par un saint baiser.
၂၆ညီအစ်ကို အပေါင်း တို့ကို သန့်ရှင်း သောနမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
27 Je vous conjure par le Seigneur que cette Epître soit lue à tous les saints frères.
၂၇ဤ စာ ကို သန့်ရှင်းသော ညီအစ်ကို အပေါင်း တို့အား ဘတ် စေခြင်းငှာ၊ သခင် ဘုရားကို တိုင်တည် ၍ ငါသည် သင် တို့ကို အဓိဋ္ဌာန် သစ္စာပေး၏။
28 Que la grâce de notre Seigneur Jésus-Christ soit avec vous; Amen!
၂၈ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ အာမင်။