< 1 Samuel 7 >
1 Ceux donc de Kirjath-jéharim vinrent et firent monter l'Arche de l'Eternel, et la mirent dans la maison d'Abinadab au coteau; et ils consacrèrent Eléazar son fils pour garder l'Arche de l'Eternel.
၁ကိရယတ်ယာရိမ် မြို့သား တို့သည် လာ ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို ဆောင် သွားသဖြင့် ၊ တောင် ပေါ် မှာရှိသော အမိနဒပ် အိမ် ၌ ထား၍ သေတ္တာ တော်ကို စောင့် စေခြင်းငှါ ၊ သူ ၏သား ဧလာဇာ ကို သန့်ရှင်း စေကြ၏။
2 Or il arriva que depuis le jour que l'Arche de l'Eternel fut posée à Kirjath-jéharim, il se passa un long temps, savoir vingt années, et toute la maison d'Israël soupira après l'Eternel.
၂သေတ္တာ တော်သည် အနှစ် နှစ် ဆယ်ပတ်လုံးကြာမြင့် စွာ ကိရယတ်ယာရိမ် မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ကို အောက်မေ့၍ မြည်တမ်း ကြ၏။
3 Et Samuel parla à toute la maison d'Israël, en disant: Si vous vous retournez de tout votre cœur à l'Eternel, ôtez du milieu de vous les dieux des étrangers, et Hastaroth, et rangez votre cœur à l'Eternel, et le servez lui seul; et il vous délivrera de la main des Philistins.
၃တဖန် ရှမွေလ က၊ သင်တို့သည် အခြား တပါးသော ဘုရား တည်းဟူသောဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား အဘို့ သင် တို့စိတ် နှလုံးကို ပြင်ဆင် လျက် ၊ ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြု ကြလျှင် ၊ ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့အား ဆုံးမသည်အတိုင်း၊
4 Alors les enfants d'Israël ôtèrent les Bahalins, et Hastaroth, et ils servirent l'Eternel seul.
၄ဣသရေလ အမျိုးသား တို့သည် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြ၏။
5 Et Samuel dit: Assemblez tout Israël à Mitspa, et je prierai l'Eternel pour vous.
၅ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊
6 Ils s'assemblèrent donc à Mitspa; et ils y puisèrent de l'eau, qu'ils répandirent devant l'Eternel, et ils jeûnèrent ce jour-là; et dirent: Nous avons péché contre l'Eternel. Et Samuel jugea les enfants d'Israël à Mitspa.
၆သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ၊ ရေ ကို ခပ် ၍ ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။
7 Or quand les Philistins eurent appris que les enfants d'Israël étaient assemblés à Mitspa, les Gouverneurs des Philistins montèrent contre Israël; ce que les enfants d'Israël ayant appris, ils eurent peur des Philistins.
၇ဣသရေလ အမျိုးသား တို့သည် မိဇပါ မြို့၌ စည်းဝေး ကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဖိလိတ္တိ မင်း တို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီ ကြ၏။ ထိုသိတင်းကို ဣသရေလ လူ တို့သည် ကြား လျှင် ၊ ဖိလိတ္တိ လူတို့ကို ကြောက် ၍၊
8 Et les enfants d'Israël dirent à Samuel: Ne cesse point de crier pour nous à l'Eternel notre Dieu, afin qu'il nous délivre de la main des Philistins.
၈ရှမွေလ အား ၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။
9 Alors Samuel prit un agneau de lait, et l'offrit tout entier à l'Eternel en holocauste; et Samuel cria à l'Eternel pour Israël, et l'Eternel l'exauça.
၉ရှမွေလ သည်လည်း နို့စို့ သိုးသငယ် ကိုယူ ၍ ထာဝရဘုရား အား တကောင်လုံး မီးရှို့ ရာယဇ်ပူဇော် လျက် ၊ ဣသရေလ အမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင် တော်မူ၏။
10 Il arriva donc comme Samuel offrait l'holocauste, que les Philistins s'approchèrent pour combattre contre Israël, mais l'Eternel fit gronder en ce jour-là un grand tonnerre sur les Philistins, et les mit en déroute, et ils furent battus devant Israël.
၁၀ရှမွေလ သည် မီး ရှို့ရာယဇ်ကို ပူဇော် စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချဉ်း လာကြ၏။ ထာဝရဘုရား သည်လည်း၊ ထို နေ့၌ ဖိလိတ္တိ လူတို့အပေါ် မှာ ပြင်းစွာ မိုဃ်းချုန်း စေ၍ ၊ သူ တို့တပ်ကို ဖျက် တော်မူသဖြင့် ၊ ဣသရေလ အမျိုးရှေ့ မှာ ရှုံး ကြ၏။
11 Et ceux d'Israël sortirent de Mitspa, et poursuivirent les Philistins, et les frappèrent jusqu'au-dessous de Bethcar.
၁၁ဣသရေလ လူ တို့သည် မိဇပါ မြို့မှ ထွက် ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ လျက် ၊ ဗက်ကာ မြို့တိုင်အောင် လိုက် ကြ၏။
12 Alors Samuel prit une pierre, et la mit entre Mitspa et le rocher; et il appela le nom de ce lieu-là Ebenhézer, et dit: L'Eternel nous a secourus jusqu'en ce lieu-ci.
၁၂ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ ၍ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ၊ ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ၊ ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။
13 Et les Philistins furent abaissés, et ils ne vinrent plus depuis ce temps-là au pays d'Israël; et la main de l'Eternel fut sur les Philistins tout le temps de Samuel.
၁၃ထိုသို့ ဖိလိတ္တိ လူတို့သည် ရှုံး သဖြင့် ၊ နောက် တဖန် ဣသရေလ အမျိုးနေရာ အရပ်သို့ မ လာ ကြ။ ရှမွေလ လက်ထက်ကာလ ပတ်လုံး ထာဝရဘုရား ၏ လက် တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။
14 Et les villes que les Philistins avaient prises sur Israël, retournèrent à Israël, depuis Hékron, jusqu'à Gath, avec leurs confins. [Samuel donc] délivra Israël de la main des Philistins, et il y eut paix entre Israël et les Amorrhéens.
၁၄ဖိလိတ္တိ လူတို့သည် သိမ်းယူ သော ဣသရေလ မြို့ ရွာတို့ကို ဧကြုန် မြို့မှစ၍ ဂါသ မြို့တိုင်အောင် ပြန် ပေးရကြ၏။ မြို့နယ် တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက် မှ နှုတ်ယူ ကြ၏။ ဣသရေလ လူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ အသင့် အတင့်နေ ကြ၏။
15 Et Samuel jugea Israël tous les jours de sa vie.
၁၅ရှမွေလ သည် တသက်လုံး ဣသရေလ အမျိုးကို အုပ်စိုး လေ၏။
16 Et il allait tous les ans faire le tour à Bethel, et à Guilgal, et à Mitspa, et il jugeait Israël en tous ces lieux-là.
၁၆ဗေသလ မြို့၊ ဂိလဂါလ မြို့၊ မိဇပါ မြို့တို့ကို နှစ် တိုင်းလှည့်ပတ် ၍ အရပ်ရပ် တွင် ဣသရေလ အမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။
17 Puis il s'en retournait à Rama, parce que sa maison était là, et il jugeait là Israël; et il y bâtit un autel à l'Eternel.
၁၇ပြန် လာသောအခါ ၊ မိမိ အိမ် ရှိသောရာမ မြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်းဣသရေလ အမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြော စီရင်လျက် ၊ ထာဝရဘုရား ဘို့ ယဇ် ပလ္လင်ကိုတည် လျက် နေလေ၏။