< 1 Corinthiens 7 >
1 Or quant aux choses dont vous m'avez écrit: [Je vous dis] qu'il est bon à l'homme de ne pas se marier.
၁သင်တို့သည် ငါ့ထံသို့ပေး လိုက်သောစာ ၌ ပါ သောအရာမှာ၊ ယောက်ျား သည် မိန်းမ နှင့်မ ဆက်ဆံ ဘဲ နေလျှင် ၊
2 Toutefois pour éviter l'impureté, que chacun ait sa femme, et que chaque femme ait son mari.
၂ကောင်း သော်လည်း ၊ မတရား သောမေထုန်နှင့် ကင်းလွတ်မည် အကြောင်း၊ ယောက်ျား တိုင်း မိမိ မယား ရှိ စေလော့။ မိန်းမ တိုင်း မိမိ လင် ရှိ စေလော့။
3 Que le mari rende à sa femme la bienveillance qui lui est due; et que la femme de même la rende à son mari.
၃ယောက်ျား သည် ဆက်ဆံခြင်းဝတ်ကို မိမိမယား အား ပြု စေလော့။ ထိုနည်းတူ ၊ မိန်းမ သည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင် အား ပြုစေလော့။
4 Car la femme n'a pas son propre corps en sa puissance, mais [il est en celle] du mari; et le mari tout de même n'a pas en sa puissance son propre corps, mais [il est en celle] de la femme.
၄မိန်းမ သည် မိမိ ကိုယ် ကိုမ ပိုင် ၊ လင် သည်ပိုင်၏။ ထိုနည်းတူ ယောက်ျား သည်လည်း မိမိ ကိုယ် ကိုမ ပိုင် ၊ မယား သည်ပိုင်၏။
5 Ne vous privez point l'un de l'autre, si ce n'est par un consentement mutuel, pour un temps, afin que vous vaquiez au jeûne et à la prière, mais après cela retournez ensemble, de peur que satan ne vous tente, par votre incontinence.
၅အချင်းချင်း ခင်ပွန်းဝတ်ကို မ ပယ် မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်း ခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှာ၊ သဘောတူ ၍ ခင်ပွန်းဝတ်ကိုခဏ မျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ ရှောင် လျှင် ၊ ကိုယ် ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန် သည် အပြစ် သို့ သွေးဆောင်ရသော အခွင့်မ ရှိစေခြင်းငှာ ၊ နောက် တဖန် အတူ နေ ကြလော့။
6 Or je dis ceci par permission, et non par commandement.
၆သို့ရာတွင်ပညတ် မ ထားဘဲအခွင့် ပေးခြင်း အားဖြင့် သာ ငါဆို ၏။
7 Car je voudrais que tous les hommes fussent comme moi; mais chacun a son propre don [lequel il a reçu] de Dieu, l'un en une manière, et l'autre en une autre.
၇လူ အပေါင်း တို့သည် ငါ ကဲ့သို့ ဖြစ် စေခြင်းငှာငါအလိုရှိ ၏။ သို့သော်လည်း ၊ လူအသီးအသီး တို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီး သော ဆု ကျေးဇူးကို ခံရ ကြ၏။
8 Or je dis à ceux qui ne sont point mariés, et aux veuves, qu'il leur est bon de demeurer comme moi.
၈ထိုကြောင့် မယား မရှိသောသူ တို့နှင့် မုတ်ဆိုးမ တို့ကို ငါဆို သည်ကား၊ ထို သူ တို့သည် ငါ ကဲ့သို့ နေလျှင် ကောင်း ၏။
9 Mais s'ils ne sont pas continents, qu'ils se marient; car il vaut mieux se marier que de brûler.
၉သို့သော်လည်း ၊ ကာမဂုဏ်ကို မ ချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိ သည်ထက် ထိမ်းမြား စုံဘက်ခြင်းပြုသော် သာ၍ ကောင်း၏။
10 Et quant à ceux qui sont mariés, je leur commande, non pas moi, mais le Seigneur, que la femme ne se sépare point du mari.
၁၀ခင်ပွန်း ရှိသော သူ တို့ကိုလည်း ၊ ငါပညတ် သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား ၊ မယား သည် မိမိခင်ပွန်း ကို မ စွန့်ပစ် စေနှင့်။
11 Et si elle s'en sépare, qu'elle demeure sans être mariée, ou qu'elle se réconcilie avec son mari; que le mari aussi ne quitte point sa femme.
၁၁စွန့်ပစ် လျှင် ခင်ပွန်း မရှိဘဲနေ စေ။ သို့မဟုတ် လျှင်၊ ခင်ပွန်း ဟောင်းထံသို့ပြန်၍ အသင့်အတင့် နေစေ။ ယောက်ျား သည်လည်း မိမိမယား နှင့် မ ကွာ စေနှင့်။
12 Mais aux autres je leur dis, [et] non pas le Seigneur: Si quelque frère a une femme infidèle, et qu'elle consente d'habiter avec lui, qu'il ne la quitte point.
၁၂ကြွင်း သောသူ တို့ကိုသခင် ဘုရားသည် ကိုယ်တိုင်မ ပညတ်ဘဲ၊ ငါ ပညတ် သည်ကား ၊ တစ်စုံတစ်ယောက် သော ညီအစ်ကို သည်မယုံကြည် သော မယား ရှိ ၍၊ ထိုမယား သည် မိမိခင်ပွန်း နှင့် နေ ခြင်းငှာအလိုရှိ လျှင် မ ကွာ စေနှင့်။
13 Et si quelque femme a un mari infidèle, et qu'il consente d'habiter avec elle, qu'elle ne le quitte point.
၁၃ထိုနည်းတူမိန်းမ သည်လည်း ၊ မယုံကြည် သော ခင်ပွန်း ရှိ ၍၊ ထိုခင်ပွန်း သည် မိမိမယား နှင့် နေ ခြင်းငှာအလိုရှိ လျှင် မ ကွာ စေနှင့်။
14 Car le mari infidèle est sanctifié en la femme, et la femme infidèle est sanctifiée dans le mari; autrement vos enfants seraient impurs; or maintenant ils sont saints.
၁၄အကြောင်းမူကား ၊ မယုံကြည် သောလင် သည် မိမိမယား အဘို့ စင်ကြယ် ၏။ မယုံကြည် သော မယား သည်လည်း မိမိလင် အဘို့ စင်ကြယ် ၏။ သို့မဟုတ် လျှင်သင် တို့၏ သားသမီး သည် မ စင်ကြယ်။ ယခု တွင် စင်ကြယ် ကြ ၏။
15 Que si l'infidèle se sépare, qu'il se sépare; le frère ou la sœur ne sont point asservis dans ce cas-là; mais Dieu nous a appelés à la paix.
၁၅သို့သော်လည်း မယုံကြည် သောသူ သည် ကွာ သွားလိုလျှင် ကွာ သွားစေ။ ထိုသို့ပြုလျှင်တပည့်တော် သည် ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ချည်နှောင် ခြင်းမ ရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာဘုရားသခင် ၏ ပညတ် တော်ရှိ၏။
16 Car que sais-tu, femme, si tu ne sauveras point ton mari? ou que sais-tu, mari, si tu ne sauveras point ta femme?
၁၆အချင်းမိန်းမ ၊ သင်သည်ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ၊ မကယ်တင်မည်ကို အဘယ်သို့သိ သနည်း။ အချင်းယောက်ျား ၊ သင်သည် ကိုယ် ခင်ပွန်း ကို ကယ်တင်မည် ။ မကယ်တင်မည်ကို အဘယ်သို့ သိ သနည်း။
17 Toutefois que chacun se conduise selon le don qu'il a reçu de Dieu, chacun selon que le Seigneur l'y a appelé; et c'est ainsi que j'en ordonne dans toutes les Eglises.
၁၇သခင် ဘုရားသည် လူ အသီးအသီးတို့အား ဝေငှ တော်မူ၍၊ ဘုရားသခင် သည် လူအသီးအသီး တို့ကို ခေါ် တော်မူသည်နှင့် လျော်စွာလူတိုင်းကျင့် နေစေ။ ခပ်သိမ်း သော အသင်းတော် တို့ကို ထိုသို့ ငါပညတ် ၏။
18 Quelqu'un est-il appelé étant circoncis? qu'il ne ramène point le prépuce. Quelqu'un est-il appelé étant dans le prépuce? qu'il ne se fasse point circoncire.
၁၈အရေဖျားလှီး ခြင်းကို ခံသောသူ သည် ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မ စွန့် စေနှင့်။ အရေဖျားလှီး ခြင်းကို မခံသောသူ သည်လည်း ခေါ် တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီး ခြင်းကို မ ခံစေနှင့်။
19 La Circoncision n'est rien, et le prépuce aussi n'est rien, mais l'observation des commandements de Dieu.
၁၉အရေဖျားလှီး ခြင်းအားဖြင့် အကျိုး မ ရှိ။ မခံဘဲ နေခြင်းအားဖြင့် လည်း အကျိုးမ ရှိ ။ ဘုရားသခင် ၏ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်းအားဖြင့်သာ အကျိုးရှိ၏။
20 Que chacun demeure dans la condition où il était quand il a été appelé.
၂၀ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူ သည် အကြင်အမှု ကို လုပ် နေ၏။ ထိုသို့ လူတိုင်းလုပ်နေ စေ။
21 Es-tu appelé étant esclave? ne t'en mets point en peine; mais aussi si tu peux être mis en liberté, uses en plutôt:
၂၁အစေခံ ကျွန်ဖြစ်၍ခေါ်တော်မူခြင်းကျေးဇူးကို ခံရ လျှင် စိုးရိမ် ခြင်းမ ရှိနှင့်။ သို့သော်လည်း လွတ် ခြင်းသို့ ရောက် နိုင်လျှင် လွတ် ရသော အခွင့်ကိုသာ၍ သုံးဆောင် လော့။
22 Car celui qui étant esclave est appelé à notre Seigneur, il est l'affranchi du Seigneur; et de même celui qui est appelé étant libre, il est l'esclave de Christ.
၂၂အကြောင်းမူကား ကျွန် ဖြစ်စဉ်၊ သခင် ဘုရား ခေါ် တော်မူခြင်းကို ခံရသောသူ သည် သခင် ဘုရား၏ လူ လွတ်ဖြစ် ၏။ ထိုနည်းတူ လူ လွတ်ဖြစ်စဉ်၊ ခေါ် တော်မူခြင်းကို ခံရသောသူ သည် ခရစ်တော် ၏ ကျွန် ဖြစ် ၏။
23 Vous avez été achetés par prix; ne devenez point les esclaves des hommes.
၂၃သင်တို့သည် အဘိုး နှင့်ဝယ် တော်မူသောသူ ဖြစ်၍၊ လူ ထံ၌အလိုအလျောက်ကျွန် မ ခံ ကြနှင့်။
24 [Mes] frères, que chacun demeure envers Dieu dans l'état où il était quand il a été appelé.
၂၄ညီအစ်ကို တို့၊ ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှု ကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့် ရှေ့တော်၌ လူ တိုင်းလုပ်နေ စေ။
25 Pour ce qui concerne les vierges, je n'ai point de commandement du Seigneur, mais j'en donne avis comme ayant obtenu miséricorde du Seigneur, pour être fidèle.
၂၅ခင်ပွန်း မရှိသောသူ တို့၏ အမှု မှာ၊ သခင် ဘုရား၏ပညတ် တော်သည် ငါ ၌မ ရှိသော်လည်း ၊ ငါသည် သစ္စာ ရှိ သောသူဖြစ်အံ့သောငှာ၊ သခင် ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏။
26 J'estime donc que cela est bon pour la nécessité présente, en tant qu'il est bon à l'homme d'être ainsi.
၂၆စီရင်ချက်ဟူမူကား ၊ ယခု ညှဉ်းဆဲ ခြင်းအကြောင်း ကြောင့် ခင်ပွန်းမရှိ လျှင် ကောင်း ၏။
27 Es-tu lié à une femme? ne cherche point d'en être séparé. Es-tu détaché de ta femme? ne cherche point de femme.
၂၇သင်သည်မယား ရှိ လျှင် လွတ် စေခြင်းငှာမ ကြံစည် နှင့်။ မယား နှင့် လွတ် လျှင် အခြားသောမယား ကို မ ရှာ နှင့်။
28 Que si tu te maries, tu ne pèches point; et si la vierge se marie, elle ne pèche point aussi; mais ceux qui sont mariés auront des afflictions en la chair; or je vous épargne.
၂၈သို့သော်လည်း သင်သည် မယား နေလျှင် အပြစ် မ ရှိ။ လင် မနေဘူးသော မိန်းမသည်လည်း လင် နေလျှင် အပြစ် မ ရှိ။ သို့သော်လည်း ၊ ထိုသို့ ပြုသော သူတို့သည် လောက ညှဉ်းဆဲ ခြင်းဒုက္ခကို ခံရ ကြမည်။ ဤ အမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါ မထားလို။
29 Mais je vous dis ceci, mes frères, que le temps est court; et ainsi que ceux qui ont une femme, soient comme s'ils n'en avaient point;
၂၉ညီအစ်ကို တို့၊ ငါဆို သည်ကား ၊ ကျန်ကြွင်းသော ကာလ သည် ကျဉ်းကျပ် သည်ဖြစ် ၍၊ မယားရှိ သောသူ သည် မယား မ ရှိ သကဲ့သို့ ဖြစ် ရမည်။
30 Et ceux qui sont dans les pleurs, comme s'ils n'étaient point dans les pleurs; et ceux qui sont dans la joie, comme s'ils n'étaient point dans la joie; et ceux qui achètent, comme s'ils ne possédaient point.
၃၀ငိုကြွေး သောသူ သည် မ ငိုကြွေး သကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက် သောသူ သည် ဝမ်း မ မြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ် သောသူ သည် အလျှင်းမ ရှိ သကဲ့သို့ ဖြစ်ရမည်။
31 Et ceux qui usent de ce monde, comme n'en abusant point: car la figure de ce monde passe.
၃၁ဤ လောက ကို သုံး သောသူ သည် မ သုံး သကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ၊ ဤ လောက ၏ အဆင်း သဏ္ဌာန်သည်ရွေ့သွားကွယ်ပျောက် တတ်၏။
32 Or je voudrais que vous fussiez sans inquiétude. Celui qui n'est point marié a soin des choses qui sont du Seigneur, comment il plaira au Seigneur.
၃၂သင် တို့သည် စိုးရိမ် ခြင်းနှင့်ကင်းလွတ်စေခြင်းငှာငါအလိုရှိ ၏။ ခင်ပွန်း မရှိသောသူ သည် သခင် ဘုရား၏ စိတ် တော်နှင့်တွေ့စေခြင်းငှာသခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။
33 Mais celui qui est marié, a soin des choses de ce monde, et comment il plaira à sa femme, [et ainsi] il est divisé.
၃၃ခင်ပွန်း ရှိသောသူ မူကား ၊ မိမိ မယား ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။
34 La femme qui n'est point mariée, et la vierge, a soin des choses qui sont du Seigneur, pour être sainte de corps et d'esprit; mais celle qui est mariée a soin des choses qui sont du monde, comment elle plaira à son mari.
၃၄ထိုနည်းတူ၊ ခင်ပွန်း မရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမ သည် ခြားနား ခြင်းရှိ၏။ ခင်ပွန်း မရှိသော မိန်းမသည် ကိုယ်ခန္ဓါ စိတ်ဝိညာဉ် နှစ် ပါးကို သန့်ရှင်း စေခြင်းငှာ သခင် ဘုရား၏အမှု ကိုသာ သတိ ထားတတ်၏။ ခင်ပွန်း ရှိသောမိန်းမ မူကား ၊ မိမိ ခင်ပွန်း ၏စိတ် နှင့် တွေ့စေခြင်းငှာလောကီ အမှု ကို သတိ ထားတတ်၏။
35 Or je dis ceci ayant égard à ce qui vous est utile, non point pour vous tendre un piége, mais pour vous porter à ce qui est bienséant, et propre [à vous unir] au Seigneur sans aucune distraction.
၃၅ထိုသို့ ငါဆို သော်၊ သင် တို့အကျိုး ကိုသာ ထောက် ၍ဆို၏။ သင် တို့ကို နှောင့်ရှက် ချင်သောစိတ်နှင့် ဆိုသည် မ ဟုတ်။ သင်တို့သည် လျောက်ပတ် စွာကျင့်၍ စိတ် ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင် ဘုရား၏ဝတ်ကို အမြဲ ပြုစေခြင်းငှာသာ ဤသို့ဆို၏။
36 Mais si quelqu'un croit que ce soit un déshonneur à sa fille de passer la fleur de son âge, et qu'il faille la marier, qu'il fasse ce qu'il voudra, il ne pèche point; qu'elle soit mariée.
၃၆အပျို ကညာသည် ခင်ပွန်းမရှိဘဲ အသက် အရွယ်လွန်လျှင် မ လျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူ သည် ထင်မှတ် ၍ ထိမ်းမြားစရာအကြောင်းလည်း ရှိ လျှင် ၊ ထိုသူသည် အလိုအလျောက် ပြု စေ။ အပြစ် မ ရှိထိမ်းမြား ကြစေ။
37 Mais celui qui demeure ferme en son cœur, n'y ayant point de nécessité [qu'il marie sa fille], mais étant le maître de sa propre volonté a arrêté en son cœur de garder sa fille, il fait bien.
၃၇သို့သော်လည်း မိမိ စိတ် နှလုံးတည်ကြည် ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့် နှင့် ကိုယ် စိတ် အလို ကို ချုပ်တည်း နိုင်သော အခွင့်ရှိသောကြောင့်၊ မ ထိမ်းမြား ဘဲနေ မည်ဟု ကိုယ် စိတ် နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည်ကောင်း စွာပြု ၏။
38 Celui donc qui la marie fait bien, mais celui qui ne la marie pas, fait mieux.
၃၈သို့ရာတွင် မင်္ဂလာဆောင် သောသူ သည် ကောင်း စွာပြု ၏။ မ ဆောင် သောသူ မူကား ၊ သာ၍ ကောင်းစွာပြု ၏။
39 La femme est liée par la Loi pendant tout le temps que son mari est en vie, mais si son mari meurt, elle est en liberté de se marier à qui elle veut; seulement [que ce soit] en [notre] Seigneur.
၃၉မိန်းမ သည် မိမိ ခင်ပွန်း မ သေမှီကာလ ပတ်လုံးတရားအားဖြင့် ချည်နှောင် လျက်ရှိ၏။ ခင်ပွန်း သေ လျှင် မူကား ၊ မိမိအလို အတိုင်း သခင် ဘုရား၌ သာ အခြား သော သူ၏ မယားဖြစ်ခြင်းငှာအခွင့် ရှိ ၏။
40 Elle est néanmoins plus heureuse si elle demeure ainsi, selon mon avis; or j'estime que j'ai aussi l'Esprit de Dieu.
၄၀အခွင့်ရှိသော်လည်း ၊ အခြားသောသူ၏ မယား မဖြစ် ဘဲနေ လျှင် ၊ သာ၍မင်္ဂလာ ရှိသည်ဟု ငါ သဘော ရှိ၏။ ငါ ၌လည်း ဘုရားသခင် ၏ ဝိညာဉ် တော်ရှိ တော်မူသည်ဟု ငါ စွဲလမ်းခြင်းစိတ်ရှိ၏။