< 1 Chroniques 24 >

1 Et quant aux enfants d'Aaron, ce sont ici leurs départements. Les enfants d'Aaron furent, Nadab, Abihu, Eléazar et Ithamar.
အာ​ရုန်​၏​သား​မြေး​များ​မှ​ဆင်း​သက်​လာ သော​အုပ်​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
2 Mais Nadab et Abihu moururent en la présence de leur père, et n'eurent point d'enfants; et Eléazar et Ithamar exercèrent la sacrificature.
နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​မိ​မိ​တို့​၏​အ​ဖ မ​ကွယ်​လွန်​မီ​သေ​သွား​ကြ​သ​ဖြင့် သူ​တို့​တွင် သား​မြေး​များ​မ​ကျန်​ရစ်။ သို့​ဖြစ်​၍​သူ​တို့ ၏​ညီ​များ​ဖြစ်​သော​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ သည်။-
3 Or David les distribua, savoir, Tsadoc, qui était des enfants d'Eléazar; et Ahimélec, qui était des enfants d'Ithamar, pour leurs charges, dans le service qu'ils avaient à faire.
ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။-
4 Et quand on les distribua, on trouva un beaucoup plus grand nombre des enfants d'Eléazar pour être Chefs de famille, que des enfants d'Ithamar, y ayant eu des enfants d'Eléazar, seize Chefs, selon leurs familles, et [n'y en ayant eu que] huit, des enfants d'Ithamar, selon leurs familles.
ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။-
5 Et on fit leurs départements par sort, les entremêlant les uns parmi les autres; car les Gouverneurs du Sanctuaire, et les Gouverneurs [de la maison] de Dieu furent tirés tant des enfants d'Eléazar, que des enfants d'Ithamar.
ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။-
6 Et Sémahja fils de Nathanaël scribe, qui était de la Tribu de Lévi, les mit par écrit en la présence du Roi, des principaux [du peuple], de Tsadoc le Sacrificateur, d'Ahimélec, fils d'Abiathar, et des Chefs des pères [des familles] des Sacrificateurs, et de celles des Lévites. Le [chef] d'une maison de père se tirait pour Eléazar, et celui qui était tiré [après], se tirait pour Ithamar.
ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​၏​သား​မြေး​များ သည် အ​လှည့်​ကျ​မဲ​နှိုက်​ရ​ကြ​၏။ ထို့​နောက်​သူ တို့​၏​နာ​မည်​များ​ကို​နာ​သ​နေ​လ​၏​သား၊ လေ​ဝိ​အ​နွယ်​ဝင်​အ​တွင်း​ရေး​မှူး​တစ်​ဦး​ဖြစ် သူ ရှေ​မာ​ရ​က​မှတ်​ပုံ​တင်​ရ​၏။ ယင်း​သို့​မှတ် ပုံ​တင်​ရာ​တွင်​ရှင်​ဘု​ရင်၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​၏​သား​အ​ဟိ မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အိမ်​ထောင်​ဦး​စီး များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။
7 Le premier sort donc échut à Jéhojarib, le second à Jédahia,
မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့် သတ်​မှတ်​ပေး​ခြင်း​ခံ​ကြ​ရ​သော အိမ်​ထောင် အုပ်​စု​နှစ်​ဆယ့်​လေး​စု​တို့​မှာ၊ ၁။ ယော​ယာ​ရိပ်၊ ၂။ ယေ​ဒါ​ယ၊ ၃။ ဟာ​ရိမ်၊ ၄။ စော​ရိမ်၊ ၅။ မာ​လ​ခိ​ယ၊ ၆။ မိ​ယ​မိန်၊ ၇။ ဟက္ကုတ်၊ ၈။ အ​ဘိ​ယ၊ ၉။ ယေ​ရွှာ၊ ၁၀။ ရှေ​က​နိ၊ ၁၁။ ဧ​လျာ​ရှိပ်၊ ၁၂။ ယာ​ကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေ​ရှေ​ဗပ်၊ ၁၅။ ဗိ​လ​ဂ၊ ၁၆။ ဣ​မ္မေရ၊ ၁၇။ ဟေ​ဇိ​ရ၊ ၁၈။ အပ်​ဇဇ်၊ ၁၉။ ပေ​သ​ဟိ၊ ၂၀။ ယေ​ဇ​ကျေ​လ၊ ၂၁။ ယာ​ခိန်၊ ၂၂။ ဂါ​မု​လ၊ ၂၃။ ဒေ​လာ​ယ​နှင့် ၂၄။ မာ​ဇိ တို့​ဖြစ်​သ​တည်း။
8 Le troisième à Harim, le quatrième à Sehorim,
9 Le cinquième à Malkija, le sixième à Mijamin,
10 Le septième à Kots, le huitième à Abija,
၁၀
11 Le neuvième à Jésuah, le dixième à Sécania,
၁၁
12 L'onzième à Eliasib, le douzième à Jakim,
၁၂
13 Le treizième à Huppa, le quatorzième à Jésébab,
၁၃
14 Le quinzième à Bilga, le seizième à Immer,
၁၄
15 Le dix-septième à Hézir, le dix-huitième à Pitsets,
၁၅
16 Le dix-neuvième à Péthahja, le vingtième à Ezéchiel,
၁၆
17 Le vingt et unième à Jakim, et le vingt et deuxième à Gamul,
၁၇
18 Le vingt et troisième à Délaja, le vingt et quatrième à Mahazia.
၁၈
19 Tel fut leur dénombrement pour le service qu'ils avaient à faire, lorsqu'ils entraient dans la maison de l'Eternel, selon qu'il leur avait été ordonné par Aaron leur père, comme l'Eternel le Dieu d'Israël le lui avait commandé.
၁၉ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဘိုး​ဘေး အာ​ရုန်​စီ​ရင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ဗိ​မာန် တော်​သို့​သွား​ရောက်​၍ မိ​မိ​တို့​အပ်​နှင်း​ခံ​ရ​သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​ရန် ဤ သူ​တို့​၏​နာ​မည်​များ​ကို​မှတ်​ပုံ​တင်​၍​ထား လေ​သည်။
20 Et quant aux enfants de Lévi qu'il y avait eu de reste des enfants de Hamram, il y eut Subaël, et des enfants de Subaël Jehdéja.
၂၀လေ​ဝိ​မှ​ဆင်း​သက်​လာ​သူ​အ​ခြား​အိမ်​ထောင် ဦး​စီး​များ​မှာ ရှု​ဗွေ​လ​မှ​တစ်​ဆင့်​အာ​မ​ရံ မှ​ဆင်း​သက်​လာ​သူ​ယေ​ဒေ​ယ။
21 De ceux de Réhabia, des enfants, [dis-je], de Réhabia, Jisija était le premier.
၂၁ရေ​ဟ​ဘိ​မှ​ဆင်း​သက်​လာ​သူ​ဣ​ရှ​ယာ။
22 Des Jitsharites, Sélomoth; des enfants de Sélomoth, Jahath.
၂၂ရှေ​လော​မိတ်​မှ​တစ်​ဆင့်​ဣ​ဇ​ဟာ​မှ​ဆင်း​သက် လာ​သူ​ယာ​ဟတ်။
23 Et des enfants de Jérija, Amaria le second; Jahaziël le troisième, Jékamham le quatrième.
၂၃ကြီး​စဉ်​ငယ်​လိုက်​ဟေ​ဗြုန်​၏​သား​များ​ဖြစ် သော​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့် ယေ​က​မံ။
24 Des enfants de 'Huziël, Mica; des enfants de Mica, Samir.
၂၄မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။
25 Le frère de Mica, était Jisija; des enfants de Jisija, Zacharie.
၂၅သြ​ဇေ​လ​၏​သား၊ မိက္ခာ​၏​ညီ​ဣ​ရှ​ယာ​မှ​တစ်​ဆင့် သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ​ဇာ​ခ​ရိ။
26 Des enfants de Mérari, Mahli, et Musi. Des enfants de Jahazija, son fils.
၂၆မေ​ရာ​ရိ​မှ​ဆင်း​သက်​လာ​သူ​များ​ဖြစ်​ကြ​သော မ​ဟာ​လိ၊ မု​ရှိ​နှင့်​ယာ​ဇိ။-
27 Des enfants [donc] de Mérari, de Jahazija, son fils, et Soham, Zaccur et Hibri.
၂၇ရှော​ဟံ၊ ဇက္ကု​ရ​နှင့်​ဣဗရိ​ဟူ​၍​သား​သုံး​ယောက် ယာ​ဇိ​၌​ရှိ​၏။-
28 De Mahli, Eléazar, qui n'eut point de fils.
၂၈ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။-
29 De Kis, les enfants de Kis, Jérahméël.
၂၉
30 Et des enfants de Musi, Mahli, Héder, et Jérimoth. Ce sont là les enfants des Lévites, selon les maisons de leurs pères.
၃၀မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။
31 Et ils jetèrent pareillement les sorts selon le nombre de leurs frères les enfants d'Aaron, en la présence du Roi David, de Tsadoc, et d'Ahimélec, et des Chefs des pères [des familles] des Sacrificateurs et des Lévites; les Chefs des pères [de famille] correspondant à leurs plus jeunes frères.
၃၁မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

< 1 Chroniques 24 >