< 1 Chroniques 13 >
1 Or David demanda conseil aux chefs de milliers, et de centaines, et à tous les conducteurs [du peuple].
၁တဖန် ဒါဝိဒ် သည် လူတထောင် အုပ် ၊ တရာ အုပ် အစရှိသော အကြီးအကဲ အပေါင်း တို့နှင့် တိုင်ပင် ပြီးလျှင်၊
2 Et il dit à toute l'assemblée d'Israël: Si vous l'approuvez, et que [cela vienne] de l'Eternel notre Dieu, envoyons partout vers nos autres frères qui sont dans toutes les contrées d'Israël, et avec lesquels sont les Sacrificateurs et les Lévites, dans leurs villes et dans leurs faubourgs, afin qu'ils s'assemblent vers nous;
၂ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အား ၊ သင်တို့သည် အလိုရှိ၍ ငါ တို့၏ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလ နိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်း သေးသော ငါ တို့ညီအစ်ကို များ၊ မြို့ နှင့်မြို့နယ် ၌ နေသောယဇ်ပုရောဟိတ် ၊ လေဝိ သားများတို့သည် ငါ တို့ နှင့်အတူ စည်းဝေး စေခြင်းငှါအနှံ့အပြား စေလွှတ် ကြကုန်အံ့။
3 Et que nous ramenions auprès de nous l'Arche de notre Dieu; car nous ne l'avons pas recherchée aux jours de Saül.
၃ငါ တို့၏ဘုရားသခင် သေတ္တာ တော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလု လက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်း လေ့မ ရှိပါတကားဟု မိန့်တော်မူသောစကားကို၊
4 Et toute l'assemblée répondit qu'on le fît ainsi; car la chose avait été trouvée bonne par tout le peuple.
၄စည်းဝေးသော ပရိသတ် အပေါင်း တို့သည် နှစ်သက် သောကြောင့် ၊ အမိန့်တော်အတိုင်းပြု ပါမည်ဟု ဝန်ခံ ကြ၏။
5 David donc assembla tout Israël, depuis Sihor, [le torrent] d'Egypte, jusqu'à l'entrée [du pays] de Hamath, pour ramener de Kirjath-jéharim l'Arche de Dieu.
၅ထိုသို့ဒါဝိဒ် သည် ဘုရားသခင် ၏ သေတ္တာ တော် ကို၊ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့ခြင်းငှါ အဲဂုတ္တု ပြည် အနား၊ ရှိဟောရ မြစ်မှစ၍ ဟာမတ် မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေပြီးလျှင်၊
6 Et David monta avec tout Israël [vers] Bahala à Kirjath-jéharim, qui appartient à Juda, pour faire amener de là l'Arche de Dieu l'Eternel, qui habite entre les chérubins, le nom duquel est invoqué.
၆ခေရုဗိမ် ကြားမှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ၏နာမ တော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ၊ ယုဒ ပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာ မြို့သို့ သွား လေ၏။
7 Et ils mirent l'Arche de Dieu sur un chariot neuf, [et l'emmenèrent] de la maison d'Abinadab; et Huza et Ahio conduisaient le chariot.
၇ဘုရားသခင် ၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင်၍ အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ ဩဇ နှင့် အဟိဩ သည်လှည်း ကို နှင် ကြ၏။
8 Et David et tout Israël jouaient en la présence de Dieu de toute leur force, des cantiques, sur des violons, des musettes, des tambours, des cymbales, et des trompettes.
၈ဒါဝိဒ် နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် သီချင်း ဆိုလျက် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ၊ ခွက်ကွင်း ၊ တံပိုး တို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အား ထုတ်၍ တီးမှုတ် ကြ၏။
9 Et quand ils furent arrivés à l'aire de Kidon, Huza étendit sa main pour retenir l'Arche, parce que les bœufs avaient glissé.
၉ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။
10 Et la colère de l'Eternel s'enflamma contre Huza, qui le frappa, parce qu'il avait étendu sa main contre l'Arche; et il mourut en la présence de Dieu.
၁၀ထိုသို့ သေတ္တာ တော်ကို ကိုင် သောကြောင့် ၊ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင် ရှေ့ တော်၌ သေ လေ၏။
11 Et David fut affligé de ce que l'Eternel avait fait une brèche en la personne de Huza; et on a appelé jusqu'à aujourd'hui le nom de ce lieu-là, Pérets-Huza.
၁၁ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။
12 Et David eut peur de Dieu en ce jour-là, et il dit: Comment ferais-je entrer chez moi l'Arche de Dieu?
၁၂ထို နေ့ ၌ ဒါဝိဒ် သည် ဘုရားသခင် ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာ တော်ကို အဘယ်ကြောင့်ငါ့ ထံသို့ ဆောင် ခဲ့ရမည်နည်းဟုဆို လျက်၊
13 C'est pourquoi David ne la retira point chez lui, dans la Cité de David; mais il la fit détourner dans la maison d'Hobed-Edom Guittien.
၁၃မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လွှဲ ၍ ဆောင်သွားလေ၏။
14 Et l'Arche de Dieu demeura trois mois avec la famille d'Hobed-Edom, dans sa maison; et l'Eternel bénit la maison d'Hobed-Edom, et tout ce qui lui appartenait.
၁၄ဘုရားသခင် ၏သေတ္တာ တော်သည် သုံး လ ပတ်လုံး၊ ဩဗဒေဒုံ အိမ် တွင် အိမ်သူ အိမ်သားများဆီမှာ ရှိ ၏။ ထာဝရဘုရား သည် ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သား အပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။