< Psaumes 105 >
1 Louez l’Éternel, invoquez son nom! Faites connaître parmi les peuples ses hauts faits!
၁ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။
2 Chantez, chantez en son honneur! Parlez de toutes ses merveilles!
၂ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။
3 Glorifiez-vous de son saint nom! Que le cœur de ceux qui cherchent l’Éternel se réjouisse!
၃သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
4 Ayez recours à l’Éternel et à son appui, Cherchez continuellement sa face!
၄ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။
5 Souvenez-vous des prodiges qu’il a faits, De ses miracles et des jugements de sa bouche,
၅စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။
6 Postérité d’Abraham, son serviteur, Enfants de Jacob, ses élus!
၆ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
7 L’Éternel est notre Dieu; Ses jugements s’exercent sur toute la terre.
၇ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား စီရင်ပိုင်တော်မူ၏။
8 Il se rappelle à toujours son alliance, Ses promesses pour mille générations,
၈ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊
9 L’alliance qu’il a traitée avec Abraham, Et le serment qu’il a fait à Isaac;
၉အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊
10 Il l’a érigée pour Jacob en loi, Pour Israël en alliance éternelle,
၁၀အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊
11 Disant: Je te donnerai le pays de Canaan Comme héritage qui vous est échu.
၁၁ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊
12 Ils étaient alors peu nombreux, Très peu nombreux, et étrangers dans le pays,
၁၂လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။
13 Et ils allaient d’une nation à l’autre Et d’un royaume vers un autre peuple;
၁၃သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
14 Mais il ne permit à personne de les opprimer, Et il châtia des rois à cause d’eux:
၁၄သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊
15 Ne touchez pas à mes oints, Et ne faites pas de mal à mes prophètes!
၁၅ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
16 Il appela sur le pays la famine, Il coupa tout moyen de subsistance.
၁၆တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊
17 Il envoya devant eux un homme: Joseph fut vendu comme esclave.
၁၇ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
18 On serra ses pieds dans des liens, On le mit aux fers,
၁၈သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။
19 Jusqu’au temps où arriva ce qu’il avait annoncé, Et où la parole de l’Éternel l’éprouva.
၁၉သူ၏စကား မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
20 Le roi fit ôter ses liens, Le dominateur des peuples le délivra.
၂၀လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
21 Il l’établit seigneur sur sa maison, Et gouverneur de tous ses biens,
၂၁သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊
22 Afin qu’il pût à son gré enchaîner ses princes, Et qu’il enseignât la sagesse à ses anciens.
၂၂မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
23 Alors Israël vint en Égypte, Et Jacob séjourna dans le pays de Cham.
၂၃ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။
24 Il rendit son peuple très fécond, Et plus puissant que ses adversaires.
၂၄ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။
25 Il changea leur cœur, au point qu’ils haïrent son peuple Et qu’ils traitèrent ses serviteurs avec perfidie.
၂၅မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။
26 Il envoya Moïse, son serviteur, Et Aaron, qu’il avait choisi.
၂၆တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။
27 Ils accomplirent par son pouvoir des prodiges au milieu d’eux, Ils firent des miracles dans le pays de Cham.
၂၇အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
28 Il envoya des ténèbres et amena l’obscurité, Et ils ne furent pas rebelles à sa parole.
၂၈မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
29 Il changea leurs eaux en sang, Et fit périr leurs poissons.
၂၉သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
30 Le pays fourmilla de grenouilles, Jusque dans les chambres de leurs rois.
၃၀သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။
31 Il dit, et parurent les mouches venimeuses, Les poux sur tout leur territoire.
၃၁အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။
32 Il leur donna pour pluie de la grêle, Des flammes de feu dans leur pays.
၃၂မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
33 Il frappa leurs vignes et leurs figuiers, Et brisa les arbres de leur contrée.
၃၃သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။
34 Il dit, et parurent les sauterelles, Des sauterelles sans nombre,
၃၄အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊
35 Qui dévorèrent toute l’herbe du pays, Qui dévorèrent les fruits de leurs champs.
၃၅သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။
36 Il frappa tous les premiers-nés dans leur pays, Toutes les prémices de leur force.
၃၆သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
37 Il fit sortir son peuple avec de l’argent et de l’or, Et nul ne chancela parmi ses tribus.
၃၇မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။
38 Les Égyptiens se réjouirent de leur départ, Car la terreur qu’ils avaient d’eux les saisissait.
၃၈အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။
39 Il étendit la nuée pour les couvrir, Et le feu pour éclairer la nuit.
၃၉သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
40 A leur demande, il fit venir des cailles, Et il les rassasia du pain du ciel.
၄၀သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။
41 Il ouvrit le rocher, et des eaux coulèrent; Elles se répandirent comme un fleuve dans les lieux arides.
၄၁ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။
42 Car il se souvint de sa parole sainte, Et d’Abraham, son serviteur.
၄၂အကြောင်းမူကား၊ မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။
43 Il fit sortir son peuple dans l’allégresse, Ses élus au milieu des cris de joie.
၄၃ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
44 Il leur donna les terres des nations, Et ils possédèrent le fruit du travail des peuples,
၄၄သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
45 Afin qu’ils gardassent ses ordonnances, Et qu’ils observassent ses lois. Louez l’Éternel!
၄၅