< Nombres 13 >
1 L’Éternel parla à Moïse, et dit:
၁ထာဝရဘုရားသည်မောရှေအား၊-
2 Envoie des hommes pour explorer le pays de Canaan, que je donne aux enfants d’Israël. Tu enverras un homme de chacune des tribus de leurs pères; tous seront des principaux d’entre eux.
၂``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။-
3 Moïse les envoya du désert de Paran, d’après l’ordre de l’Éternel; tous ces hommes étaient chefs des enfants d’Israël.
၃မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
4 Voici leurs noms. Pour la tribu de Ruben: Schammua, fils de Zaccur;
၄
5 pour la tribu de Siméon: Schaphath, fils de Hori;
၅
6 pour la tribu de Juda: Caleb, fils de Jephunné;
၆
7 pour la tribu d’Issacar: Jigual, fils de Joseph;
၇
8 pour la tribu d’Éphraïm: Hosée, fils de Nun;
၈
9 pour la tribu de Benjamin: Palthi, fils de Raphu;
၉
10 pour la tribu de Zabulon: Gaddiel, fils de Sodi;
၁၀
11 pour la tribu de Joseph, la tribu de Manassé: Gaddi, fils de Susi;
၁၁
12 pour la tribu de Dan: Ammiel, fils de Guemalli;
၁၂
13 pour la tribu d’Aser: Sethur, fils de Micaël;
၁၃
14 pour la tribu de Nephthali: Nachbi, fils de Vophsi;
၁၄
15 pour la tribu de Gad: Guéuel, fils de Maki.
၁၅
16 Tels sont les noms des hommes que Moïse envoya pour explorer le pays. Moïse donna à Hosée, fils de Nun, le nom de Josué.
၁၆ဤသူတို့သည်ကားခါနာန်ပြည်ကိုစုံစမ်း ထောက်လှမ်းရန် မောရှေစေလွှတ်သောသူလျှို များဖြစ်ကြသည်။ မောရှေသည်နုန်၏သား သြရှေကိုယောရှုဟူသောနာမည်သို့ပြောင်း ၍မှည့်ခေါ်လေသည်။
17 Moïse les envoya pour explorer le pays de Canaan. Il leur dit: Montez ici, par le midi; et vous monterez sur la montagne.
၁၇မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။-
18 Vous verrez le pays, ce qu’il est, et le peuple qui l’habite, s’il est fort ou faible, s’il est en petit ou en grand nombre;
၁၈ထိုပြည်သည်မည်ကဲ့သို့သောပြည်ဖြစ်သည်၊ လူဦးရေမည်မျှရှိသည်၊ အင်အားမည်မျှ တောင့်တင်းသည်ကိုစုံစမ်းထောက်လှမ်းလော့။-
19 ce qu’est le pays où il habite, s’il est bon ou mauvais; ce que sont les villes où il habite, si elles sont ouvertes ou fortifiées;
၁၉ထိုပြည်သည်နေထိုင်ဖွယ်ကောင်းသည်မကောင်း သည်ကိုလည်းကောင်း၊ မြို့များသည်တံတိုင်း အကာအရံရှိသည်မရှိသည်ကိုလည်း ကောင်းစုံစမ်းထောက်လှမ်းလော့။-
20 ce qu’est le terrain, s’il est gras ou maigre, s’il y a des arbres ou s’il n’y en a point. Ayez bon courage, et prenez des fruits du pays. C’était le temps des premiers raisins.
၂၀ထိုပြည်သည်မြေသြဇာထက်သန်သည်မထက် သန်သည် တောထူထပ်သည်မထူထပ်သည်ကို လည်းစုံစမ်းထောက်လှမ်းလော့။ ထိုပြည်မှထွက် သောသစ်သီးအချို့ကိုလည်းယူခဲ့လော့'' ဟု မှာကြားလေသည်။ (ထိုအချိန်သည်စပျစ် သီးမှည့်စအချိန်ဖြစ်၏။)
21 Ils montèrent, et ils explorèrent le pays, depuis le désert de Tsin jusqu’à Rehob, sur le chemin de Hamath.
၂၁သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-
22 Ils montèrent, par le midi, et ils allèrent jusqu’à Hébron, où étaient Ahiman, Schéschaï et Talmaï, enfants d’Anak. Hébron avait été bâtie sept ans avant Tsoan en Égypte.
၂၂ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
23 Ils arrivèrent jusqu’à la vallée d’Eschcol, où ils coupèrent une branche de vigne avec une grappe de raisin, qu’ils portèrent à deux au moyen d’une perche; ils prirent aussi des grenades et des figues.
၂၃ထိုနောက်သူတို့သည်ဧရှကောလချိုင့်ဝှမ်း သို့ရောက်၍ စပျစ်သီးတစ်ခိုင်ကိုဖြတ်ယူကြ သည်။ ထိုစပျစ်ခိုင်မှာအလွန်လေးလံသဖြင့် လူနှစ်ယောက်ထမ်းပိုးလျှို၍ထမ်းရသည်။ သူ တို့သည်သလဲသီးနှင့်သဖန်းသီးအချို့ ကိုလည်းယူခဲ့ကြသည်။-
24 On donna à ce lieu le nom de vallée d’Eschcol, à cause de la grappe que les enfants d’Israël y coupèrent.
၂၄(ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25 Ils furent de retour de l’exploration du pays au bout de quarante jours.
၂၅သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26 A leur arrivée, ils se rendirent auprès de Moïse et d’Aaron, et de toute l’assemblée des enfants d’Israël, à Kadès dans le désert de Paran. Ils leur firent un rapport, ainsi qu’à toute l’assemblée, et ils leur montrèrent les fruits du pays.
၂၆မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
27 Voici ce qu’ils racontèrent à Moïse: Nous sommes allés dans le pays où tu nous as envoyés. A la vérité, c’est un pays où coulent le lait et le miel, et en voici les fruits.
၂၇သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။-
28 Mais le peuple qui habite ce pays est puissant, les villes sont fortifiées, très grandes; nous y avons vu des enfants d’Anak.
၂၈သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။-
29 Les Amalécites habitent la contrée du midi; les Héthiens, les Jébusiens et les Amoréens habitent la montagne; et les Cananéens habitent près de la mer et le long du Jourdain.
၂၉အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။
30 Caleb fit taire le peuple, qui murmurait contre Moïse. Il dit: Montons, emparons-nous du pays, nous y serons vainqueurs!
၃၀သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
31 Mais les hommes qui y étaient allés avec lui dirent: Nous ne pouvons pas monter contre ce peuple, car il est plus fort que nous.
၃၁သို့သော်လည်းကာလက်နှင့်အတူလိုက်ပါ သွားသူတို့က``ငါတို့သည်ထိုပြည်ကိုတိုက် ခိုက်အောင်မြင်နိုင်စွမ်းမရှိပါ။ ထိုပြည်သား တို့သည်ငါတို့ထက်အင်အားကြီးပါသည်'' ဟုဆိုကြ၏။-
32 Et ils décrièrent devant les enfants d’Israël le pays qu’ils avaient exploré. Ils dirent: Le pays que nous avons parcouru, pour l’explorer, est un pays qui dévore ses habitants; tous ceux que nous y avons vus sont des hommes d’une haute taille;
၃၂သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။-
33 et nous y avons vu les géants, enfants d’Anak, de la race des géants: nous étions à nos yeux et aux leurs comme des sauterelles.
၃၃အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။