< Néhémie 7 >

1 Lorsque la muraille fut rebâtie et que j’eus posé les battants des portes, on établit dans leurs fonctions les portiers, les chantres et les Lévites.
မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါး တို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသား တို့ကို ခန့်ထားပြီးမှ၊
2 Je donnai mes ordres à Hanani, mon frère, et à Hanania, chef de la citadelle de Jérusalem, homme supérieur au grand nombre par sa fidélité et par sa crainte de Dieu.
သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊
3 Je leur dis: Les portes de Jérusalem ne s’ouvriront pas avant que la chaleur du soleil soit venue, et l’on fermera les battants aux verrous en votre présence; les habitants de Jérusalem feront la garde, chacun à son poste devant sa maison.
နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။
4 La ville était spacieuse et grande, mais peu peuplée, et les maisons n’étaient pas bâties.
အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည် မဆောက်ကြသေး
5 Mon Dieu me mit au cœur d’assembler les grands, les magistrats et le peuple, pour en faire le dénombrement. Je trouvai un registre généalogique de ceux qui étaient montés les premiers, et j’y vis écrit ce qui suit.
ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
6 Voici ceux de la province qui revinrent de l’exil, ceux que Nebucadnetsar, roi de Babylone, avait emmenés captifs, et qui retournèrent à Jérusalem et en Juda, chacun dans sa ville.
တဖန်ငါတွေ့သောစာရင်းတည်းဟူသော၊
7 Ils partirent avec Zorobabel, Josué, Néhémie, Azaria, Raamia, Nachamani, Mardochée, Bilschan, Mispéreth, Bigvaï, Nehum, Baana. Nombre des hommes du peuple d’Israël:
ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်း ဟူမူကား၊
8 les fils de Pareosch, deux mille cent soixante-douze;
ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက်၊
9 les fils de Schephathia, trois cent soixante-douze;
ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
10 les fils d’Arach, six cent cinquante-deux;
၁၀အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ် ယောက်၊
11 les fils de Pachath-Moab, des fils de Josué et de Joab, deux mille huit cent dix-huit;
၁၁ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက်၊
12 les fils d’Élam, mille deux cent cinquante-quatre;
၁၂ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေး ယောက်၊
13 les fils de Zatthu, huit cent quarante-cinq;
၁၃ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက်၊
14 les fils de Zaccaï, sept cent soixante;
၁၄ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
15 les fils de Binnuï, six cent quarante-huit;
၁၅ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ် ယောက်၊
16 les fils de Bébaï, six cent vingt-huit;
၁၆ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊
17 les fils d’Azgad, deux mille trois cent vingt-deux;
၁၇အာဇဂဒ်အမျိုးသား တထောင်သုံးရာနှစ်ဆယ် နှစ်ယောက်၊
18 les fils d’Adonikam, six cent soixante-sept;
၁၈အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက်၊
19 les fils de Bigvaï, deux mille soixante-sept;
၁၉ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခုနစ် ယောက်၊
20 les fils d’Adin, six cent cinquante-cinq;
၂၀အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါး ယောက်၊
21 les fils d’Ather, de la famille d’Ézéchias, quatre-vingt-dix-huit;
၂၁ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက်၊
22 les fils de Haschum, trois cent vingt-huit;
၂၂ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက်၊
23 les fils de Betsaï, trois cent vingt-quatre;
၂၃ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက်၊
24 les fils de Hariph, cent douze;
၂၄ဟာရိပ်အမျိုးသား တရာတဆယ်နှစ်ယောက်၊
25 les fils de Gabaon, quatre-vingt-quinze;
၂၅ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊
26 les gens de Bethléhem et de Netopha, cent quatre-vingt-huit;
၂၆ဗက်လင်မြို့၊ နေတောဖမြို့သား တရာရှစ်ဆယ် ရှစ်ယောက်၊
27 les gens d’Anathoth, cent vingt-huit;
၂၇အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက်၊
28 les gens de Beth-Azmaveth, quarante-deux;
၂၈ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
29 les gens de Kirjath-Jearim, de Kephira et de Beéroth, sept cent quarante-trois;
၂၉ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
30 les gens de Rama et de Guéba, six cent vingt et un;
၃၀ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက်၊
31 les gens de Micmas, cent vingt-deux;
၃၁မိတ်မတ်မြို့သား တရာနှစ်ဆယ်နှစ်ယောက်၊
32 les gens de Béthel et d’Aï, cent vingt-trois;
၃၂ဗေသလမြို့၊ အာဣမြို့သားတရာနှစ်ဆယ်သုံး ယောက်၊
33 les gens de l’autre Nebo, cinquante-deux;
၃၃အခြားသော နေဗောမြို့သား ငါးဆယ်နှစ် ယောက်၊
34 les fils de l’autre Élam, mille deux cent cinquante-quatre;
၃၄အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ် လေးယောက်၊
35 les fils de Harim, trois cent vingt;
၃၅ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
36 les fils de Jéricho, trois cent quarante-cinq;
၃၆ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
37 les fils de Lod, de Hadid et d’Ono, sept cent vingt et un;
၃၇လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ်တယောက်၊
38 les fils de Senaa, trois mille neuf cent trente.
၃၈သောနာမြို့သား သုံးထောင်ကိုးရာ သုံးဆယ် တည်း။
39 Sacrificateurs: les fils de Jedaeja, de la maison de Josué, neuf cent soixante-treize;
၃၉ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
40 les fils d’Immer, mille cinquante-deux;
၄၀ဣမေရအမျိုးသား တထောင်ငါးဆယ်နှစ် ယောက်၊
41 les fils de Paschhur, mille deux cent quarante-sept;
၄၁ပါရှုရအမျိုးသား တထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
42 les fils de Harim, mille dix-sept.
၄၂ဟာရိမ်အမျိုးသားတထောင် တဆယ်ခုနစ် ယောက်တည်း။
43 Lévites: les fils de Josué et de Kadmiel, des fils d’Hodva, soixante-quatorze.
၄၃လေဝိသားစာရင်းဟူမူကား၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက်၊
44 Chantres: les fils d’Asaph, cent quarante-huit.
၄၄သီချင်းသည်၊ အာသပ်အမျိုးသား တရားလေး ဆယ်ရှစ်ယောက်၊
45 Portiers: les fils de Schallum, les fils d’Ather, les fils de Thalmon, les fils d’Akkub, les fils de Hathitha, les fils de Schobaï, cent trente-huit.
၄၅တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုး သား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတ အမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း။
46 Néthiniens: les fils de Tsicha, les fils de Hasupha, les fils de Thabbaoth,
၄၆ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုး သား၊ တဗ္ဗောက်အမျိုးသား၊
47 les fils de Kéros, les fils de Sia, les fils de Padon,
၄၇ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန် အမျိုးသား၊
48 les fils de Lebana, les fils de Hagaba, les fils de Salmaï,
၄၈လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲ အမျိုးသား၊
49 les fils de Hanan, les fils de Guiddel, les fils de Gachar,
၄၉ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာ အမျိုးသား၊
50 les fils de Reaja, les fils de Retsin, les fils de Nekoda,
၅၀ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒ အမျိုးသား၊
51 les fils de Gazzam, les fils d’Uzza, les fils de Paséach,
၅၁ဂဇ္ဇမ်အမျိုးသား၊ ဩဇအမျိုးသား၊ ပါသာ အမျိုးသား၊
52 les fils de Bésaï, les fils de Mehunim, les fils de Nephischsim,
၅၂ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ် အမျိုးသား၊
53 les fils de Bakbuk, les fils de Hakupha, les fils de Harhur,
၅၃ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
54 les fils de Batslith, les fils de Mehida, les fils de Harscha,
၅၄ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊
55 les fils de Barkos, les fils de Sisera, les fils de Thamach,
၅၅ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမ အမျိုးသား၊
56 les fils de Netsiach, les fils de Hathipha.
၅၆နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
57 Fils des serviteurs de Salomon: les fils de Sothaï, les fils de Sophéreth, les fils de Perida,
၅၇ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား
58 les fils de Jaala, les fils de Darkon, les fils de Guiddel,
၅၈ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊
59 les fils de Schephathia, les fils de Hatthil, les fils de Pokéreth-Hatsebaïm, les fils d’Amon.
၅၉ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခ ရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသား တည်း။
60 Total des Néthiniens et des fils des serviteurs de Salomon: trois cent quatre-vingt-douze.
၆၀ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
61 Voici ceux qui partirent de Thel-Mélach, de Thel-Harscha, de Kerub-Addon, et d’Immer, et qui ne purent pas faire connaître leur maison paternelle et leur race, pour prouver qu’ils étaient d’Israël.
၆၁ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊
62 Les fils de Delaja, les fils de Tobija, les fils de Nekoda, six cent quarante-deux.
၆၂ဒေလာယအမျိုးသား၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။
63 Et parmi les sacrificateurs: les fils de Hobaja, les fils d’Hakkots, les fils de Barzillaï, qui avait pris pour femme une des filles de Barzillaï, le Galaadite, et fut appelé de leur nom.
၆၃ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊
64 Ils cherchèrent leurs titres généalogiques, mais ils ne les trouvèrent point. On les exclut du sacerdoce,
၆၄စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ။
65 et le gouverneur leur dit de ne pas manger des choses très saintes jusqu’à ce qu’un sacrificateur eût consulté l’urim et le thummim.
၆၅ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
66 L’assemblée tout entière était de quarante-deux mille trois cent soixante personnes,
၆၆ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
67 sans compter leurs serviteurs et leurs servantes, au nombre de sept mille trois cent trente-sept. Parmi eux se trouvaient deux cent quarante-cinq chantres et chanteuses.
၆၇ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊
68 Ils avaient sept cent trente-six chevaux, deux cent quarante-cinq mulets,
၆၈မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊
69 quatre cent trente-cinq chameaux, et six mille sept cent vingt ânes.
၆၉ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
70 Plusieurs des chefs de famille firent des dons pour l’œuvre. Le gouverneur donna au trésor mille dariques d’or, cinquante coupes, cinq cent trente tuniques sacerdotales.
၇၀အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။
71 Les chefs de familles donnèrent au trésor de l’œuvre vingt mille dariques d’or et deux mille deux cents mines d’argent.
၇၁အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။
72 Le reste du peuple donna vingt mille dariques d’or, deux mille mines d’argent, et soixante-sept tuniques sacerdotales.
၇၂ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
73 Les sacrificateurs et les Lévites, les portiers, les chantres, les gens du peuple, les Néthiniens et tout Israël s’établirent dans leurs villes. Le septième mois arriva, et les enfants d’Israël étaient dans leurs villes.
၇၃ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့ နေရာ မြို့ရွာတို့၌ နေရာကျကြ၏။

< Néhémie 7 >