< Matthieu 13 >
1 Ce même jour, Jésus sortit de la maison, et s’assit au bord de la mer.
၁ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။-
2 Une grande foule s’étant assemblée auprès de lui, il monta dans une barque, et il s’assit. Toute la foule se tenait sur le rivage.
၂အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
3 Il leur parla en paraboles sur beaucoup de choses, et il dit:
၃ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။ ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။-
4 Un semeur sortit pour semer. Comme il semait, une partie de la semence tomba le long du chemin: les oiseaux vinrent, et la mangèrent.
၄မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။-
5 Une autre partie tomba dans les endroits pierreux, où elle n’avait pas beaucoup de terre: elle leva aussitôt, parce qu’elle ne trouva pas un sol profond;
၅အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
6 mais, quand le soleil parut, elle fut brûlée et sécha, faute de racines.
၆နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။-
7 Une autre partie tomba parmi les épines: les épines montèrent, et l’étouffèrent.
၇အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။-
8 Une autre partie tomba dans la bonne terre: elle donna du fruit, un grain cent, un autre soixante, un autre trente.
၈အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။
9 Que celui qui a des oreilles pour entendre entende.
၉ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။
10 Les disciples s’approchèrent, et lui dirent: Pourquoi leur parles-tu en paraboles?
၁၀တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
11 Jésus leur répondit: Parce qu’il vous a été donné de connaître les mystères du royaume des cieux, etque cela ne leur a pas été donné.
၁၁ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
12 Car on donnera à celui qui a, et il sera dans l’abondance, mais à celui qui n’a pas on ôtera même ce qu’il a.
၁၂ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-
13 C’est pourquoi je leur parle en paraboles, parce qu’en voyant ils ne voient point, et qu’en entendant ils n’entendent ni ne comprennent.
၁၃သူတို့အားပုံဥပမာဆောင်၍ငါပြောရသည့် အကြောင်းမှာသူတို့သည်ကြည့်သော်လည်းမမြင်၊ နားထောင်သော်လည်းမကြားသို့မဟုတ်နားမ လည်သောကြောင့်ဖြစ်၏။
14 Et pour eux s’accomplit cette prophétie d’Ésaïe: Vous entendrez de vos oreilles, et vous ne comprendrez point; Vous regarderez de vos yeux, et vous ne verrez point.
၁၄ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။
15 Car le cœur de ce peuple est devenu insensible; Ils ont endurci leurs oreilles, et ils ont fermé leurs yeux, De peur qu’ils ne voient de leurs yeux, qu’ils n’entendent de leurs oreilles, Qu’ils ne comprennent de leur cœur, Qu’ils ne se convertissent, et que je ne les guérisse.
၁၅ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
16 Mais heureux sont vos yeux, parce qu’ils voient, et vos oreilles, parce qu’elles entendent!
၁၆``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
17 Je vous le dis en vérité, beaucoup de prophètes et de justes ont désiré voir ce que vous voyez, et ne l’ont pas vu, entendre ce que vous entendez, et ne l’ont pas entendu.
၁၇အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။
18 Vous donc, écoutez ce que signifie la parabole du semeur.
၁၈``ထို့ကြောင့်မျိုးကြဲသူ၏ပုံဥပမာအနက် အဋ္ဌိပ္ပါယ်ကိုနားထောင်ကြလော့။-
19 Lorsqu’un homme écoute la parole duroyaume et ne la comprend pas, le malin vient et enlève ce qui a été semé dans son cœur: cet homme est celui qui a reçu la semence le long du chemin.
၁၉လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။-
20 Celui qui a reçu la semence dans les endroits pierreux, c’est celui qui entend la parole et la reçoit aussitôt avec joie;
၂၀ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။-
21 mais il n’a pas de racines en lui-même, il manque de persistance, et, dès que survient une tribulation ou une persécution à cause de la parole, il y trouve une occasion de chute.
၂၁သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
22 Celui qui a reçu la semence parmi les épines, c’est celui qui entend la parole, mais en qui les soucis du siècle et la séduction des richesses étouffent cette parole, et la rendent infructueuse. (aiōn )
၂၂ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- (aiōn )
23 Celui qui a reçu la semence dans la bonne terre, c’est celui qui entend la parole et la comprend; il porte du fruit, et un grain en donne cent, un autre soixante, un autre trente.
၂၃မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
24 Il leur proposa une autre parabole, et il dit: Le royaume des cieux est semblable à un homme qui a semé une bonne semence dans son champ.
၂၄သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။-
25 Mais, pendant que les gens dormaient, son ennemi vint, sema de l’ivraie parmi le blé, et s’en alla.
၂၅သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။-
26 Lorsque l’herbe eut poussé et donné du fruit, l’ivraie parut aussi.
၂၆ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။-
27 Les serviteurs du maître de la maison vinrent lui dire: Seigneur, n’as-tu pas semé une bonne semence dans ton champ? D’où vient donc qu’il y a de l’ivraie?
၂၇ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။-
28 Il leur répondit: C’est un ennemi qui a fait cela. Et les serviteurs lui dirent: Veux-tu que nous allions l’arracher?
၂၈လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။-
29 Non, dit-il, de peur qu’en arrachant l’ivraie, vous ne déraciniez en même temps le blé.
၂၉လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။-
30 Laissez croître ensemble l’un et l’autre jusqu’à la moisson, et, à l’époque de la moisson, je dirai aux moissonneurs: Arrachez d’abord l’ivraie, et liez-la en gerbes pour la brûler, mais amassez le blé dans mon grenier.
၃၀ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
31 Il leur proposa une autre parabole, et il dit: Le royaume des cieux est semblable à un grain de sénevé qu’un homme a pris et semé dans son champ.
၃၁သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။-
32 C’est la plus petite de toutes les semences; mais, quand il a poussé, il est plus grand que les légumes et devient un arbre, de sorte que les oiseaux du ciel viennent habiter dans ses branches.
၃၂ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။
33 Il leur dit cette autre parabole: Le royaume des cieux est semblable à du levain qu’une femme a pris et mis dans trois mesures de farine, jusqu’à ce que la pâte soit toute levée.
၃၃ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
34 Jésus dit à la foule toutes ces choses en paraboles, et il ne lui parlait point sans parabole,
၃၄သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။-
35 afin que s’accomplît ce qui avait été annoncé par le prophète: J’ouvrirai ma bouche en paraboles, Je publierai des choses cachées depuis la création du monde.
၃၅ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
36 Alors il renvoya la foule, et entra dans la maison. Ses disciples s’approchèrent de lui, et dirent: Explique-nous la parabole de l’ivraie du champ.
၃၆ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
37 Il répondit: Celui qui sème la bonne semence, c’est le Fils de l’homme;
၃၇ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။-
38 le champ, c’est le monde; la bonne semence, ce sont les fils du royaume; l’ivraie, ce sont les fils du malin;
၃၈ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။-
39 l’ennemi qui l’a semée, c’est le diable; la moisson, c’est la fin du monde; les moissonneurs, ce sont les anges. (aiōn )
၃၉ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- (aiōn )
40 Or, comme on arrache l’ivraie et qu’on la jette au feu, il en sera de même à la fin du monde. (aiōn )
၄၀ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- (aiōn )
41 Le Fils de l’homme enverra ses anges, qui arracheront de son royaume tous les scandales et ceux qui commettent l’iniquité:
၄၁လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊-
42 et ils les jetteront dans la fournaise ardente, où il y aura des pleurs et des grincements de dents.
၄၂တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။-
43 Alors les justes resplendiront comme le soleil dans le royaume de leur Père. Que celui qui a des oreilles pour entendre entende.
၄၃ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
44 Le royaume des cieux est encore semblable à un trésor caché dans un champ. L’homme qui l’a trouvé le cache; et, dans sa joie, il va vendre tout ce qu’il a, et achète ce champ.
၄၄``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။
45 Le royaume des cieux est encore semblable à un marchand qui cherche de belles perles.
၄၅``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။-
46 Il a trouvé une perle de grand prix; et il est allé vendre tout ce qu’il avait, et l’a achetée.
၄၆ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။
47 Le royaume des cieux est encore semblable à un filet jeté dans la mer et ramassant des poissons de toute espèce.
၄၇``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။-
48 Quand il est rempli, les pêcheurs le tirent; et, après s’être assis sur le rivage, ils mettent dans des vases ce qui est bon, et ils jettent ce qui est mauvais.
၄၈ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။-
49 Il en sera de même à la fin du monde. Les anges viendront séparer les méchants d’avec les justes, (aiōn )
၄၉ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊- (aiōn )
50 et ils les jetteront dans la fournaise ardente, où il y aura des pleurs et des grincements de dents.
၅၀တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
51 Avez-vous compris toutes ces choses? Oui, répondirent-ils.
၅၁သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။
52 Et il leur dit: C’est pourquoi, tout scribe instruit de ce qui regarde le royaume des cieux est semblable à un maître de maison qui tire de son trésor des choses nouvelles et des choses anciennes.
၅၂သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။
53 Lorsque Jésus eut achevé ces paraboles, il partit de là.
၅၃ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊-
54 S’étant rendu dans sa patrie, il enseignait dans la synagogue, de sorte que ceux qui l’entendirent étaient étonnés et disaient: D’où lui viennent cette sagesse et ces miracles?
၅၄မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
55 N’est-ce pas le fils du charpentier? N’est-ce pas Marie qui est sa mère? Jacques, Joseph, Simon et Jude, ne sont-ils pas ses frères?
၅၅သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
56 et ses sœurs ne sont-elles pas toutes parmi nous? D’où lui viennent donc toutes ces choses?
၅၆သူ့နှမများသည်လည်းငါတို့မြို့သူများမဟုတ်ပါ လော။ သို့ဖြစ်ပါလျက်သူသည်ဤတန်ခိုးကိုအဘယ် ကရရှိပါသနည်း'' ဟုဆိုကာ၊-
57 Et il était pour eux une occasion de chute. Mais Jésus leur dit: Un prophète n’est méprisé que dans sa patrie et dans sa maison.
၅၇ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။ သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။-
58 Et il ne fit pas beaucoup de miracles dans ce lieu, à cause de leur incrédulité.
၅၈ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။