< Lévitique 20 >
1 L’Éternel parla à Moïse, et dit:
၁တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2 Tu diras aux enfants d’Israël: Si un homme des enfants d’Israël ou des étrangers qui séjournent en Israël livre à Moloc l’un de ses enfants, il sera puni de mort: le peuple du pays le lapidera.
၂ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
3 Et moi, je tournerai ma face contre cet homme, et je le retrancherai du milieu de son peuple, parce qu’il a livré de ses enfants à Moloc, souillé mon sanctuaire et profané mon saint nom.
၃ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
4 Si le peuple du pays détourne ses regards de cet homme, qui livre de ses enfants à Moloc, et s’il ne le fait pas mourir,
၄မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
5 je tournerai, moi, ma face contre cet homme et contre sa famille, et je le retrancherai du milieu de son peuple, avec tous ceux qui se prostituent comme lui en se prostituant à Moloc.
၅ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
6 Si quelqu’un s’adresse aux morts et aux esprits, pour se prostituer après eux, je tournerai ma face contre cet homme, je le retrancherai du milieu de son peuple.
၆လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
7 Vous vous sanctifierez et vous serez saints, car je suis l’Éternel, votre Dieu.
၇သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
8 Vous observerez mes lois, et vous les mettrez en pratique. Je suis l’Éternel, qui vous sanctifie.
၈ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
9 Si un homme quelconque maudit son père ou sa mère, il sera puni de mort; il a maudit son père ou sa mère: son sang retombera sur lui.
၉မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
10 Si un homme commet un adultère avec une femme mariée, s’il commet un adultère avec la femme de son prochain, l’homme et la femme adultères seront punis de mort.
၁၀သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
11 Si un homme couche avec la femme de son père, et découvre ainsi la nudité de son père, cet homme et cette femme seront punis de mort: leur sang retombera sur eux.
၁၁ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
12 Si un homme couche avec sa belle-fille, ils seront tous deux punis de mort; ils ont fait une confusion: leur sang retombera sur eux.
၁၂ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
13 Si un homme couche avec un homme comme on couche avec une femme, ils ont fait tous deux une chose abominable; ils seront punis de mort: leur sang retombera sur eux.
၁၃မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
14 Si un homme prend pour femmes la fille et la mère, c’est un crime: on les brûlera au feu, lui et elles, afin que ce crime n’existe pas au milieu de vous.
၁၄ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
15 Si un homme couche avec une bête, il sera puni de mort; et vous tuerez la bête.
၁၅ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
16 Si une femme s’approche d’une bête, pour se prostituer à elle, tu tueras la femme et la bête; elles seront mises à mort: leur sang retombera sur elles.
၁၆မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
17 Si un homme prend sa sœur, fille de son père ou fille de sa mère, s’il voit sa nudité et qu’elle voie la sienne, c’est une infamie; ils seront retranchés sous les yeux des enfants de leur peuple: il a découvert la nudité de sa sœur, il portera la peine de son péché.
၁၇ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
18 Si un homme couche avec une femme qui a son indisposition, et découvre sa nudité, s’il découvre son flux, et qu’elle découvre le flux de son sang, ils seront tous deux retranchés du milieu de leur peuple.
၁၈ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
19 Tu ne découvriras point la nudité de la sœur de ta mère, ni de la sœur de ton père, car c’est découvrir sa proche parente: ils porteront la peine de leur péché.
၁၉အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
20 Si un homme couche avec sa tante, il a découvert la nudité de son oncle; ils porteront la peine de leur péché, ils mourront sans enfant.
၂၀အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
21 Si un homme prend la femme de son frère, c’est une impureté; il a découvert la nudité de son frère: ils seront sans enfant.
၂၁ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
22 Vous observerez toutes mes lois et toutes mes ordonnances, et vous les mettrez en pratique, afin que le pays où je vous mène pour vous y établir ne vous vomisse point.
၂၂သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
23 Vous ne suivrez point les usages des nations que je vais chasser devant vous; car elles ont fait toutes ces choses, et je les ai en abomination.
၂၃သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
24 Je vous ai dit: C’est vous qui posséderez leur pays; je vous en donnerai la possession: c’est un pays où coulent le lait et le miel. Je suis l’Éternel, votre Dieu, qui vous ai séparés des peuples.
၂၄သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
25 Vous observerez la distinction entre les animaux purs et impurs, entre les oiseaux purs et impurs, afin de ne pas rendre vos personnes abominables par des animaux, par des oiseaux, par tous les reptiles de la terre, que je vous ai appris à distinguer comme impurs.
၂၅ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
26 Vous serez saints pour moi, car je suis saint, moi, l’Éternel; je vous ai séparés des peuples, afin que vous soyez à moi.
၂၆ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
27 Si un homme ou une femme ont en eux l’esprit d’un mort ou un esprit de divination, ils seront punis de mort; on les lapidera: leur sang retombera sur eux.
၂၇ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။