< Job 14 >
1 L’homme né de la femme! Sa vie est courte, sans cesse agitée.
၁လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။
2 Il naît, il est coupé comme une fleur; Il fuit et disparaît comme une ombre.
၂ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။
3 Et c’est sur lui que tu as l’œil ouvert! Et tu me fais aller en justice avec toi!
၃ထိုသို့ သောသူကို ကိုယ်တော် ကြည့် မှတ်တော်မူသလော။ အကျွန်ုပ် နှင့်ဘက်၍ တရား တွေ့တော်မူမည် လော။
4 Comment d’un être souillé sortira-t-il un homme pur? Il n’en peut sortir aucun.
၄မ သန့်ရှင်းသောအရာထဲက သန့်ရှင်း သောအရာကို အဘယ် သူထုတ်ဘော် နိုင်သနည်း။ အဘယ်သူ မျှမထုတ်မဘော်နိုင်ပါ။
5 Si ses jours sont fixés, si tu as compté ses mois, Si tu en as marqué le terme qu’il ne saurait franchir,
၅လူ ၏နေ့ ရက်တို့ကို မှတ်သား ၍၊ သူ နေရသော လ အရေ အတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မ လွန် နိုင်သော အပိုင်း အခြားကို ထား တော်မူသောကြောင့်၊
6 Détourne de lui les regards, et donne-lui du relâche, Pour qu’il ait au moins la joie du mercenaire à la fin de sa journée.
၆မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါး ကဲ့သို့ မိမိ နေ့ ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ် ရသောအခွင့် ကိုပေးတော်မူပါ။
7 Un arbre a de l’espérance: Quand on le coupe, il repousse, Il produit encore des rejetons;
၇သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။
8 Quand sa racine a vieilli dans la terre, Quand son tronc meurt dans la poussière,
၈မြေ ထဲ မှာ အမြစ် ဟောင်း ၍ ၊ မြေ ပေါ် မှာ အငုတ် သေ သော်လည်း၊
9 Il reverdit à l’approche de l’eau, Il pousse des branches comme une jeune plante.
၉ရေ ငွေ့ ကြောင့် အတက် ပေါက်၍ ၊ ပျိုး ပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံ လိမ့်မည်။
10 Mais l’homme meurt, et il perd sa force; L’homme expire, et où est-il?
၁၀လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။
11 Les eaux des lacs s’évanouissent, Les fleuves tarissent et se dessèchent;
၁၁အိုင် ရေ ပြတ် သကဲ့သို့၎င်း ၊ မြစ် ရေခန်း ခြောက် သကဲ့သို့၎င်း ၊
12 Ainsi l’homme se couche et ne se relèvera plus, Il ne se réveillera pas tant que les cieux subsisteront, Il ne sortira pas de son sommeil.
၁၂လူ သည်အိပ် ပြီးမှ နောက်တဖန်မ ထ ရ။ မိုဃ်း ကောင်းကင် မကုန်မဆုံး မှီတိုင်အောင် မ နိုး ရ။ အအိပ် အပျော်မ ပျက် ရ။
13 Oh! Si tu voulais me cacher dans le séjour des morts, M’y tenir à couvert jusqu’à ce que ta colère fût passée, Et me fixer un terme auquel tu te souviendras de moi! (Sheol )
၁၃ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။ (Sheol )
14 Si l’homme une fois mort pouvait revivre, J’aurais de l’espoir tout le temps de mes souffrances, Jusqu’à ce que mon état vînt à changer.
၁၄လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။
15 Tu appellerais alors, et je te répondrais, Tu languirais après l’ouvrage de tes mains.
၁၅အကျွန်ုပ် ကို ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်း တော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။
16 Mais aujourd’hui tu comptes mes pas, Tu as l’œil sur mes péchés;
၁၆ယခုမှာ အကျွန်ုပ် ခြေရာ တို့ကို ကိုယ်တော်သည် ရေတွက် ၍၊ အကျွန်ုပ် အပြစ် တို့ကို စောင့် တော်မူ၏။
17 Mes transgressions sont scellées en un faisceau, Et tu imagines des iniquités à ma charge.
၁၇အကျွန်ုပ် သည် မှား ခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ် ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ်အပေါ် မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
18 La montagne s’écroule et périt, Le rocher disparaît de sa place,
၁၈ပြို သောတောင် သည် ကွယ်ပျောက် တတ်ပါ၏။ ကျောက် သည်လည်း မိမိ နေရာ မှ ရွေ့ လျော့တတ်ပါ၏။ ရေ တိုက် သောကျောက်ခဲ သည်လည်း ပွန်း တတ်ပါ၏။
19 La pierre est broyée par les eaux, Et la terre emportée par leur courant; Ainsi tu détruis l’espérance de l’homme.
၁၉လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန့် ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူ မြော်လင့် စရာ အကြောင်းကို ဖျက် တော်မူ၏။
20 Tu es sans cesse à l’assaillir, et il s’en va; Tu le défigures, puis tu le renvoies.
၂၀ကိုယ်တော်သည် လူ ကို အစဉ် နိုင် တော်မူ၍ ၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကိုပေး ၍ အခြားသို့ လွှတ် လိုက်တော်မူ၏။
21 Que ses fils soient honorés, il n’en sait rien; Qu’ils soient dans l’abaissement, il l’ignore.
၂၁သူ ၏သား တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မ သိ ရပါ။ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မ ရိပ်မိ ပါ။
22 C’est pour lui seul qu’il éprouve de la douleur en son corps, C’est pour lui seul qu’il ressent de la tristesse en son âme.
၂၂သို့ရာတွင် သူ ၏ကိုယ် သည်ကိုက်ခဲ လျက်၊ သူ ၏ဝိညာဉ် သည်ညည်းတွား လျက်နေရပါသည်ဟု မြွက်ဆို၏။