< Esdras 10 >

1 Pendant qu’Esdras, pleurant et prosterné devant la maison de Dieu, faisait cette prière et cette confession, il s’était rassemblé auprès de lui une foule très nombreuse de gens d’Israël, hommes, femmes et enfants, et le peuple répandait d’abondantes larmes.
ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
2 Alors Schecania, fils de Jehiel, d’entre les fils d’Élam, prit la parole et dit à Esdras: Nous avons péché contre notre Dieu, en nous alliant à des femmes étrangères qui appartiennent aux peuples du pays. Mais Israël ne reste pas pour cela sans espérance.
ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။
3 Faisons maintenant une alliance avec notre Dieu pour le renvoi de toutes ces femmes et de leurs enfants, selon l’avis de mon seigneur et de ceux qui tremblent devant les commandements de notre Dieu. Et que l’on agisse d’après la loi.
သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့။
4 Lève-toi, car cette affaire te regarde. Nous serons avec toi. Prends courage et agis.
ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5 Esdras se leva, et il fit jurer aux chefs des sacrificateurs, des Lévites, et de tout Israël, de faire ce qui venait d’être dit. Et ils le jurèrent.
ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
6 Puis Esdras se retira de devant la maison de Dieu, et il alla dans la chambre de Jochanan, fils d’Éliaschib; quand il y fut entré, il ne mangea point de pain et il ne but point d’eau, parce qu’il était dans la désolation à cause du péché des fils de la captivité.
ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ၏။
7 On publia dans Juda et à Jérusalem que tous les fils de la captivité eussent à se réunir à Jérusalem,
သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
8 et que, d’après l’avis des chefs et des anciens, quiconque ne s’y serait pas rendu dans trois jours aurait tous ses biens confisqués et serait lui-même exclu de l’assemblée des fils de la captivité.
မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာကြ၏။
9 Tous les hommes de Juda et de Benjamin se rassemblèrent à Jérusalem dans les trois jours. C’était le vingtième jour du neuvième mois. Tout le peuple se tenait sur la place de la maison de Dieu, tremblant à cause de la circonstance et par suite de la pluie.
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။
10 Esdras, le sacrificateur, se leva et leur dit: Vous avez péché en vous alliant à des femmes étrangères, et vous avez rendu Israël encore plus coupable.
၁၀ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။
11 Confessez maintenant votre faute à l’Éternel, le Dieu de vos pères, et faites sa volonté! Séparez-vous des peuples du pays et des femmes étrangères.
၁၁သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါးအမျိုးသားမိန်းမ တို့နှင့်၎င်း ကွာကြလော့ဟု သူတို့အား ဆို၏။
12 Toute l’assemblée répondit d’une voix haute: A nous de faire comme tu l’as dit!
၁၂ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
13 Mais le peuple est nombreux, le temps est à la pluie, et il n’est pas possible de rester dehors; d’ailleurs, ce n’est pas l’œuvre d’un jour ou deux, car il y en a beaucoup parmi nous qui ont péché dans cette affaire.
၁၃သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။
14 Que nos chefs restent donc pour toute l’assemblée; et tous ceux qui dans nos villes se sont alliés à des femmes étrangères viendront à des époques fixes, avec les anciens et les juges de chaque ville, jusqu’à ce que l’ardente colère de notre Dieu se soit détournée de nous au sujet de cette affaire.
၁၄ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ရွာ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့၌ မြို့အသီးသီးအသက်ကြီး သူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။
15 Jonathan, fils d’Asaël, et Jachzia, fils de Thikva, appuyés par Meschullam et par le Lévite Schabthaï, furent les seuls à combattre cet avis,
၁၅အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။
16 auquel se conformèrent les fils de la captivité. On choisit Esdras, le sacrificateur, et des chefs de famille selon leurs maisons paternelles, tous désignés par leurs noms; et ils siégèrent le premier jour du dixième mois pour s’occuper de la chose.
၁၆သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။
17 Le premier jour du premier mois, ils en finirent avec tous les hommes qui s’étaient alliés à des femmes étrangères.
၁၇တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ၏။
18 Parmi les fils de sacrificateurs, il s’en trouva qui s’étaient alliés à des femmes étrangères: des fils de Josué, fils de Jotsadak, et de ses frères, Maaséja, Éliézer, Jarib et Guedalia,
၁၈တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
19 qui s’engagèrent, en donnant la main, à renvoyer leurs femmes et à offrir un bélier en sacrifice de culpabilité;
၁၉သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။
20 des fils d’Immer, Hanani et Zebadia;
၂၀ထိုမှတပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊
21 des fils de Harim, Maaséja, Élie, Schemaeja, Jehiel et Ozias;
၂၁ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
22 des fils de Paschhur, Éljoénaï, Maaséja, Ismaël, Nethaneel, Jozabad et Éleasa.
၂၂ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှ မေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။
23 Parmi les Lévites: Jozabad, Schimeï, Kélaja ou Kelitha, Pethachja, Juda et Éliézer.
၂၃လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်း ဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊
24 Parmi les chantres: Éliaschib. Parmi les portiers: Schallum, Thélem et Uri.
၂၄သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလင်၊ ဥရိ၊
25 Parmi ceux d’Israël: des fils de Pareosch, Ramia, Jizzija, Malkija, Mijamin, Éléazar, Malkija et Benaja;
၂၅ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
26 des fils d’Élam, Matthania, Zacharie, Jehiel, Abdi, Jerémoth et Élie;
၂၆ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊
27 des fils de Zatthu, Éljoénaï, Éliaschib, Matthania, Jerémoth, Zabad et Aziza;
၂၇ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
28 des fils de Bébaï, Jochanan, Hanania, Zabbaï et Athlaï;
၂၈ဗေဗဲအမျိုးယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊
29 des fils de Bani, Meschullam, Malluc, Adaja, Jaschub, Scheal et Ramoth;
၂၉ဗာနိအမျိုးမေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊
30 des fils de Pachath-Moab, Adna, Kelal, Benaja, Maaséja, Matthania, Betsaleel, Binnuï et Manassé;
၃၀ပါဟတ်မောဘ အမျိုးအဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
31 des fils de Harim, Éliézer, Jischija, Malkija, Schemaeja, Siméon,
၃၁ဟာရိမ်အမျိုးဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
32 Benjamin, Malluc et Schemaria;
၃၂ဟာရှုံအမျိုးမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မာနရှေ၊ ရှိမိ၊
33 des fils de Haschum, Matthnaï, Matthattha, Zabad, Éliphéleth, Jerémaï, Manassé et Schimeï;
၃၃
34 des fils de Bani, Maadaï, Amram, Uel,
၃၄ဗာနိအမျိုးမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊
35 Benaja, Bédia, Keluhu,
၃၅ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲ၊ ယာသော၊
36 Vania, Merémoth, Éliaschib,
၃၆
37 Matthania, Matthnaï, Jaasaï,
၃၇ထိုမှတပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊
38 Bani, Binnuï, Schimeï,
၃၈
39 Schélémia, Nathan, Adaja,
၃၉ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရဲ၊ ရှာရဲ၊
40 Macnadbaï, Schaschaï, Scharaï,
၄၀
41 Azareel, Schélémia, Schemaria,
၄၁အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
42 Schallum, Amaria et Joseph;
၄၂နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။
43 des fils de Nebo, Jeïel, Matthithia, Zabad, Zebina, Jaddaï, Joël et Benaja.
၄၃
44 Tous ceux-là avaient pris des femmes étrangères, et plusieurs en avaient eu des enfants.
၄၄ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက်၍ သားသမီးကို မြင်ရကြပြီ။

< Esdras 10 >