< Ézéchiel 34 >
1 La parole de l’Éternel me fut adressée, en ces mots:
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Fils de l’homme, prophétise contre les pasteurs d’Israël! Prophétise, et dis-leur, aux pasteurs: Ainsi parle le Seigneur, l’Éternel: Malheur aux pasteurs d’Israël, qui se paissaient eux-mêmes! Les pasteurs ne devaient-ils pas paître le troupeau?
၂အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။
3 Vous avez mangé la graisse, vous vous êtes vêtus avec la laine, vous avez tué ce qui était gras, vous n’avez point fait paître les brebis.
၃သင်တို့သည် သိုးနို့ ကို စား ကြ၏။ သိုးမွေး ကို ဝတ် ကြ၏။ ဆူဖြိုး သော သိုးတို့ကိုလည်း သတ် ကြ၏။ သို့ရာတွင်၊ သိုး တို့ကို မ ကျွေးမွေး ပါတကား။
4 Vous n’avez pas fortifié celles qui étaient faibles, guéri celle qui était malade, pansé celle qui était blessée; vous n’avez pas ramené celle qui s’égarait, cherché celle qui était perdue; mais vous les avez dominées avec violence et avec dureté.
၄အားနည်း သောသိုးကိုမ မစ ကြ၊ နာ သော သိုးတို့ကိုဆေး မ ကုကြ၊ အရိုးကျိုး သောသိုးကို အဝတ် နှင့် မ စည်းကြ၊ သူတပါးနှင် သော သိုးကိုလိုက် ၍မ ဆောင်ခဲ့ ကြ၊ ပျောက် သောသိုးကို မ ရှာ ကြ၊ အနိုင်အထက် ပြု၍ ကြမ်းတမ်း စွာ စီရင် ကြပြီ။
5 Elles se sont dispersées, parce qu’elles n’avaient point de pasteur; elles sont devenues la proie de toutes les bêtes des champs, elles se sont dispersées.
၅ထိန်း သောသူမ ရှိသောကြောင့် သိုးတို့သည် ကွဲပြား ကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်း သော တော သားရဲစားစရာ ဖြစ် ကြ၏။
6 Mon troupeau est errant sur toutes les montagnes et sur toutes les collines élevées, mon troupeau est dispersé sur toute la face du pays; nul n’en prend souci, nul ne le cherche.
၆ငါ့ သိုး တို့သည် တောင် များ၊ မြင့် သောကုန်း များ အပေါ်မှာ လဲ ၍ မြေ တပြင်လုံး တွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူ မျှမလိုက် မ ရှာ ကြ။
7 C’est pourquoi, pasteurs, écoutez la parole de l’Éternel!
၇သို့ဖြစ်၍ ၊ အချင်းသိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
8 Je suis vivant! Dit le Seigneur, l’Éternel, parce que mes brebis sont au pillage et qu’elles sont devenues la proie de toutes les bêtes des champs, faute de pasteur, parce que mes pasteurs ne prenaient aucun souci de mes brebis, qu’ils se paissaient eux-mêmes, et ne faisaient point paître mes brebis,
၈အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သိုးထိန်း မ ရှိ၊ အဘယ်သိုးထိန်း မျှ ငါ့ သိုး တို့ကိုမ ရှာ ၊ သိုးထိန်း တို့သည် ငါ့ သိုး တို့ကို မ ကျွေးမွေး ၊ ကိုယ် ကိုသာကျွေးမွေး သဖြင့် ၊ ငါ့ သိုး တို့သည် လုယူ ရာ၊ ခပ်သိမ်း သောတော သားရဲ စားစရာ ဖြစ် သောကြောင့် ၊
9 à cause de cela, pasteurs, écoutez la parole de l’Éternel!
၉အချင်း သိုးထိန်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြလော့။
10 Ainsi parle le Seigneur, l’Éternel: Voici, j’en veux aux pasteurs! Je reprendrai mes brebis d’entre leurs mains, je ne les laisserai plus paître mes brebis, et ils ne se paîtront plus eux-mêmes; je délivrerai mes brebis de leur bouche, et elles ne seront plus pour eux une proie.
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည်သိုးထိန်း တို့ တဘက်၌ နေ၏။ ငါ့ သိုး များကို သူ တို့၌ ငါတောင်း ၍ သိုးထိန်း အရာကို နှုတ် မည်။ သိုးထိန်း တို့သည် နောက် တဖန်ကိုယ် ကိုမ ကျွေးမွေး ရကြ။ ငါ့ သိုး များကို သူ တို့ပစပ် မှ ငါနှုတ် ၍ နောက်တဖန် မ ကိုက် မစားရကြ။
11 Car ainsi parle le Seigneur, l’Éternel: Voici, j’aurai soin moi-même de mes brebis, et j’en ferai la revue.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ကိုယ်တိုင် လိုက် ၍ ငါ့ သိုး တို့ကိုရှာ မည်။
12 Comme un pasteur inspecte son troupeau quand il est au milieu de ses brebis éparses, ainsi je ferai la revue de mes brebis, et je les recueillerai de tous les lieux où elles ont été dispersées au jour des nuages et de l’obscurité.
၁၂ကွဲပြား လျက်ရှိသောမိမိ သိုး တို့တွင် သိုးထိန်း ရောက် သောအခါ ကြိုးစား၍ ရှာ သကဲ့သို့ ၊ ငါသည်လည်း ငါ့ သိုး တို့ကိုကြိုးစား၍ ရှာ မည်။ မိုဃ်းအုံ့ ၍ မိုက် သောနေ့ ၌ သူတို့ကွဲပြား သော အရပ်ရပ် တို့က ငါနှုတ်ဆောင် မည်။
13 Je les retirerai d’entre les peuples, je les rassemblerai des diverses contrées, et je les ramènerai dans leur pays; je les ferai paître sur les montagnes d’Israël, le long des ruisseaux, et dans tous les lieux habités du pays.
၁၃အတိုင်းတိုင်း အပြည်ပြည် တို့က ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ နေရင်းပြည် သို့ ပို့ဆောင် မည်။ ဣသရေလ တောင် တို့အပေါ် ၊ မြစ် တို့အနား အစရှိသော နေစရာ အရပ်ရပ် တို့၌ ကျွေးမွေး မည်။
14 Je les ferai paître dans un bon pâturage, et leur demeure sera sur les montagnes élevées d’Israël; là elles reposeront dans un agréable asile, et elles auront de gras pâturages sur les montagnes d’Israël.
၁၄ကောင်း သောကျက်စား ရာအရပ်၌ ကျွေးမွေး မည်။ မြင့် သော ဣသရေလ တောင် တို့အပေါ်မှာ သူ တို့ ခြံ ရှိ လိမ့်မည်။ သူတို့သည်ဣသရေလ တောင် တို့အပေါ်မှာ ကောင်း သောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝ သောကျက်စား ရာ၌ ကျက်စား ကြလိမ့်မည်။
15 C’est moi qui ferai paître mes brebis, c’est moi qui les ferai reposer, dit le Seigneur, l’Éternel.
၁၅ငါ သည် ငါ့ သိုး များကို ကျွေးမွေး မည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16 Je chercherai celle qui était perdue, je ramènerai celle qui était égarée, je panserai celle qui est blessée, et je fortifierai celle qui est malade. Mais je détruirai celles qui sont grasses et vigoureuses. Je veux les paître avec justice.
၁၆ပျောက် သောသိုးကို ငါရှာ မည်။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည်။ အရိုးကျိုး သော သိုးကိုအဝတ် နှင့်စည်းမည်။ အားနည်း သော သိုးကိုမစ မည်။ ဆူဖြိုး ၍ အား ရှိသောသိုးကိုကား၊ တရား အတိုင်း ကျွေးမွေး ၍ ကွပ်မျက် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 Et vous, mes brebis, ainsi parle le Seigneur, l’Éternel: Voici, je jugerai entre brebis et brebis, entre béliers et boucs.
၁၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ သိုး တို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုး ထီးနှင့် ဆိတ် ထီးတို့ကို၎င်းငါ ပိုင်းခြား မည်။
18 Est-ce trop peu pour vous de paître dans le bon pâturage, pour que vous fouliez de vos pieds le reste de votre pâturage? De boire une eau limpide, pour que vous troubliez le reste avec vos pieds?
၁၈သင်တို့သည် ကောင်း သောကျက်စား ရာအရပ်၌ စား သည်သာမက၊ ကျန် သော မြက်ပင် ကိုနင်း သော အမှုသည်သာမည အမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည် သော ရေ ကို သောက် သည်သာမက၊ ကျန် သော ရေကိုခြေ နှင့် နောက် စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19 Et mes brebis doivent paître ce que vos pieds ont foulé, et boire ce que vos pieds ont troublé!
၁၉သင် တို့နင်း သောမြက်ပင်ကို၎င်း၊ ခြေ နှင့်နောက် စေသော ရေကို၎င်း ၊ ငါ့ သိုး တို့သည် စား သောက် ရကြမည်လော။
20 C’est pourquoi ainsi leur parle le Seigneur, l’Éternel: Voici, je jugerai entre la brebis grasse et la brebis maigre.
၂၀သို့ဖြစ်၍ ၊ ထိုသူ တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဆူဖြိုး သော တိရစ္ဆာန် တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန် တို့ကို ငါ သည် ကိုယ်တိုင် ပိုင်းခြား မည်။
21 Parce que vous avez heurté avec le côté et avec l’épaule, et frappé de vos cornes toutes les brebis faibles, jusqu’à ce que vous les ayez chassées,
၂၁သင်တို့သည် အားနည်း သောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြား စေခြင်းငှါနံပါး နှင့် ၎င်း ၊ ပခုံး နှင့်၎င်း တိုး ၍ ချို နှင့် ခွေ့ သောကြောင့် ၊
22 je porterai secours à mes brebis, afin qu’elles ne soient plus au pillage, et je jugerai entre brebis et brebis.
၂၂ငါသည် ငါ့ သိုး တို့ကို ကယ်တင် သဖြင့် ၊ သူတို့ သည် နောက် တဖန် လုယူ ရာမ ဖြစ် ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြား မည်။
23 J’établirai sur elles un seul pasteur, qui les fera paître, mon serviteur David; il les fera paître, il sera leur pasteur.
၂၃သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။
24 Moi, l’Éternel, je serai leur Dieu, et mon serviteur David sera prince au milieu d’elles. Moi, l’Éternel, j’ai parlé.
၂၄ငါ ထာဝရဘုရား သည် သူ တို့၏ဘုရားသခင် ဖြစ် မည်။ ငါ ၏ကျွန် ဒါဝိဒ် သည်လည်း သူ တို့၏မင်း ဖြစ်ရ လိမ့်မည်။ ငါ ထာဝရဘုရား ပြော ပြီ။
25 Je traiterai avec elles une alliance de paix, et je ferai disparaître du pays les animaux sauvages; elles habiteront en sécurité dans le désert, et dormiront au milieu des forêts.
၂၅သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။
26 Je ferai d’elles et des environs de ma colline un sujet de bénédiction; j’enverrai la pluie en son temps, et ce sera une pluie de bénédiction.
၂၆သူ တို့ကို၎င်း၊ ငါ ၏တောင် တော်ပတ်လည် ၌ ရှိသောအရပ်တို့ကို၎င်းငါကောင်းကြီး ပေး ၍ ၊ အချိန်တန် လျှင် မိုဃ်း ကိုရွာစေသဖြင့်၊ ကောင်းကြီး မိုး ရေ ကျ ရ လိမ့်မည်။
27 L’arbre des champs donnera son fruit, et la terre donnera ses produits. Elles seront en sécurité dans leur pays; et elles sauront que je suis l’Éternel, quand je briserai les liens de leur joug, et que je les délivrerai de la main de ceux qui les asservissaient.
၂၇တော သစ်ပင် သည် အသီး ကို သီး လိမ့်မည်။ မြေ သည်လည်း အသီးအနှံ ကိုပေး လိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ် စွာနေ ရကြလိမ့်မည်။ သူ တို့ထမ်းသော ထမ်းပိုး ကြိုး ကို ငါ ဖြတ် ၍၊ အနိုင်အထက် စေခိုင်းသောသူတို့ လက် မှ ကယ်နှုတ် သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
28 Elles ne seront plus au pillage parmi les nations, les bêtes de la terre ne les dévoreront plus, elles habiteront en sécurité, et il n’y aura personne pour les troubler.
၂၈နောက် တဖန်တပါး အမျိုးသား တို့သည် မလု မ ယူရကြ။ ပြည် သားရဲ တို့သည်လည်း ကိုက် ၍မ စားရကြ။ အဘယ်သူ မျှမကြောက် စေဘဲ၊ သူတို့သည် ငြိမ်ဝပ် စွာ နေ ရကြလိမ့်မည်။
29 J’établirai pour elles une plantation qui aura du renom; elles ne seront plus consumées par la faim dans le pays, et elles ne porteront plus l’opprobre des nations.
၂၉အသရေ ရှိသော ဥယျာဉ် ကိုလည်း သူ တို့အဘို့ ငါပြုစု မည်။ နောက် တဖန်ပြည် ၌ အစာ အဟာရ ခေါင်းပါး ၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မ ခံရ ကြ။ တပါး အမျိုးသား တို့၏ကဲ့ရဲ့ ခြင်းကိုလည်း မ ခံရ ကြ။
30 Et elles sauront que moi, l’Éternel, leur Dieu, je suis avec elles, et qu’elles sont mon peuple, elles, la maison d’Israël, dit le Seigneur, l’Éternel.
၃၀သူ တို့၏ဘုရားသခင် ငါ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိကြောင်းကို၎င်း ၊ ဣသရေလ အမျိုးသား တည်းဟူသောသူ တို့သည် ငါ ၏လူ ဖြစ်ကြောင်း ကို၎င်းသိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
31 Vous, mes brebis, brebis de mon pâturage, vous êtes des hommes; moi, je suis votre Dieu, dit le Seigneur, l’Éternel.
၃၁ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။