< 2 Samuel 13 >
1 Après cela, voici ce qui arriva. Absalom, fils de David, avait une sœur qui était belle et qui s’appelait Tamar; et Amnon, fils de David, l’aima.
၁ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
2 Amnon était tourmenté jusqu’à se rendre malade à cause de Tamar, sa sœur; car elle était vierge, et il paraissait difficile à Amnon de faire sur elle la moindre tentative.
၂သူသည်တာမာကိုအလွန်ချစ်လှသဖြင့် စိတ္တဇရောဂါစွဲကပ်လာလေသည်။ နှမတော် သည်အပျိုစင်ဖြစ်သဖြင့် အာမနုန်သည် မိမိအလိုပြည့်စေရန်မကြံတတ်အောင် ဖြစ်လေ၏။-
3 Amnon avait un ami, nommé Jonadab, fils de Schimea, frère de David, et Jonadab était un homme très habile.
၃သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
4 Il lui dit: Pourquoi deviens-tu, ainsi chaque matin plus maigre, toi, fils de roi? Ne veux-tu pas me le dire? Amnon lui répondit: J’aime Tamar, sœur d’Absalom, mon frère.
၄ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။ အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
5 Jonadab lui dit: Mets-toi au lit, et fais le malade. Quand ton père viendra te voir, tu lui diras: Permets à Tamar, ma sœur, de venir pour me donner à manger; qu’elle prépare un mets sous mes yeux, afin que je le voie et que je le prenne de sa main.
၅ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။-
6 Amnon se coucha, et fit le malade. Le roi vint le voir, et Amnon dit au roi: Je te prie, que Tamar, ma sœur, vienne faire deux gâteaux sous mes yeux, et que je les mange de sa main.
၆သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။ ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
7 David envoya dire à Tamar dans l’intérieur des appartements: Va dans la maison d’Amnon, ton frère, et prépare-lui un mets.
၇သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။-
8 Tamar alla dans la maison d’Amnon, son frère, qui était couché. Elle prit de la pâte, la pétrit, prépara devant lui des gâteaux, et les fit cuire;
၈တာမာရောက်ရှိသောအခါအာမနုန်ကို အိပ်ရာထဲတွင်တွေ့ရှိရ၏။ တာမာသည် မုန့်ညက်အနည်းငယ်ကိုယူ၍နယ်ပြီးလျှင် အာမနုန်၏ရှေ့တွင်မုန့်အနည်းငယ်ကိုလုပ် ၏။ ထိုနောက်မုန့်ကိုဖုတ်၍၊-
9 prenant ensuite la poêle, elle les versa devant lui. Mais Amnon refusa de manger. Il dit: Faites sortir tout le monde. Et tout le monde sortit de chez lui.
၉အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
10 Alors Amnon dit à Tamar: Apporte le mets dans la chambre, et que je le mange de ta main. Tamar prit les gâteaux qu’elle avait faits, et les porta à Amnon, son frère, dans la chambre.
၁၀ထိုအခါသူသည်တာမာအား``မုန့်ကိုငါ၏ အိပ်ရာသို့ယူခဲ့၍သင်ကိုယ်တိုင်ငါ့အားကျွေး ပါလော့'' ဟုဆို၏။ တာမာသည်မိမိလုပ်ထား သည့်မုန့်ကိုယူ၍အာမနုန်ရှိရာသို့သွား၏။-
11 Comme elle les lui présentait à manger, il la saisit et lui dit: Viens, couche avec moi, ma sœur.
၁၁မုန့်ကိုကမ်း၍ပေးလိုက်သောအခါအာမနုန် သည်တာမာ၏လက်ကိုဆွဲကိုင်ကာ``ငါနှင့် အတူအိပ်စက်ပါလော့'' ဟုဆို၏။
12 Elle lui répondit: Non, mon frère, ne me déshonore pas, car on n’agit point ainsi en Israël; ne commets pas cette infamie.
၁၂တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။-
13 Où irais-je, moi, avec ma honte? Et toi, tu serais comme l’un des infâmes en Israël. Maintenant, je te prie, parle au roi, et il ne s’opposera pas à ce que je sois à toi.
၁၃ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
14 Mais il ne voulut pas l’écouter; il lui fit violence, la déshonora et coucha avec elle.
၁၄သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
15 Puis Amnon eut pour elle une forte aversion, plus forte que n’avait été son amour. Et il lui dit: Lève-toi, va-t’en!
၁၅ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
16 Elle lui répondit: N’augmente pas, en me chassant, le mal que tu m’as déjà fait.
၁၆တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။ သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်ဘဲ၊-
17 Il ne voulut pas l’écouter, et appelant le garçon qui le servait, il dit: Qu’on éloigne de moi cette femme et qu’on la mette dehors. Et ferme la porte après elle!
၁၇သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။-
18 Elle avait une tunique de plusieurs couleurs; car c’était le vêtement que portaient les filles du roi, aussi longtemps qu’elles étaient vierges. Le serviteur d’Amnon la mit dehors, et ferma la porte après elle.
၁၈အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။ တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။-
19 Tamar répandit de la cendre sur sa tête, et déchira sa tunique bigarrée; elle mit la main sur sa tête, et s’en alla en poussant des cris.
၁၉သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
20 Absalom, son frère, lui dit: Amnon, ton frère, a-t-il été avec toi? Maintenant, ma sœur, tais-toi, c’est ton frère; ne prends pas cette affaire trop à cœur. Et Tamar, désolée, demeura dans la maison d’Absalom, son frère.
၂၀သူ၏အစ်ကိုအဗရှလုံက``သင့်အားအာမနုန် စော်ကားလိုက်ပြီလော။ ငါ့နှမ၊ အခြားမည်သူ့ ကိုမျှမပြောနှင့်။ သူသည်သင်နှင့်အဖေတူ အမေကွဲမောင်နှမတော်၏။ ဤအမှုကြောင့် များစွာစိတ်ဒုက္ခမဖြစ်ပါစေနှင့်'' ဟုဆို၏။
21 Le roi David apprit toutes ces choses, et il fut très irrité.
၂၁ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။-
22 Absalom ne parla ni en bien ni en mal avec Amnon; mais il le prit en haine, parce qu’il avait déshonoré Tamar, sa sœur.
၂၂အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
23 Deux ans après, comme Absalom avait les tondeurs à Baal-Hatsor, près d’Éphraïm, il invita tous les fils du roi.
၂၃နှစ်နှစ်မျှကြာသော်အဗရှလုံသည်ဧဖရိမ် မြို့အနီးဗာလဟာဇော်ရွာတွင် မိမိသိုးများ အမွေးညှပ်ပွဲကိုကျင်းပ၏။ ထိုအခါသူ သည်ဘုရင့်သားတော်အပေါင်းတို့ကိုဖိတ် ခေါ်လေသည်။-
24 Absalom alla vers le roi, et dit: Voici, ton serviteur a les tondeurs; que le roi et ses serviteurs viennent chez ton serviteur.
၂၄သူသည်ဒါဝိဒ်မင်းကြီးထံသို့သွားပြီး လျှင်``အရှင်မင်းကြီး၊ အကျွန်ုပ်သည်သိုးမွေး ညှပ်ပွဲကျင်းပမည်ဖြစ်၍အရှင်နှင့်မှူးမတ် များကြွရောက်တော်မူပါ'' ဟုလျှောက်၏။
25 Et le roi dit à Absalom: Non, mon fils, nous n’irons pas tous, de peur que nous ne te soyons à charge. Absalom le pressa; mais le roi ne voulut point aller, et il le bénit.
၂၅မင်းကြီးက``ငါ့သားငါတို့မလာလို။ လာခဲ့ သော်သင့်အတွက်တာဝန်ကြီးပါလိမ့်မည်'' ဟု ဆို၏။ အဗရှလုံသည်မင်းကြီးအားမရမ ကဖိတ်ခေါ်ပါသော်လည်း မင်းကြီးသည်မ လိုက်ဘဲအဗရှလုံအားကောင်းချီးပေး၍ ထွက်ခွာသွားစေတော်မူ၏။
26 Absalom dit: Permets du moins à Amnon, mon frère, de venir avec nous. Le roi lui répondit: Pourquoi irait-il chez toi?
၂၆သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။ မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။-
27 Sur les instances d’Absalom, le roi laissa aller avec lui Amnon et tous ses fils.
၂၇သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။
28 Absalom donna cet ordre à ses serviteurs: Faites attention quand le cœur d’Amnon sera égayé par le vin et que je vous dirai: Frappez Amnon! Alors tuez-le; ne craignez point, n’est-ce pas moi qui vous l’ordonne? Soyez fermes, et montrez du courage!
၂၈အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
29 Les serviteurs d’Absalom traitèrent Amnon comme Absalom l’avait ordonné. Et tous les fils du roi se levèrent, montèrent chacun sur son mulet, et s’enfuirent.
၂၉အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
30 Comme ils étaient en chemin, le bruit parvint à David qu’Absalom avait tué tous les fils du roi, et qu’il n’en était pas resté un seul.
၃၀သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
31 Le roi se leva, déchira ses vêtements, et se coucha par terre; et tous ses serviteurs étaient là, les vêtements déchirés.
၃၁မင်းကြီးသည်ဝမ်းနည်းကြေကွဲလျက်မိမိ ၏အဝတ်ကိုဆုတ်ဖြဲပြီးလျှင် ကိုယ်ကိုမြေ ပေါ်သို့လှဲချလိုက်၏။ ထိုအရပ်တွင်မင်း ကြီးနှင့်အတူရှိသောအစေခံတို့သည် လည်း မိမိတို့၏အင်္ကျီများကိုဆုတ်ဖြဲ ကြ၏။-
32 Jonadab, fils de Schimea, frère de David, prit la parole et dit: Que mon seigneur ne pense point que tous les jeunes gens, fils du roi, ont été tués, car Amnon seul est mort; et c’est l’effet d’une résolution d’Absalom, depuis le jour où Amnon a déshonoré Tamar, sa sœur.
၃၂သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-
33 Que le roi mon seigneur ne se tourmente donc point dans l’idée que tous les fils du roi sont morts, car Amnon seul est mort.
၃၃သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။
34 Absalom prit la fuite. Or le jeune homme placé en sentinelle leva les yeux et regarda. Et voici, une grande troupe venait par le chemin qui était derrière lui, du côté de la montagne.
၃၄ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။-
35 Jonadab dit au roi: Voici les fils du roi qui arrivent! Ainsi se confirme ce que disait ton serviteur.
၃၅ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
36 Comme il achevait de parler, voici, les fils du roi arrivèrent. Ils élevèrent la voix, et pleurèrent; le roi aussi et tous ses serviteurs versèrent d’abondantes larmes.
၃၆သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
37 Absalom s’était enfui, et il alla chez Talmaï, fils d’Ammihur, roi de Gueschur. Et David pleurait tous les jours son fils.
၃၇အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-
38 Absalom resta trois ans à Gueschur, où il était allé, après avoir pris la fuite.
၃၈
39 Le roi David cessa de poursuivre Absalom, car il était consolé de la mort d’Amnon.
၃၉မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။