< Psaumes 14 >

1 Jusqu'à la Fin, psaume de David. L'insensé a dit en son cœur: il n'y a point de Dieu. Ils se sont corrompus; ils sont devenus abominables en leurs affections; pas un d'entre eux ne fait le bien, pas un seul.
ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။
2 Le Seigneur, du haut du ciel, s'est penché sur les fils des hommes pour voir s'il en est qui comprenne et qui cherche Dieu.
နားလည်သောသူ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။
3 Tous ont dévié, et en même temps sont devenus inutiles; pas un ne fait le bien, pas un seul. Leur gosier est un sépulcre ouvert; ils ne se servent de leur langue que pour tromper; sous leurs lèvres est le venin de l'aspic; leur bouche est pleine de malédictions et d'amertume; leurs pieds sont rapides, s'il s'agit de verser le sang. L'oppression et la misère remplissent leurs voies; ils n'ont point connu la voie de la paix; la crainte du Seigneur n'est pas devant leurs yeux.
လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သော အကျင့်ကို ကျင့်သော သူမရှိ။ တယောက်မျှမရှိ။
4 S'instruiront-ils jamais tous ces ouvriers d'iniquité, ces hommes qui dévorent mon peuple, comme s'ils mangeaient du pain? Ils n'ont point invoqué le Seigneur;
မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော။
5 Et ils ont tremblé de frayeur, quand il n'y avait pas à s'effrayer, car Dieu réside parmi la génération des justes.
သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက်၌ရှိတော်မူ၏။
6 Vous, vous avez confondu le conseil du pauvre, parce que le Seigneur est son espérance.
နှိမ့်ချလျက်ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။
7 Qui fera sortir de Sion le salut d'Israël? Quand le Seigneur aura ramené son peuple de la captivité, que Jacob tressaille d'allégresse, et qu'Israël se livre à la joie.
ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန်ထာဝ ဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။

< Psaumes 14 >