< Psaumes 121 >

1 Cantique des degrés. J'ai levé les yeux vers les montagnes, d'où me viendra mon secours.
ငါ့ ကိုမစ ခြင်း အကြောင်းသည် ပေါ်ထွက် ရသော တောင် ရိုးသို့ ငါ မျှော် ကြည့်၏။
2 Le secours me viendra du Seigneur, qui a créé le ciel et la terre.
ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ထံ တော်မှ၊ ငါ့ ကို မစ ခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
3 Il ne fera point trébucher ton pied; celui qui te garde ne s'endormira pas.
သင် ၏ ခြေ ကို ချော် စေခြင်းငှါ အခွင့်ပေး တော် မ မူ။ သင့် ကို စောင့် သောသူသည် အိပ် တော်မ မူ။
4 Il ne sommeillera pas, il ne s'endormira point celui qui garde Israël.
အကယ် စင်စစ်ဣသရေလ အမျိုးကို စောင့် သောသူသည် ငိုက်မျဉ်း အိပ်ပျော် ခြင်း ရှိတော်မ မူ။
5 Le Seigneur te gardera, le Seigneur sera ton abri; sur toi il étendra sa maison.
ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
6 Le soleil ne te brûlera point pendant le jour, ni la lune pendant la nuit.
နေ့ အချိန်၌ နေ အားဖြင့်၎င်း၊ ညဉ့် အချိန်၌ လ အားဖြင့် ၎င်း အထိ အခိုက်မ ရှိရာ။
7 Le Seigneur te préservera de tout mal; le Seigneur gardera ton âme.
ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။
8 Le Seigneur te gardera, que tu entres ou que tu sortes, dès maintenant et dans les siècles des siècles.
ထာဝရဘုရား သည် သင် ၏ ထွက် ခြင်းနှင့် ဝင် ခြင်းတို့ကို ယခု မှစ၍ အစဉ် အပြတ် စောင့် တော်မူလိမ့်မည်။

< Psaumes 121 >