< Nombres 28 >
1 Le Seigneur parla encore à Moïse, disant;
၁ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
2 Donne mes ordres aux fils d'Israël, et dis-leur: Vous ne négligerez pas de m'offrir en vos fêtes mes présents, mes offrandes, mes oblations d'odeur de suavité agréable au Seigneur.
၂
3 Dis-leur: Voici les holocaustes que vous présenterez au Seigneur: des agneaux d'un an, sans tache, deux par jour, en holocauste perpétuel.
၃ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
4 Tu sacrifieras le premier agneau le matin, et tu sacrifieras le second le soir.
၄သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
5 Tu présenteras, comme oblation, le dixième d'un éphi de fleur de farine, pétrie dans un quart de mesure (hin) d'huile,
၅သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။-
6 C'est l'holocauste perpétuel qui a commencé sur le mont Sina, odeur de suavité pour le Seigneur.
၆ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-
7 La libation sera d'un quart de mesure par agneau; tu la répandras dans le sanctuaire pour le Seigneur; elle sera de liqueur fermentée.
၇ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-
8 Et tu sacrifieras le second agneau le soir; tu le sacrifieras avec la même oblation et la même libation, comme odeur de suavité pour le Seigneur.
၈ညနေတွင်ဒုတိယသိုးကလေးကိုပူဇော် သောအခါ၌လည်း နံနက်တွင်ပူဇော်ဆက်သ သည့်နည်းတူစပျစ်ရည်သကာပါလျက်ပူဇော် ရမည်။ ဤသကာသည်လည်းပူဇော်သကာဖြစ် ၍ ယင်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
9 Le jour du sabbat, chaque sacrifice sera de deux agneaux d'un an sans tache, et il y aura deux décimes de fleur de farine pétrie dans l'huile pour l'oblation, et une double libation.
၉ဥပုသ်နေ့တွင်အပြစ်အနာကင်းသောတစ် နှစ်သားအရွယ်သိုးထီးနှစ်ကောင်၊ သံလွင်ဆီ နှင့်ဂျုံမုန့်ညက်လေးပေါင်ကိုရောနယ်ထား သောဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ကို ပူဇော်ရမည်။-
10 Ce sera l'holocauste des sabbats, outre l'holocauste perpétuel et sa libation.
၁၀နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
11 Aux nouvelles lunes, vous sacrifierez en holocauste au Seigneur: deux veaux pris parmi les bœufs, un bélier et sept agneaux d'un an sans tache.
၁၁လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
12 Il y aura trois décimes de fleur de farine pétrie dans l'huile, par veau, deux décimes de fleur de farine pétrie dans l'huile, par bélier.
၁၂ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
13 Et un décime de décime de fleur de farine pétrie dans l'huile, par agneau; c'est l'oblation d'odeur de suavité pour le Seigneur.
၁၃သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
14 Leur libation sera d'une demi-mesure par veau, d'un tiers de mesure par bélier, et d'un quart de mesure de vin par agneau; tel est l'holocauste pour chaque lune de l'année.
၁၄ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
15 Et pour le péché, un bouc pris parmi les chèvres sera sacrifié au Seigneur, outre l'holocauste perpétuel, et il y sera joint sa libation.
၁၅နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
16 Et le premier mois, le quatorzième jour de la lune, pâque du Seigneur,
၁၆နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
17 Le quinzième jour de la lune, c'est la solennité: pendant sept jours vous mangerez des azymes.
၁၇တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
18 Le premier de ces jours sera solennel et saint pour vous; vous ne ferez aucune œuvre servile.
၁၈ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
19 Et vous amènerez des holocaustes pour les sacrifier au Seigneur, savoir: deux veaux pris parmi les bœufs, un bélier, sept agneaux d'un an, tous à vos jeux sans tache.
၁၉ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
20 Leur oblation sera de fleur de farine pétrie dans l'huile: trois décimes par veau, deux décimes par bélier,
၂၀မီးရှို့ရာယဇ်နှင့်တွဲဖက်၍ဘောဇဉ်သကာ အဖြစ် သံလွင်ဆီရောထားသောမုန့်ညက်ကို ဆက်သရမည်။ နွားထီးတစ်ကောင်စီနှင့်အတူ မုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုးထီး နှင့်အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
21 Et un décime de décime par agneau, pour les sept agneaux.
၂၁သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
22 Tu offriras aussi pour le péché un bouc pris parmi les chèvres qui expiera les péchés de tous,
၂၂အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
23 Outre l'holocauste perpétuel du matin, qui ne doit pas discontinuer.
၂၃နံနက်တိုင်းမီးရှို့ရာယဇ်အပြင်ဤပူဇော် သကာများကိုဆက်သရမည်။-
24 Vous offrirez ainsi chaque jour, pendant les sept jours de la fête, vos sacrifices d'odeur de suavité pour le Seigneur, outre l'holocauste perpétuel; tu feras les libations.
၂၄ဤနည်းအတိုင်းခုနစ်ရက်တိုင်အောင်ထာဝရ ဘုရားအား ပူဇော်သကာကိုဆက်သရမည်။ ယင်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤသကာကိုဆက်သရမည်။-
25 Et le septième jour sera saint et très-célèbre pour vous; vous ne ferez ce jour-là aucune œuvre servile.
၂၅သတ္တမနေ့တွင်စုဝေးဝတ်ပြုရမည်။ ထိုနေ့ တွင်အလုပ်မလုပ်ရ။
26 Et le jour des moissons nouvelles, lorsque vous offrirez au Seigneur le nouveau sacrifice des semaines, ce jour sera saint et célèbre pour vous; vous ne ferez aucune œuvre servile.
၂၆သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။-
27 Et vous offrirez en holocauste, comme sacrifice d'odeur de suavité pour le Seigneur, deux veaux pris parmi les bœufs, un bélier et sept agneaux d'un an, sans tache.
၂၇သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
28 Leur oblation sera de fleur de farine pétrie dans l'huile: trois décimes pour un veau, deux décimes pour un bélier,
၂၈ထိုမီးရှို့ရာနှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကိုဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့် ညက်လေးပေါင်ကိုလည်းကောင်း၊ သိုးကလေး တစ်ကောင်စီနှင့်အတူမုန့်ညက်နှစ်ပေါင်ကို လည်းကောင်းပူဇော်ရမည်။-
29 Un décime de décime par agneau, pour les sept agneaux; et vous offrirez un bouc pris parmi les chèvres,
၂၉
30 Pour le péché, afin qu'il expie le péché de vous tous,
၃၀ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။-
31 Outre l'holocauste perpétuel; et vous me sacrifierez des victimes: elles seront à vos yeux sans tache, et accompagnées de leurs libations.
၃၁နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။