< Nombres 17 >

1 Le Seigneur dit ensuite à Moïse:
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 Parle aux fils d'Israël, prends de chacun des chefs de tribu une baguette, et, sur chacune des douze baguettes, écris le nom de chacun d'eux.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ပြီးမှ ၊ ဘိုး ဘအဆွေအမျိုး အလိုက် ဣသရေလဆယ်နှစ် မျိုး၌ မင်း ပြုသောသူအသီးအသီး ပေးရသောလှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည် ကို သူ့ လှံတံ ပေါ်မှာ ရေး ထားလော့။
3 Ecris aussi le nom d'Aaron sur la baguette de Lévi, c'est une baguette à part; et les chefs feront l'offrande de ces baguettes par tribus.
လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။
4 Place-les ensuite dans le tabernacle devant le témoignage; c'est par elles que je me manifesterai à toi.
ထိုလှံတံတို့ကို ငါဗျာဒိတ် ပေးရာအရပ် ၊ ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ သက်သေခံ ချက်ရှေ့မှာ တင် ထားလော့။
5 Et la baguette de celui que j'aurai choisi reverdira, et je rejetterai loin de moi le murmure que les fils d'Israël ont fait éclater contre vous.
ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊
6 Moïse parla donc aux fils d'Israël; tous les chefs donnèrent chacun une baguette, et il y eut douze baguettes pour les douze tribus, et en outre celle d'Aaron parmi les autres.
မောရှေ သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ ၊ မင်း အပေါင်း တို့သည် ဘိုးဘ အဆွေအမျိုး အလိုက်၊ မင်း တ ဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ် နှစ် ချောင်းတို့ကိုပေး ကြ၏။ အာရုန် ၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။
7 Moïse plaça les baguettes devant le Seigneur dans le tabernacle du témoignage.
မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။
8 Et le lendemain il entra avec Aaron dans le tabernacle du témoignage; la baguette d'Aaron, de la maison de Lévi, avait germé; elle portait un bourgeon, une fleur s'y épanouissait, et elle promettait des fruits.
နက်ဖြန် နေ့၌ သက်သေခံ ချက်တဲ တော်အတွင်း သို့ မောရှေ ဝင် သောအခါ ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန် ၏လှံတံ သည် အရွက်ထွက် လျက်၊ ငုံ လျက်၊ ပွင့် လျက်၊ ဗာတံ သီးကို သီး လျက်ရှိ၏။
9 Après cela, Moïse ôta toutes les baguettes de devant le Seigneur, et il les porta aux fils d'Israël; ils les virent, et chaque chef reprit la sienne.
မောရှေ သည် လှံတံ ရှိသမျှ တို့ကို ထာဝရဘုရား ထံ တော်က ဣသရေလ အမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူ တိုင်း မိမိ လှံတံ ကို ယူ ပြန် လေ၏။
10 Et le Seigneur dit à Moïse: Dépose la baguette d'Aaron devant le témoignage, afin qu'elle soit conservée comme signe pour les fils des indociles; que le murmure de ceux-ci s'apaise, et ils ne mourront point.
၁၀ထာဝရဘုရား ကလည်း ၊ ပုန်ကန် သောသူတို့ တဘက်၌ သက်သေ ဖြစ်စေခြင်းငှါ၊ အာရုန် ၏ လှံတံ ကို သက်သေခံ ချက်ရှေ့၌ ပြန် ထား၍ အမြဲရှိ စေလော့။ ထိုသို့ သူတို့သည် သေ ဘေးနှင့် လွတ် မည်အကြောင်း ၊ သူ တို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနား မငြီးရာဟု၊
11 Moïse et Aaron firent ce qu'avait prescrit le Seigneur; ainsi firent- ils.
၁၁မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ပြု လေ၏။
12 Et les fils d'Israël parlèrent à Moïse, disant: Voilà que nous périssons, que nous sommes consumés.
၁၂ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
13 Tous ceux qui touchent au tabernacle du témoignage meurent; mourrons- nous tous jusqu'au dernier?
၁၃ထာဝရဘုရား ၏ တဲ တော်ကို ချဉ်းကပ် သောသူ တိုင်း သေ ပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေ ဘေးသင့်၍ ဆုံးရှုံး ခြင်းသို့ ရောက်ရကြပါဦးမည်လော ဟု မောရှေ အား လျှောက်ဆို ကြ၏။

< Nombres 17 >