< Nombres 15 >
1 Le Seigneur dit alors à Moïse:
၁ထာဝရဘုရားသည်ပေးတော်မူမည့်ပြည် တွင် ဣသရေလအမျိုးသားတို့လိုက်နာရန် ပညတ်များကို၊-
2 Parle aux fils d'Israël, et dis-leur: Lorsque vous serez entrés en la terre que je vous donne pour que vous l'habitiez,
၂မောရှေမှတစ်ဆင့်အောက်ပါအတိုင်း ပြဋ္ဌာန်းပေးတော်မူ၏။-
3 Et que parmi vos bœufs ou vos menus troupeau vous sacrifierez au Seigneur des holocaustes ou des hosties pacifiques, soit pour accomplir un vœu, soit volontairement, où bien afin de répandre dans vos fêtes une odeur de suavité pour le Seigneur;
၃``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။-
4 Celui qui fera ce don au Seigneur, présentera en même temps en oblation un décime d'éphi de fleur de farine pétrie dans un quart de mesure d'huile.
၄ထာဝရဘုရားအားသိုးသို့မဟုတ်ဆိတ်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်သောသူသည် ယဇ် ကောင်နှင့်အတူဘောဇဉ်သကာအဖြစ် သံလွင် ဆီနှစ်ပိုင့်နှင့်ရောထားသောမုန့်ညက်နှစ်ပေါင် အပြင် စပျစ်ရည်နှစ်ပိုင့်ကိုလည်းယူဆောင် ခဲ့ရမည်။-
5 Et vous donnerez un quart de mesure de vin pour la libation sur l'holocauste ou sur l'hostie; voilà ce qu'il faudra donner par agneau; c'est le sacrifice d'odeur de suavité pour le Seigneur.
၅
6 Et si vous sacrifiez un bélier en holocauste ou comme hostie pacifique, l'oblation sera de deux décimes d'éphi de fleur de farine pétrie dans un tiers de mesure d'huile.
၆သိုးထီးကိုပူဇော်သည့်အခါဘောဇဉ် သကာအဖြစ် သံလွင်ဆီသုံးပိုင့်နှင့်ရော ထားသောမုန့်ညက်လေးပေါင်အပြင်၊-
7 Et vous présenterez un tiers de mesure de vin pour la libation, afin qu'elle répande une odeur de suavité devant le Seigneur.
၇စပျစ်ရည်သုံးပိုင့်ကိုလည်းဆက်သရမည်။ ဤသကာတို့၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
8 Si vous sacrifiez une tête prise parmi vos bœufs, soit en holocauste, soit pour l'accomplissement d'un vœu, soit comme hostie pacifique,
၈ထာဝရဘုရားအားနွားထီးကိုမီးရှို့ ရာယဇ်သို့မဟုတ်သစ္စာဝတ်ဖြေရာယဇ် သို့မဟုတ်မိတ်သဟာယယဇ်အဖြစ်ပူ ဇော်သောအခါ၊-
9 Vous présenterez en outre une oblation de trois décimes de fleur de farine pétrie dans une demi-mesure d'huile,
၉သံလွင်ဆီလေးပိုင့်နှင့်ရောထားသောမုန့် ညက်ခြောက်ပေါင်အပြင်၊-
10 Et une demi-mesure de vin pour la libation: et le sacrifice répandra une odeur de suavité devant le Seigneur.
၁၀စပျစ်ရည်လေးပိုင့်ကိုဆက်သရမည်။ ဤ သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
11 Vous ferez ainsi pour chaque veau, pour chaque bélier, pour chaque agneau, pour chaque tête prise parmi les brebis ou les chèvres.
၁၁ဤသကာများသည် သိုး၊ နွား၊ ဆိတ်တို့နှင့်ပူဇော် ရမည့်သကာများဖြစ်သည်။-
12 Quel que soit le nombre des victimes que vous sacrifierez, voilà ce que vous ferez pour chacune;
၁၂ယဇ်ကောင်တစ်ကောင်ထက်ပို၍ပူဇော်သည့် အခါ တွဲဖက်ပူဇော်ရမည့်သကာများကို လည်းအချိုးကျတိုးမြှင့်ပူဇော်ရမည်။-
13 Tout indigène fera ainsi ses offrandes, afin que vos sacrifices soient en odeur de suavité devant le Seigneur.
၁၃တိုင်းရင်းဖွားဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားနှစ်သက်တော်မူသော ရနံ့အဖြစ် သကာကိုဆက်သရာ၌ထိုနည်း အတိုင်းလိုက်နာရမည်။-
14 Et si un prosélyte est venu demeurer avec vous en votre terre, ou s'il est né parmi vous en vos familles, il offrira les sacrifices d'odeur de suavité au Seigneur, de la même manière que vous; ainsi fera pour le Seigneur la synagogue tout entière.
၁၄အမြဲဖြစ်စေ၊ ယာယီဖြစ်စေသင်တို့နှင့် အတူနေထိုင်သောလူမျိုးခြားတစ်ဦးသည် ထာဝရဘုရားနှစ်သက်တော်မူသောရနံ့ အဖြစ်သကာကိုဆက်သသည့်အခါ ဖော်ပြ ပါပြဋ္ဌာန်းချက်များအတိုင်းဆက်သ ရမည်။-
15 Il n'y aura qu'une loi pour vous et pour les prosélytes demeurant parmi vous; c'est une loi perpétuelle en toutes vos générations; le prosélyte sera comme vous devant le Seigneur. Il n'y aura qu'une loi, qu'une justice pour vous et pour le prosélyte demeurant parmi vous.
၁၅သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊-
16 Le Seigneur dit encore à Moïse:
၁၆သင်တို့နှင့်သူတို့အတွက်ပြဋ္ဌာန်းချက်များ သည်လည်း တပြေးညီဖြစ်စေရမည်။
17 Parle aux fils d'Israël, et dis-leur:
၁၇ထာဝရဘုရားသည်ပေးတော်မူမည့်ပြည် တွင် ဣသရေလအမျိုးသားတို့လိုက်နာ ရန်ပညတ်များကို မောရှေမှတစ်ဆင့် အောက်ပါအတိုင်းပြဋ္ဌာန်းပေးတော်မူ၏။-
18 Pendant que vous entrerez en la terre où je vous conduis,
၁၈
19 Lorsque vous mangerez des pains de cette terre, vous mettrez à part une offrande, qui sera la portion du Seigneur,
၁၉ထိုပြည်မှထွက်သောသီးနှံကိုစားသုံးကြ သောအခါ အချို့ကိုထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်သီးသန့်ထားရမည်။-
20 Prémices de vos pâtes; vous mettrez à part, comme offrande, le pain provenant de ces prémices, de même que l'offrande des aires; vous emporterez le pain qui sera
၂၀ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။-
21 Prémices de vos pâtes, et vous le donnerez au Seigneur; ce sera son offrande durant toutes vos générations.
၂၁သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
22 Mais, si vous n'exécutez point tous les ordres que le Seigneur a donnés à Moïse,
၂၂အကယ်၍တစ်စုံတစ်ယောက်သည်ဤပညတ် အချို့ကို အမှတ်မထင်ဖောက်ဖျက်မိလျှင် သော်လည်းကောင်း၊-
23 Et qu'il vous a transmis par la voix de ce dernier; si vous y manquez, à partir du jour où vous les avez reçus et à l'avenir, en toutes vos générations,
၂၃နောင်အခါတွင်တစ်မျိုးသားလုံးသည် မောရှေမှတစ်ဆင့် ထာဝရဘုရားပြဋ္ဌာန်း သောပညတ်ရှိသမျှအတိုင်းမကျင့် လျှင်သော်လည်းကောင်း၊-
24 Si la faute a été commise involontairement à l'insu de la synagogue, le peuple entier sacrifiera un veau sans tache, pris parmi les bœufs, en holocauste, en odeur de suavité pour le Seigneur, avec son oblation et sa libation selon la règle, et en outre un bouc pris parmi les chèvres, pour le péché.
၂၄မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
25 Et le prêtre intercèdera pour toute la synagogue des fils d'Israël; et la faute leur sera remise, parce qu'elle aura été involontaire, et qu'ils auront apporté leur offrande et fait un sacrifice au Seigneur pour le péché et le délit.
၂၅ယဇ်ပုရောဟိတ်သည်ဣသရေလအမျိုး သားအပေါင်းအတွက် သန့်စင်ခြင်းဝတ် ကိုပြုရမည်။ ထိုအခါသူတို့သည်အပြစ် လွတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်အမှတ်မထင်မှားယွင်းမိ၍ ပူဇော် သကာအဖြစ်အပြစ်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ယူဆောင် ခဲ့သောကြောင့်ဖြစ်သည်။-
26 Et la faute sera remise à toute la synagogue des fils d'Israël; elle sera pareillement remise au prosélyte demeurant parmi vous, parce que pour tout le peuple elle aura été involontaire.
၂၆လူထုတစ်ရပ်လုံးတွင်ပါဝင်သူတိုင်းသည် အမှတ်မထင်မှားယွင်းမိသည်ဖြစ်ရာ ဣသ ရေလအမျိုးသားများနှင့်သူတို့နှင့်အတူ နေထိုင်သောလူမျိုးခြားများ၏အပြစ် လွတ်လိမ့်မည်။
27 Si une âme seule a péché involontairement, elle offrira une chèvre d'un an pour le péché.
၂၇အကယ်၍တစ်ဦးတစ်ယောက်သည်အမှတ် မထင်ပြစ်မှားမိလျှင် ထိုသူသည်တစ်နှစ် သားဆိတ်မတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အဖြစ်ပူဇော်ရမည်။-
28 Et le prêtre priera pour cette âme négligente qui aura péché involontairement devant le Seigneur, afin de lui rendre le Seigneur favorable.
၂၈ယဇ်ပုရောဟိတ်သည်ထိုသူအတွက်အပြစ် ဖြေရာယဇ်ကိုပူဇော်သောအားဖြင့် အပြစ် မှလွတ်လိမ့်မည်။-
29 Il n'y aura qu'une loi pour l'indigène des fils d'Israël, et pour le prosélyte demeurant avec eux, lorsqu'ils auront péché involontairement.
၂၉ဤပညတ်သည်အမှတ်မထင်အပြစ်ပြု မိသော တိုင်းရင်းဖွားဣသရေလအမျိုး သားအတွက်ဖြစ်စေ၊ အတူတကွနေထိုင် သောလူမျိုးခြားအတွက်ဖြစ်စေ အပြစ် ဖြေရန်လိုက်နာရမည့်ပညတ်ဖြစ်သည်။
30 Tout indigène ou prosélyte qui de lui-même pèchera par orgueil et irritera Dieu, sera exterminé au milieu du peuple,
၃၀တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-
31 Car il aura méprisé la parole du Seigneur, et rendu vains les commandements; il sera broyé, et son péché sera en lui.
၃၁အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏အမိန့်ကိုပစ်ပယ်၍ ပညတ်တော် ကိုတမင်သက်သက်ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူသည်အပြစ်အလျောက်သေ ဒဏ်ခံရမည်။
32 Comme les fils d'Israël étaient dans le désert, ils virent un homme qui ramassait du bois le jour du sabbat.
၃၂ဣသရေလအမျိုးသားတို့သည်တောကန္တာရ ၌ရှိသောအခါ တစ်နေ့သောဥပုသ်နေ့၌လူ တစ်ယောက်ထင်းခွေလျက်နေသည်ကိုတွေ့ရှိ ကြသည်။-
33 Ceux qui le trouvèrent ramassant du bois le jour du sabbat, le conduisirent devant Moïse, Aaron et toute la synagogue d'Israël,
၃၃ထိုသူအားမောရှေ၊ အာရုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့ထံသို့ခေါ် ဆောင်ခဲ့ကြသည်။-
34 Et on le mit en prison; car ils n'avaient point décidé ce qu'ils lui feraient.
၃၄သူ့အားမည်ကဲ့သို့စီရင်ရမည်ကိုမသိ သဖြင့်ချုပ်နှောင်ထားကြသည်။-
35 Alors, le Seigneur parla à Moïse, disant: Que cet homme meure de mort, que toute la synagogue le lapide.
၃၅ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
36 Toute la synagogue le mena donc hors du camp, et le lapida, comme le Seigneur l'avait prescrit à Moïse.
၃၆သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းထိုသူကိုစခန်းအပြင်သို့ထုတ် ပြီးလျှင် ကျောက်ခဲနှင့်ပစ်သတ်ကြလေသည်။
37 Le Seigneur dit ensuite à Moïse:
၃၇ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
38 Parle aux fils d'Israël, et dis-leur: Faites des franges aux bords de vos manteaux, en toutes vos générations, ajoutez à la frange un effilé couleur d'hyacinthe;
၃၈``သင်တို့၏အဝတ်အင်္ကျီထောင့်စွန်းများ တွင်ပန်းပွားများပြုလုပ်၍ ပန်းပွားတစ်ခု စီတွင်ကြိုးပြာတပ်ထားရမည်။ သင်တို့ အမျိုးအစဉ်အဆက်ဤပညတ်ကိုစောင့် ထိန်းရမည်။-
39 Cet effilé sera mêlé aux franges, vous l'aurez sous les yeux, et vous vous souviendrez des commandements du Seigneur, vous les observerez et vous ne vous laisserez pas pervertir par vos mauvaises pensées, ni par des yeux qui vous feraient tomber dans la fornication.
၃၉သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
40 Vous vous souviendrez de mes commandements et vous les mettrez en pratique, et vous serez saints pour votre Dieu.
၄၀ငါ၏ပညတ်ရှိသမျှကိုစောင့်ထိန်းရန် ပန်းပွားများက သင်တို့ကိုသတိပေး သဖြင့်သင်တို့သည်ငါ့အတွက်ဆက်ကပ် ထားသောလူမျိုးတော်ဖြစ်လိမ့်မည်။-
41 Je suis le Seigneur votre Dieu qui vous ai tirés de la terre d'Egypte pour être votre Dieu; je suis le Seigneur votre Dieu.
၄၁ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါသည်သင်တို့၏ ဘုရားဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့၏။ ငါသည်ထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။