< Néhémie 4 >

1 Or, lorsque Sanaballat apprit que nous relevions les remparts, il le trouva mauvais, s'en courrouça grandement, et se moqua fort des Juifs.
ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
2 Et il dit devant ses frères (c'est-à-dire devant l'armée samaritaine): Il est donc vrai que les Juifs réédifient leur ville?
အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
3 Et Tobias l'Ammonite s'approcha de lui, et il dit à la multitude: Est-ce qu'ils sacrifieront et mangeront en ce lieu? Est-ce qu'un renard en sautant ne renversera pas leur muraille de pierres?
သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
4 Écoutez, ô notre Dieu, car nous sommes un sujet de raillerie; faites retomber ces outrages sur leurs têtes, et qu'eux-mêmes soient un sujet de raillerie en la terre où nous avons été captifs.
အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
5 Ne couvrez pas leur iniquité.
သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
6 Cependant, nous continuâmes à rebâtir le mur; et lorsque tout le mur fut bouché jusqu’à mi-hauteur, le peuple eut de nouveau du cœur à l’ouvrage.
သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
7 Or, lorsque Sanaballat, et Tobias, et les Arabes et les Ammonites, apprirent que les murs de Jérusalem reprenaient leur forme, et que leurs brèches commençaient à se fermer, ils le trouvèrent fort mauvais.
ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
8 Et ils se réunirent tous ensemble pour marcher contre Jérusalem, et la faire disparaître.
ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
9 Alors, nous priâmes notre Dieu, et nous mîmes, nuit et jour, des gardes, à cause d'eux.
သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
10 Et Juda dit: La force des ennemis est brisée; mais le monceau de ruines est énorme, et nous ne pourrons bâtir les remparts.
၁၀ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
11 Et nos oppresseurs dirent: Ils ne sauront, ils ne verront que lorsque nous arriverons au milieu d'eux, et nous les massacrerons, et nous ferons cesser l'œuvre.
၁၁ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
12 Et les Juifs qui habitaient dans le voisinage, vinrent, et nous dirent: Ils arrivent de toutes parts contre nous.
၁၂သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
13 Alors, je plaçai tout le peuple en bas, au pied des remparts, sous des abris, par familles, avec leurs épées, leurs javelines et leurs arcs.
၁၃ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
14 Et je regardai, me levai, et dis aux nobles, aux capitaines, à tout le reste du peuple: Ne craignez point leur face; souvenez-vous de notre Dieu grand et redoutable; combattez pour vos frères, vos fils, vos filles, vos femmes et vos foyers.
၁၄ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
15 Et aussitôt que nos ennemis apprirent qu'ils nous avaient été signalés, Dieu dissipa leurs conseils, et nous retournâmes aux remparts, chacun à son ouvrage.
၁၅ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
16 Et, à partir de ce jour, la moitié de ceux que j'avais attirés fit l'œuvre; l'autre moitié se rangea derrière les remparts avec des javelines, des boucliers, des arcs et des cuirasses; leurs chefs se tenant derrière toute la maison de Juda,
၁၆နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
17 Et derrière ceux qui bâtissaient; ceux qui transportaient les matériaux ne quittaient point leurs armes; d'une main ils faisaient leur tâche, de l'autre ils tenaient un trait.
၁၇မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
18 Et chaque travailleur avait autour des reins son épée, et ils édifiaient, et celui qui sonnait de la trompette était auprès d'eux.
၁၈တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
19 Et je dis aux nobles, aux capitaines et au reste du peuple: L'œuvre est grande et de longue étendue, et nous, sommes dispersés sur le rempart, chacun loin de son frère.
၁၉ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
20 N'importe où vous entendrez la trompette, accourez tous en ce lieu, et notre Dieu combattra avec nous.
၂၀သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
21 Ainsi, nous continuâmes nos travaux; la moitié de nous ne quitta point ses javelines, depuis les premières lueurs du jour jusqu'au lever des étoiles.
၂၁ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
22 Et, en ce temps-là, je dis au peuple: Que chacun, avec son serviteur, demeure au milieu de Jérusalem; la nuit on veillera, le jour on se mettra au travail.
၂၂ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
23 Et j'étais là, et les hommes de garde se tenaient derrière moi, et nul de nous n'ôtait ses vêtements.
၂၃ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။

< Néhémie 4 >