< Néhémie 3 >

1 Et Eliasub le grand prêtre se leva avec ses frères les prêtres, et ils édifièrent la porte Probatique; eux-mêmes la sanctifièrent, et ils mirent ses battants; ils sanctifièrent aussi la tour de cent coudées, et la tour d'Anamehel.
ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။
2 Et, auprès d'eux, édifièrent des hommes de Jéricho, et des fils de Zacchur, fils d'Aman.
သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။
3 Les fils d'Asana édifièrent la porte des Poissons; eux-mêmes la couvrirent et mirent ses battants, serrures et verrous.
ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
4 Et, auprès d'eux, édifièrent Ramoth, fils d'Urie, fils d'Accos, et Mosollam, fils de Barachias, fils de Mazebel; et, auprès de ceux-ci, Sadoc, fils de Baana.
သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။
5 Et, après ce dernier, se trouvaient des hommes de Thécoé; mais les nobles n'offrirent pas de ployer leur cou pour un tel service.
သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍မပြုကြ။
6 Joad, fils de Phasec, et Mesulam, fils de Basodias, édifièrent la porte Ancienne; eux-mêmes la couvrirent et mirent ses battants, serrures et verrous.
တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
7 Et, auprès de ce lieu, édifia Oziel, fils d'Arachias l'orfèvre. Et, auprès, Ananias, fils de Roceïm, et les siens terminèrent Jérusalem jusqu'aux murs de la Grande rue.
သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။
8 Et, auprès de ce lieu, édifia Oziel, fils d'Arachias l'orfèvre. Et, auprès, Ananias, fils de Roceïm, et les siens terminèrent Jérusalem jusqu'aux murs de la Grande rue.
သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။
9 Et, auprès d'eux, édifia Raphaïe, fils de Sur, chef de la moitié de la banlieue de Jérusalem.
သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖါယပြင်၏။
10 Et, auprès de lui, Jedaïe, fils d'Eromaph, édifia en face sa maison; et, auprès de lui, Attuth, fils d'Asabanias.
၁၀သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင်၏။
11 Et, auprès de ce dernier, Melchias, fils d'Héram, et Asub, fils de Phaat-Moab, édifièrent jusqu'à la tour des Fours.
၁၁ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ၏။
12 Et, auprès de là, édifièrent Sallum, fils d'Alloès, chef de la moitié de la banlieue de Jérusalem, lui et ses filles.
၁၂သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။
13 Anun et les habitants de Zano relevèrent la porte de la Vallée; ils l'édifièrent eux-mêmes, et mirent ses battants, serrures et verrous; et ils réparèrent mille coudées de muraille jusqu'à la porte du Fumier.
၁၃ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။
14 Et Melchias, fils de Réchab, chef de la banlieue de Bethaccharim, lui et ses fils relevèrent la porte du Fumier, et ils la couvrirent, et ils mirent ses battants, serrures et verrous.
၁၄ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။
15 Il fit aussi le mur de la piscine où on lave les toisons lors de la tonte du roi, jusqu'aux degrés qui descendent de la ville de David.
၁၅မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။
16 Après lui, Néhémias, fils d'Azabuch, chef de la moitié de la banlieue de Bethsur, édifia jusqu'au jardin du sépulcre de David, et jusqu'à la piscine artificielle, et jusqu'à la maison des hommes vaillants.
၁၆သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။
17 Après lui, édifièrent les lévites, sous Rahum, fils de Bani; à côté de celui-ci, Asabie, chef de la moitié de la banlieue de Cella, avec ses habitants.
၁၇သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။
18 Et, après lui, étaient leurs frères, sous Béneï, fils d'Enadad, chef de l'autre moitié de la même banlieue.
၁၈သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။
19 Et, à côté de ceux-ci, Azur, fils de Josué, chef de Masphaï, releva une part de la tour de la Montée, celle qui tenait à l'angle.
၁၉သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည်၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့်ထိအောင် ပြင်၏။
20 Après lui, Baruch, fils de Zabu, édifia une autre part, depuis l'angle jusqu'à la porte de la maison d'Eliasub le grand prêtre.
၂၀သူ့နောက်မှ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။
21 Après lui, Meramoth, fils d'Urie, fils d'Accos, édifia une autre part, à partir de la porte de la maison d'Eliasub, jusqu'à l'extrémité de cette maison.
၂၁သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်သည်၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။
22 Après lui, édifièrent les prêtres, les hommes d'Eccbechar.
၂၂သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။
23 Après lui, Benjamin et Asub édifièrent devant leur maison; ensuite, Azarias, fils de Maasia, fils d'Anania, le long de sa maison.
၂၃သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။
24 Après celui-ci, Bani, fils d'Adad, édifia une autre part, depuis la maison d'Azarias, jusqu'à l'angle et jusqu'au tournant.
၂၄သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင်၏။
25 Phalach, fils d'Euzaï, édifia vis-à-vis l'angle où la tour fait saillie sur le palais du roi, et domine la cour de la prison; et, après lui, Phadaïa, fils de Pharos,
၂၅ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။
26 Et les Nathinéens se placèrent en Ophel, jusqu'au jardin de la porte des Eaux, du côté de l'orient, où une tour s'élève en saillie.
၂၆ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။
27 Ensuite, ceux de Thécoé édifièrent une autre part, vis-à-vis la grande tour qui fait saillie, jusqu'au mur d'Ophla.
၂၇သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။
28 Les prêtres édifièrent au-dessus de la porte des Cavaliers, chacun en face de sa maison.
၂၈မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏။
29 Après ceux-là, Saddoc, fils d'Emmer, édifia en face de sa maison; et, après lui, Samaïa, fils de Sechénias, garde de la porte orientale du temple.
၂၉သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
30 Après celui-cl, Ananias, fils de Sélémias, et Anom, sixième fils de Séleph, édifièrent; puis, Mesulam, fils de Barachias, édifia en face du trésor dont il était le gardien;
၃၀သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။
31 puis, Méchias, fils de Saréphi, édifia jusqu'à la maison des Nathinéens, et les petits marchands vis-à-vis la porte de Maphecad jusqu'aux degrés du tournant.
၃၁သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင်၎င်းပြင်၏။
32 Enfin, les forgerons et des détaillants édifièrent du côté de la porte Probatique.
၃၂မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ၏။

< Néhémie 3 >