< Isaïe 40 >
1 Consolez, consolez mon peuple, dit le Seigneur;
၁သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
2 Prêtres, parlez au cœur de Jérusalem; consolez-la, car son humiliation est accomplie; son péché lui est remis, parce qu'elle a reçu de la main du Seigneur un châtiment double de ses péchés.
၂စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ။
3 On entend la voix de celui qui crie dans le désert: Préparez la voie du Seigneur, redressez les sentiers de notre Dieu.
၃တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြ လော့။
4 Toute vallée sera remplie, toute montagne sera abaissée; les chemins tortueux seront redressés, ceux qui étaient raboteux seront aplanis.
၄ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်း များကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကို လည်း သုတ်သင်ပြင်ဆင်ရမည်။
5 Et la gloire du Seigneur se manifestera, et toute chair verra le salut de Dieu; car le Seigneur a parlé.
၅ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူ အပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
6 Une voix m'a dit: Crie; et j'ai répondu: Que crierai-je? Toute chair est de l'herbe; toute gloire humaine est comme la fleur des champs.
၆တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
7 L'herbe s'est desséchée, et la fleur est tombée.
၇ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေ တတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ၏။
8 Mais la parole de notre Dieu subsistera dans tous les siècles.
၈မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ် တရားမူကား၊ ကာလစဉ်အမြဲတည်၏ဟု ဆိုသတည်း။
9 Ô toi qui annonce à Sion la bonne nouvelle, monte sur le sommet de la montagne; élève la voix de toutes tes forces, toi qui annonce à Jérusalem la bonne nouvelle; dis-leur: Glorifiez-vous, ne craignez point; dis aux villes de Juda: Voilà votre Dieu.
၉ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော။ ယေရုရှလင် မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့။
10 Voilà le Seigneur, le Seigneur vient avec la force, son bras a la puissance; voilà dans ses mains le salaire, et l'œuvre est devant ses yeux.
၁၀ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီး သော တန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ ပါလျှက်၊ ဆုလပ်တော်သည် ရှေ့တော်၌ ရှိ၏။
11 Il fera paître son troupeau comme un pasteur; il rassemblera les agneaux, et il encouragera les brebis pleines.
၁၁မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
12 Qui a mesuré les eaux à la main, le ciel à la palme, et toute la terre à la poignée? Qui a placé les montagnes dans une balance? Qui a pesé les forêts?
၁၂ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း ချိန် သောသူကား အဘယ်သူနည်း။
13 Qui sait la pensée du Seigneur? Qui a tenu conseil avec lui pour l'instruire?
၁၃ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူ သည် အကြံပေးသနည်း။
14 Avec qui a-t-il tenu conseil, et qui l'a instruit? Qui lui a enseigné le jugement? Qui lui a montré la voie de la sagesse?
၁၄အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကို ပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။
15 Est-ce que toutes les nations ne sont pas à ses yeux comme la goutte d'eau qui s'échappe du vase? comme l'oscillation d'une balance? Ne seront- elles pas à ses yeux comme un peu de salive?
၁၅လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။
16 Le Liban ne suffirait pas pour un bûcher; tous les quadrupèdes ne suffiraient pas pour un holocauste.
၁၆လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ် ဘို့မလောက်။
17 Toutes les nations sont comme un néant; elles sont comptées comme un néant à ses yeux.
၁၇ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှမဟုတ် သော အရာထက်သာ၍ ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့ ၎င်း မှတ်တော်မူ၏။
18 A qui avez-vous comparé le Seigneur? A quel simulacre l'avez-vous assimilé?
၁၈သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့ နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
19 Est-ce qu'un artisan a jamais fait son image? Est-ce qu'un fondeur, en jetant de l'or dans un moule, l'a fait en or et a reproduit sa ressemblance?
၁၉ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။
20 L'ouvrier a choisi un bois incorruptible; puis il cherche avec soin de quelle manière il posera sa statue, pour qu'elle ne soit point ébranlée.
၂၀အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည်၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီး မှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ၊ လိမ္မာသော လက် သမားကို ရှာတတ်၏။
21 Ne savez-vous pas cela? Ne l'avez-vous pas ouï dire? Ne vous l'a-t-on pas appris dès le commencement? Ne connaissez-vous pas les fondements de la terre?
၂၁သင်တို့သည် မသိကြသလော။ မကြားကြသ လော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဘော်မပြသလော။ မြေကြီးတည်သည်အကြောင်းကို နားမလည်ကြသလော။
22 C'est lui qui tient dans sa main le cercle de la terre, et, comme une nuée de sauterelles, tous ceux qui l'habitent. C'est lui qui a posé les cieux comme une voûte, et qui les a tendus comme la tente où l'on s'abrite.
၂၂မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသား တို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊
23 C'est lui par qui règnent les princes, qui sont comme un néant devant lui. C'est lui qui a créé la terre et la regarde comme un néant.
၂၃မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသော သူပေတည်း။
24 Car ces princes ne planteront pas, ils ne sèmeront pas, et leur racine ne prendra pas en terre. Il a soufflé sur eux, et ils se sont desséchés; la tempête les emportera comme des broussailles.
၂၄အကယ်စင်စစ်သူတို့ကို မစိုက်မပျိုးရ။ အကယ် စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့ အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ် တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေ ဘွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။
25 Maintenant donc, à qui m'avez-vous comparé, pour que je m'en glorifie? dit le Saint.
၂၅သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ၏။
26 Levez les yeux et voyez; qui vous a montré toutes ces choses? C'est celui qui a produit les innombrables ornements des cieux qui dans sa gloire les appelle tous par leur nom, et qui, dans la plénitude de sa puissance, ne vous a rien caché.
၂၆အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှ မပေါ် ဘဲမနေရ။
27 Et toi, qu'as-tu dit, Jacob? Pourquoi as-tu ainsi parlé, Israël? Ma voix est ignorée de Dieu, et mon Dieu m'a retiré sa justice, et il s'est éloigné.
၂၇အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသ နည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရား သခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။
28 Et maintenant n'as-tu pas appris, n'as-tu pas entendu? Dieu, c'est l'Éternel; c'est Dieu qui a assigné des limites à la terre; il ne sentira jamais la faim ni la fatigue; et il n'y a pas à pénétrer sa sagesse.
၂၈ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။
29 C'est lui qui donne la force aux affamés, et non la tristesse à ceux qui sont dans la douleur.
၂၉ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။
30 Car les adolescents auront faim, les jeunes gens seront fatigués, les hommes d'élite seront affaiblis.
၃၀လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။
31 Mais ceux qui attendent le Seigneur trouveront des forces nouvelles; il leur poussera des ailes comme aux aiglons; ils courront, et ne seront point fatigués; ils marcheront, et n'auront pas faim.
၃၁ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။