< Ézéchiel 48 >

1 Et voici les noms des tribus, en commençant par l'aquilon, à partir de la descente qui tire une ligne jusqu'à l'entrée d'Émath et au parvis du vestibule; tenant à Damas, vers l'aquilon, du côté du parvis d'Émath. Il y aura depuis l'orient jusqu'à la mer: Dan, une tribu;
ဣသရေလအမျိုးခရိုင်စု အမည် ကား၊ မြောက် ဘက်၌ ဟေသလုန် လမ်း နှင့် ဟာမတ် လမ်းနား ၊ ဟာဇရေနန် မြို့ပါလျက် ဒမာသက် မြို့နယ် မြောက် ၊ ဟာမတ် မြို့နယ်တိုင်အောင် ၎င်း ၊ အရှေ့ ဘက် မှသည် ပင်လယ် တိုင်အောင်၎င်း ဒန် ခရိုင်ရှိ ရမည်။
2 Et à partir des limites de Dan, depuis l'orient jusqu'à l'occident: Aser, une tribu;
ဒန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် အာရှာ ခရိုင်ရှိရမည်။
3 Et à partir des limites d'Aser, depuis l'orient jusqu'à l'occident, Nephthali, une tribu;
အာရှာ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် နဿလိ ခရိုင်ရှိရမည်။
4 Et à partir des limites de Nephthali, depuis l'orient jusqu'à l'occident, Manassé, une tribu;
နဿလိ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် မနာရှေ ခရိုင်ရှိရမည်။
5 Et à partir des limites de Manassé, depuis l'orient jusqu'à l'occident, Éphraïm, une tribu;
မနာရှေ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဧဖရိမ် ခရိုင်ရှိရမည်။
6 Et à partir des limites d'Éphraïm, depuis l'orient jusqu'à l'occident, Ruben, une tribu;
ဧဖရိမ် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရုဗင် ခရိုင်ရှိရမည်။
7 Et à partir des limites de Ruben, depuis l'orient jusqu'à l'occident, Juda, une tribu;
ရုဗင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ယုဒ ခရိုင်ရှိရမည်။
8 Et à partir des limites orientales de Juda il y aura les prémices que vous séparerez: vingt-cinq mille mesures de long et autant de large, le côté oriental étant égal à celui de l'occident, et mon sanctuaire sera au milieu de cet espace.
ယုဒ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် သင်တို့ပူဇော် ရသော မြေကွက် ရှိ ရမည်။ ထိုမြေအနံ ကား၊ ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အလျား ကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေ အတွင်း ၌ သန့်ရှင်း ရာဌာန ရှိ ရမည်။
9 Les prémices que vous séparerez pour le Seigneur auront vingt-cinq mille mesures de long, et vingt-cinq mille de large.
ထာဝရဘုရား အား ပူဇော် ရသော မြေကွက် မူကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။
10 On y prendra les prémices du sanctuaire pour les prêtres, savoir: vingt-cinq mille mesures du côté de l'aquilon, dix mille du côté de l'occident, vingt-cinq mille du côté du midi; et la montagne des saints sera au milieu de cet espace,
၁၀ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။
11 Pour les prêtres, pour les fils sanctifiés de Sadduc, pour ceux qui gardent les offices du temple, et qui ne se sont point égarés avec les fils d'Israël, comme l'ont fait des lévites.
၁၁ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။
12 Et ils auront pour prémices, au milieu des prémices de la terre, le saint des saints, proche du partage des lévites.
၁၂လေဝိ လူနေရာ မြေ အနား မှာ ထိုသို့ပူဇော် သော မြေ သည် ယဇ်ပုရောဟိတ် တို့အဘို့ အလွန် သန့်ရှင်းသော မြေဖြစ် ရမည်။
13 Et pour les lévites à côté du partage des prêtres, il y aura vingt-cinq mille mesures de long, sur dix mille de large; ce sera toute leur part, vingt-cinq mille mesures de long, sur dix mille de large.
၁၃ယဇ်ပုရောဟိတ် မြေ အနား မှာ လေဝိ လူနေရာ မြေကွက်သည် အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။
14 Il n'en sera rien vendu ni distrait; on ne pourra rien soustraire des fruits de ce territoire, parce que cette part sera consacrée au Seigneur.
၁၄ထိုမြေ သည် ထာဝရဘုရား အဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မ ရောင်း ရ။ အဦး သီးသော အသီးကို အခြားသော ဥစ္စာနှင့်မ ဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
15 Et les cinq mille mesures de surplus sur le total de la largeur, qui est de vingt-cinq mille coudées, seront occupées par le faubourg de la ville, par ses maisons et son esplanade, et la ville sera au milieu de cet espace.
၁၅နှစ်သောင်း ငါးထောင်အနား မှာ ကြွင်း သေး သော မြေငါး ထောင် သည် လူနေရာ မြို့ နှင့် မြို့နယ် တည် စရာဘို့ဖြစ်၍၊ ထိုမြေ အလယ် ၌ မြို့ တည် ရမည်။
16 Voici maintenant les dimensions de la ville: du côté de l'aquilon, quatre mille cinq cents mesures; du côté du midi, quatre mille cinq cents; du côté de l'orient, quatre mille cinq cents; et du côté de l'occident, quatre mille cinq cents.
၁၆မြို့ အတိုင်း အရှည်ကား၊ မြောက် ဘက် ၌ လေး ထောင် ငါး ရာ ၊ တောင် ဘက် ၌လေး ထောင် ငါး ရာ ၊ အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ၊ အနောက် ဘက် ၌ လေး ထောင် ငါး ရာ ရှိရမည်။
17 Et du côté de l'aquilon il y aura, à la ville, une esplanade de deux cent cinquante mesures, et trois autres de même dimension au midi, à l'orient et à l'occident.
၁၇မြို့နယ် ကား၊ မြောက် ဘက်၌ နှစ်ရာ ငါးဆယ် ၊ တောင် ဘက်၌ နှစ်ရာ ငါးဆယ် ၊ အရှေ့ ဘက်၌ နှစ်ရာ ငါးဆယ် ၊ အနောက် ဘက်၌ နှစ်ရာ ငါးဆယ် ရှိ ရမည်။
18 Et le reste de la longueur, consacré aux prémices des saints, sera de dix mille mesures à l'orient, et de dix mille à l'occident: telles seront les prémices des saints; et de leurs récoltes on donnera du pain à ceux qui rendent des services dans la ville.
၁၈သန့်ရှင်း သော မြေ အနား မှာ အလျား ၌ ကြွင်း သေးသော အရှေ့ ဘက်၌ တသောင်း ၊ အနောက် ဘက်၌ တသောင်း ကျယ်သော မြေ၌ဖြစ်သော အသီးအနှံ သည်၊ မြို့ အမှု ကို စောင့်သောသူတို့ စားစရာ ဘို့ ဖြစ် ရမည်။
19 Et ceux qui rendront ainsi des services dans la ville même seront de toutes les tribus d'Israël.
၁၉မြို့ အမှု စောင့်တို့ကို ဣသရေလ အမျိုး အပေါင်း ထဲက ရွေးကောက် ရမည်။
20 Les prémices entières auront donc vingt-cinq mille mesures de long, et vingt-cinq mille de large. Vous séparerez du territoire que possèdera la ville ce carré pour les prémices des saints.
၂၀ပူဇော်သော မြေကွက် ပေါင်း ကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံနှစ်သောင်း ငါးထောင်ကျယ်၍၊ မြို့နယ် ပါလျက် သန့်ရှင်း သော ထိုစတုရန်း မြေ ကို ပူဇော် ရမည်။
21 Or ce qui restera de ce carré, à partir du sanctuaire, sera pour le prince; il sera compris dans le territoire de la ville, sur une longueur de vingt-cinq mille mesures jusqu'à ses limites du côté de l'orient et de l'occident, et sur vingt-cinq mille de large jusqu'aux limites du côté de l'occident, tenant à la part du prince. Et ce seront les prémices des saints; et au milieu d'elles il y aura le sanctuaire du temple.
၂၁ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။
22 Et la part des lévites et le territoire de la ville, an milieu duquel sera la part du prince, seront entre les limites de Juda et les limites de Benjamin; ce sera la résidence des princes.
၂၂ထိုသို့စပ်ကြားမှာကျသော လေဝိ လူနေရာ အပိုင်းအခြား၊ မြို့နယ် အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက်၊ ယုဒ ခရိုင် ၊ ဗင်္ယာမိန် ခရိုင် စပ်ကြား မှာ ကျသောမြေရှိသမျှ သည် မင်းသား အဘို့ ဖြစ် ရမည်။
23 Or voici la part du reste des tribus, depuis l'orient jusqu'à l'occident, Benjamin, une tribu;
၂၃ကြွင်း သော ဣသရေလခရိုင် ဟူမူကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဗင်္ယာမိန် ခရိုင် ရှိရမည်။
24 À partir des limites de Benjamin, depuis l'orient jusqu'à l'occident, Siméon, une tribu;
၂၄ဗင်္ယာမိန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရှိမောင် ခရိုင်ရှိရမည်။
25 À partir des limites de Siméon, depuis l'orient jusqu'à l'occident, Issachar, une tribu;
၂၅ရှိမောင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဣသခါ ခရိုင်ရှိရမည်။
26 À partir des limites d'Issachar, depuis l'orient jusqu'à l'occident, Zabulon, une tribu;
၂၆ဣသခါ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဇာဗုလုန် ခရိုင်ရှိရမည်။
27 À partir des limites de Zabulon, depuis l'orient jusqu'à l'occident, Gad, une tribu;
၂၇ဇာဗုလုန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဂဒ် ခရိုင်ရှိရမည်။
28 À partir des limites de Gad, depuis l'orient, et tournant vers le midi, seront les confins de Théman et les eaux de Barimoth-Cadès, et l'héritage d'Israël finira à la grande mer.
၂၈ဂဒ် ခရိုင် တောင် ဘက် အပိုင်းအခြား သည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင်၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သော မြစ် တိုင်အောင်၎င်း ရှောက်သွား ရမည်။
29 Telle est la terre que vous vous partagerez au sort entre les tribus d'Israël, et tels seront les lots, dit le Seigneur Dieu.
၂၉ဤရွေ့ကား ၊ ဣသရေလ အမျိုးအနွယ် တို့ အမွေခံ စရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူ တို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
30 Or voici les issues de la ville: celles du côté de l'aquilon, sur une longueur de quatre mille cinq cents mesures.
၃၀မြို့ မှထွက် ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊
31 Les portes de la ville prendront les noms des tribus d'Israël; il y aura trois portes à l'aquilon: la porte de Ruben, la porte de Juda, la porte de Lévi.
၃၁မြို့ တံခါး တို့သည် ဣသရေလ အမျိုးအနွယ် တို့ အမည် ကို ဆောင်လျက်၊ မြောက် ဘက်၌ ရုဗင် တံခါး ၊ ယုဒ တံခါး ၊ လေဝိ တံခါး တည်းဟူသောတံခါး သုံး ပေါက် ရှိရမည်။
32 Celles de l'orient, percées dans une longueur de quatre mille cinq cents mesures, seront au nombre de trois: la porte de Joseph, la porte de Benjamin, la porte de Dan.
၃၂မြို့အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ယောသပ် တံခါး ၊ ဗင်္ယာမိန် တံခါး ၊ ဒန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
33 Celles du midi, percées dans une longueur de quatre mille cinq cents mesures, seront au nombre de trois: la porte de Siméon, la porte d'Issachar, la porte de Zabulon.
၃၃မြို့တောင် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ရှိမောင် တံခါး ၊ ဣသခါ တံခါး ၊ ဇာဗုလုန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
34 Celles du côté de l'occident, percées dans une longueur de quatre mille cinq cents mesures, seront au nombre de trois: la porte de Gad, la porte d'Aser, la porte de Nephthali.
၃၄မြို့အနောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ဂဒ် တံခါး ၊ အာရှာ တံခါး ၊ နဿလိ တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။
35 L'enceinte entière aura dix-huit mille mesures, et, à partir de ce jour, le nom de la ville sera: C'est le nom du Seigneur.
၃၅ထိုသို့ မြို့ပတ်လည် အတိုင်းအရှည်ကား၊ တသောင်း ရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့ မှစ၍ ထိုမြို့ ကို ယေဟောဝါရှမ္မအမည် ဖြင့် ခေါ်တွင်ရလိမ့် သတည်း။

< Ézéchiel 48 >