< Ézéchiel 28 >
1 Et la parole du Seigneur me vint, disant:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 Et toi, fils de l'homme, dis au roi de Tyr: Voici ce que dit le Seigneur: En punition de ce que ton cœur s'est enorgueilli, et de ce que tu as dit: Je suis Dieu, j'habite au cœur de la mer une demeure de Dieu; tu verras que tu es un homme et non un Dieu; et tu as élevé ton cœur, comme s'il eût été le cœur de Dieu.
၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
3 Es-tu plus sage que Daniel? Les sages ne t'ont-ils pas instruit de leur science?
၃မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
4 Est-ce par ton propre savoir et ton intelligence que tu t'es rendu puissant, et que tu as entassé l'or et l'argent dans tes trésors?
၄သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။-
5 Tu as accru ta puissance par ta science et par ton commerce, et ton cœur s'est enorgueilli de ta puissance.
၅ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။''
6 C'est pourquoi ainsi parle le Seigneur: Puisque tu as élevé ton cœur comme s'il eût été le cœur de Dieu;
၆``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-
7 À cause de cela, voilà que j'amène contre toi des fléaux étrangers, venus des nations; et elles arriveront l'épée nue pour frapper toi, ta beauté, ta science, et elles jetteront à terre ta beauté, qu'elles détruiront.
၇ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
8 Et elles te renverseront, et tu mourras de mort avec ceux qui périront au cœur de la mer.
၈သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
9 Diras-tu: Je suis Dieu, devant ceux qui te tueront? Tu es un homme, et non un Dieu.
၉သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
10 Tu périras par les mains des étrangers, au milieu de la multitude des incirconcis; car moi j'ai parlé, dit le Seigneur.
၁၀သင်သည်လူမျိုးခြားတို့၏လက်တွင်အရေ ဖျားလှီးမင်္ဂလာမခံရသေးသူကဲ့သို့ သေ ရပေလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရား၏အမိန့်တော်ပင်တည်း'' ဟုမိန့်တော် မူ၏။
11 Et la parole du Seigneur me vint, disant:
၁၁တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့ထံသို့ရောက်လာ၏။-
12 Fils de l'homme, fais une lamentation sur le roi de Tyr, et dis-lui: Ainsi parle le Seigneur Maître: Toi, le sceau de la ressemblance de Dieu; toi, couronné de beauté,
၁၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
13 Tu as été dans les délices du paradis de Dieu; tu t'es paré de toute pierre précieuse, de la sardoine, de la topaze, de l'émeraude, de l'escarboucle, du saphir, du jaspe, de l'argent, de l'or, de l'ambre, de l'agate, de l'améthyste, de la chrysolithe, du béryl, de l'onyx; tu as rempli d'or tes trésors et tes celliers.
၁၃ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
14 Le jour où tu as été créé, tu as été avec le chérubin; je t'ai mis en la montagne sainte de Dieu, au milieu de pierres de feu lançant des flammes.
၁၄ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
15 Tu as été irréprochable en ta vie, du jour où tu as été créé jusqu'au jour où des iniquités ont été trouvées en toi.
၁၅သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။-
16 En multipliant ton commerce, tu as rempli d'iniquités tes trésors, et tu as péché, et tu as été blessé et exclu de la montagne de Dieu; et le chérubin t'a banni du milieu des pierres de feu lançant des flammes.
၁၆သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
17 Ton cœur s'est enorgueilli de ta beauté; ta science a péri avec ta beauté. À cause de la multitude de tes péchés, je t'ai jeté à terre, je t'ai rendu infâme en présence de tous les rois.
၁၇သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
18 À cause de la multitude de tes péchés et de l'iniquité de tes trafics, j'ai souillé tes choses saintes; et je ferai sortir du milieu de toi un feu qui te dévorera; et je te réduirai en cendres sur la terre aux yeux de tous ceux qui te verront.
၁၈သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
19 Et tous ceux qui te connaissent parmi les nations gémiront sur toi. Tu es anéanti, et tu ne seras plus dans les siècles.
၁၉သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။
20 Et la parole du Seigneur me vint, disant:
၂၀ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
21 Fils de l'homme, tourne ton visage contre Sidon, et prophétise contre elle.
၂၁``အချင်းလူသားဇိဒုန်မြို့ဘက်သို့လှည့်၍ ထိုမြို့ကိုရှုတ်ချလော့။-
22 Et je dis: Ainsi parle le Seigneur: Voilà que je sois contre toi, Sidon, et je serai glorifié en toi, et tu connaîtras que je suis le Seigneur, lorsque j'aurai exercé mes jugements sur toi, et que je serai sanctifié en toi.
၂၂ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
23 Le sang et la mort seront sur tes places, et autour de toi tomberont ceux que chez toi le glaive aura blessés; et ils sauront que je suis le Seigneur.
၂၃ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
24 Et il n'y aura plus dans la maison d'Israël d'aiguillon d'amertume ni d'épine de douleur venant de ceux qui l'entourent; et ils sauront que je suis le Seigneur.
၂၄ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
25 Voici ce que dit le Seigneur Maître: Alors je rassemblerai Israël d'entre les nations où il a été dispersé; et je serai sanctifié en lui, devant les peuples et les nations; et ils demeureront en leur terre, que j'ai donnée à mon serviteur Jacob.
၂၅အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
26 Et ils l'habiteront pleins d'espérance; et ils bâtirent des maisons, et ils planteront des vignes, et ils habiteront leur terre, pleins d'espérance, lorsque j'aurai exercé mes jugements sur tous ceux qui les entourent et qui les ont méprisés; et ils sauront que je suis le Seigneur leur Dieu, et le Dieu de leurs pères.
၂၆သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။