< Exode 5 >

1 Après cela, Moïse entra avec son frère chez le Pharaon, et ils lui dirent: Voici ce que dit le Seigneur Dieu d'Israël: Congédie mon peuple, afin qu'il me célèbrent une fête dans le désert.
ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
2 Et le Pharaon dit: Quel est donc celui-ci pour que je lui obéisse jusqu'à, congédier les fils d'Israël? Je ne connais pas le Seigneur, et je ne congédie point Israël.
ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
3 Et ils reprirent: Le Dieu des Hébreux nous convoque; nous irons donc dans le désert à trois journées de marche, afin de sacrifier au Seigneur notre Dieu, de peur que la mort et l'extermination ne tombent sur nous.
သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
4 Le roi d'Égypte leur dit: Moïse, Aaron, pourquoi détournez-vous le peuple de ses travaux? Allez, que chacun de vous retourne à ses travaux.
အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
5 Le Pharaon dit encore: Ce peuple se multiplie maintenant de plus en plus; gardons-nous de leur donner aucun relâche en leurs travaux.
တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
6 Et il fit un ordre aux intendants et aux secrétaires des travaux, disant:
ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
7 Ne donnez plus de paille au peuple pour faire de la brique comme hier et le jour précédent; qu'ils s'en aillent et qu'ils recueillent de la paille pour eux.
အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
8 Imposez-leur néanmoins par jour la même quantité de briques qu'ils ont toujours faite, n'en ôtez rien; car ils ont du temps à perdre, c'est pour cela qu'ils ont crié: Levons-nous, et sacrifions à notre Dieu.
အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
9 Aggravons les travaux de ces hommes; et que leurs préoccupations soient là, au lieu d'être à de vains discours.
သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
10 Les intendants et leurs préposés les pressèrent donc, et ils parlèrent au peuple, disant: Voici ce que dit le Pharaon: Je ne vous donnerai plus de paille.
၁၀အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
11 Allez vous-mêmes recueillir pour vous de la paille où vous en pourrez trouver; d'ailleurs votre tâche ne sera diminuée en rien.
၁၁ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
12 Et le peuple se dispersa parmi toute l'Égypte pour ramasser du chaume et s'en servir au lieu de paille.
၁၂သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
13 Cependant, les intendants les pressaient, disant: Achevez vos travaux jour par jour, comme lorsqu'on vous donnait de la paille.
၁၃အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
14 Les secrétaires de la race d'Israël, institués au dessus du peuple, furent même fustigés par les intendants du Pharaon, qui disaient: Pourquoi n'avez- vous pas fait aujourd'hui la même quantité de briques qu'hier et auparavant?
၁၄ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
15 Et les secrétaires de la race d'Israël étant entrés vers le Pharaon, lui dirent en jetant des cris: Pourquoi traite-t-on de la sorte tes serviteurs?
၁၅ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
16 On ne donne plus de paille à tes serviteurs, et l'on nous dit de faire de la brique, et tes serviteurs ont été fustigés: seras-tu donc injuste envers ton peuple?
၁၆ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
17 Il répondit: Vous perdez du temps, vous demeurez oisifs, et à cause de cela vous dites: Sacrifions à notre Dieu.
၁၇ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
18 Sortez donc à l'instant et travaillez; vous n'aurez plus de paille, et vous fournirez la même quantité de briques.
၁၈သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
19 Et les secrétaires de la race d'Israël se virent dans le malheur, car on leur disait: Vous ne retrancherez rien à la quantité de briques qui vous est imposée par jour.
၁၉ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
20 Ayant rencontré Aaron et Moïse qui venaient au-devant d'eux, comme ils sortaient de chez le Pharaon,
၂၀ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
21 Ils leur dirent: Que Dieu vous voie et vous juge, parce que vous nous avez mis en mauvaise odeur devant le Pharaon et devant ses serviteurs, plaçant le glaive en sa main pour nous faire périr.
၂၁ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
22 Moïse se tourna vers le Seigneur et dit: Je vous conjure, Seigneur, pourquoi avez-vous affligé ce peuple? Et pourquoi m'avez-vous envoyé?
၂၂မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
23 Car, depuis que je suis entré chez le Pharaon pour lui parler en votre nom, il a maltraité ce peuple, et vous n'avez point délivré votre peuple.
၂၃အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။

< Exode 5 >