< Exode 21 >

1 Voici les ordonnances que tu leur mettras sous les yeux.
ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင် ရသော ဓမ္မသတ် ဟူမူကား၊
2 Si tu achètes un serviteur hébreu, il te servira six ans, et à la septième année, il s'en ira libre sans rançon.
ဟေဗြဲ အမျိုးဖြစ်သောကျွန် ကို ဝယ် လျှင် ၊ ခြောက် နှစ် သာ အစေ ကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက် သော်၊ ကိုယ်ဘိုးကို မ တောင်းဘဲ လွှတ် ရမည်။
3 S'il est entré seul, il sortira seul; si sa femme est entrée avec lui, sa femme sortira avec lui.
ကျွန်ခံစက တယောက် တည်းခံလျှင် ၊ တယောက် တည်းထွက် ရမည်။ လင် မယား နှစ်ယောက်ခံလျှင် ၊ မယား နှင့်တကွ ထွက် စေရမည်။
4 Si son maître lui a donné une femme, et qu'elle lui ait enfanté des fils et des filles, la femme et les enfants seront à son maître; lui seul sortira.
သို့မဟုတ်သခင် ပေးစား သောမယား ရှိ၍ ထိုမယားသည် သား သမီး ကို ဘွားမြင် လျှင် ၊ မယား နှင့် သားသမီး တို့ကို သခင် ပိုင် ရမည်။ ကျွန်မူကား၊ တ ယောက်တည်းထွက် ရမည်။
5 Si le serviteur dit: J'aime mon maître, ma femme et mes enfants; je refuse de devenir libre,
သို့မဟုတ် ကျွန် က၊ ကျွန်တော် သခင် နှင့် မယား သားသမီး တို့ကို ကျွန်တော်ချစ် ပါ၏။ မ ထွက် မသွားလိုပါ ဟု အတည့်အလင်းပြောဆို လျှင် ၊
6 Son maître le conduira au tribunal de Dieu, il le placera devant la porte contre le seuil, et il lui percera les oreilles avec une petite alêne; alors le serviteur restera à son service à perpétuité.
သခင် သည် ဘုရား သခင်ရှေ့ တော်သို့၎င်း၊ အိမ်တံခါး တိုင် သို့ ၎င်း ဆောင် ယူ၍ ၊ နားရွက် ကို စူး ဖြင့် ဖောက် ပြီးမှ ၊ ထိုကျွန်သည် အစဉ် အမြဲကျွန် ခံရမည်။
7 Si un homme vend sa fille comme esclave, elle ne sortira pas comme sortent les servantes.
အဘ သည် သမီး ကို ကျွန် ခံစေခြင်းငှာ ရောင်း လျှင် ထိုမိန်းမသည် ကျွန် ယောက်ျားကဲ့သို့ လွတ် ရသည် မဟုတ်။
8 Que si elle n'a pas été agréable au maître après leurs fiançailles, il la laissera aller moyennant rançon; mais il ne pourra la vendre chez une nation étrangère, sous prétexte qu'il aurait trouvé en elle un motif de répudiation.
သခင် သည် ထိုမိန်းမ ကို သိမ်းယူ၍ မကြိုက် လျှင် ၊ ရွေး စေခြင်းငှာ အခွင့်ပေးရမည်။ သူ့ ကို လှည့်ဖြား မိ သောကြောင့် ၊ တပါးအမျိုးသား တို့သို့ ရောင်း ချပိုင်သောအခွင့် မရှိ။
9 S'il l'a fiancée à son fils, il la traitera selon la justice due aux filles libres.
မိမိ သား ၌ ပေးစား လျှင် မူကား ၊ သမီး ကဲ့သို့ ပြုစု ရမည်။
10 Si le maître la remplace pour lui-même par une autre, il ne la sèvrera ni de sa société, ni de vêtements, ni des choses nécessaires.
၁၀အခြား မိန်းမကို သိမ်း ပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ် အစား နှင့် မယား ဝတ်ကို မ လျှော့ ရ။
11 S'il manque à l'une de ces trois conditions, elle sortira sans rançon, sans rien payer.
၁၁ထို သုံး ပါးကို မ ပြု လျှင် ၊ ကိုယ်ဘိုး ကို မ တောင်းဘဲ လွှတ် ရမည်။
12 Si un homme en frappe un autre et si celui-ci meurt, que le premier soit puni de mort.
၁၂လူ ကို အသေ သတ် သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
13 Mais si c'est involontairement, s'il a frappé un homme que Dieu aura livré à ses mains, je désignerai un lieu où il se réfugiera.
၁၃အသေသတ်မည် အကြံ မ ရှိဘဲ၊ သူ ၏လက် ၌ လူအသက်ကို ဘုရား သခင်အပ် တော်မူလျှင်၊ ပြေး ရသောအရပ် ကို ငါခန့် ထားမည်။
14 Si un homme a guetté son prochain et l'a tué par ruse, s'il s'est enfui, tu le prendras, même à mon autel, pour qu'il soit mis à mort.
၁၄အိမ်နီးချင်း ကိုသတ် မည် အကြံ ရှိ၍ အနိုင်တိုက်သောသူ ကိုကား ၊ ငါ့ ယဇ် ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ ၍ သတ် ရမည်။
15 Que celui qui frappera son père ou sa mère soit puni de mort.
၁၅မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
16 Que celui qui maudira son père ou sa mère soit puni de mort.
၁၆လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
17 Que celui qui aura ravi un des fils d'Israël soit puni de mort; soit que l'ayant forcé, il l'ait vendu, soit qu'on le trouve chez lui.
၁၇မိ ဘ ကို ကျိန်ဆဲ သောသူသည် အသေသတ် ခြင်းကို အမှန်ခံရမည်။
18 Si deux hommes se sont querellés, et que l'un ait frappé son prochain du poing ou avec une pierre, et que celui-ci ne meure pas, mais qu'il ait gardé le lit;
၁၈လူ ချင်းခိုက်ရန် ပြု၍ တယောက် သည် ကျောက်ခဲ နှင့် ထု သည်ဖြစ်စေ၊ လက်သီး နှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မ သေ သော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေ ရလျှင်၎င်း၊
19 S'il peut sortir appuyé sur un bâton, celui qui l'aura frappé ne sera pas condamné, mais il l'indemnisera pour le chômage, et il paiera les frais de la guérison.
၁၉တဖန်ထ ၍ တောင်ဝေး နှင့် သွား လျှင် ၎င်း၊ ရိုက်သောသူကို အပြစ် လွှတ် ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာ ပျောက်စေခြင်းငှါ ကုသ ရသည်အတွက်၊ ငွေကို လျော် ရမည်။
20 Si un homme frappe du bâton son serviteur ou sa servante, et si la mort s'ensuit, il sera poursuivi en justice pour être puni.
၂၀သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။
21 Mais si le blessé survit un jour ou deux, que le maître ne soit pas poursuivi; car c'est son argent.
၂၁သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။
22 Si deux hommes se battent et qu'une femme grosse soit frappée, et qu'il en sorte un enfant non encore formé, le coupable paiera le dommage, selon l'estimation du mari de la femme.
၂၂လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။
23 Mais si l’enfant est formé, le coupable donnera vie pour vie,
၂၃အခြားသော အနာ ဖြစ်လျှင် ၊ အသက် အတွက် အသက် ကို၎င်း၊
24 Œil pour œil, dent pour dent, main pour main, pied pour pied,
၂၄မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း၊
25 Brûlure pour brûlure, plaie pour plaie, meurtrissure pour meurtrissure.
၂၅မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။
26 Si un homme a porté un coup à l'œil de son serviteur ou à I'œil de sa servante, et que l'œil soit perdu, il renverra libre le blessé, pour prix de I'œil perdu.
၂၆သခင် သည် ကျွန် ယောက်ျား ကျွန် မိန်းမ၏ မျက်စိ ကို ပျက် အောင်ရိုက် လျှင် ၊ မျက်စိ ပျက်သည်အတွက် လွှတ် ရမည်။
27 S'il a cassé une dent à son serviteur ou une dent à sa servante, il les renverra libres, pour prix de la dent perdue.
၂၇ထိုအတူ ကျွန် ယောက်ျား ကျွန် မိန်းမ၏ သွား ကို ကျိုး အောင်ရိုက်လျှင်၊ သွား ကျိုးသည်အတွက် လွှတ် ရမည်။
28 Si un taureau a frappé de sa corne un homme ou une femme et que le blessé en meure, le taureau sera lapidé et l'on ne mangera pas sa chair, mais le maître du taureau sera innocenté.
၂၈နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။
29 Si le taureau a depuis longtemps l'habitude de frapper de la corne, qu'on l'ait déclaré à son maître sans qu’il l'ait enfermé, et que le taureau tue homme ou femme, le taureau sera lapidé et le maître mis à mort.
၂၉၎င်းနည်း နွား သည် အထက် က ခွေ့ ဘူး၍ ၊ ခွေ့ကြောင်းကို နွားရှင် ကြား သိလျက် မ ချည် မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျား မိန်းမ ကို သတ် မိလျှင် ၊ ထိုနွား ကို ကျောက်ခဲနှင့် ပစ် သတ်ရမည်။ နွား ရှင် ကိုလည်း အသေ သတ်ရမည်။
30 Si une rançon lui est imposée, il pourra racheter sa vie au prix de la rançon qui lui aura été imposée.
၃၀သို့မဟုတ်ငွေ လျော်စေဟု စီရင် လျှင် ၊ စီရင် သည်အတိုင်း မိမိ အသက် ရွေး ရန် အဘိုးကို လျော် ရမည်။
31 Si le taureau a frappé de sa corne un fils ou une fille, la sentence sera la même.
၃၁သူတပါး၏ သား သမီး ကို ခွေ့ လျှင် ၊ စီရင် သည်အတိုင်း ခံ ရမည်။
32 S'il a blessé un serviteur ou une servante, on donnera au maître trente drachmes d'argent, et le taureau sera lapidé.
၃၂ကျွန် ယောက်ျားကျွန် မိန်းမကို ခွေ့ လျှင် မူကား၊ နွားရှင်သည် ကျွန် ရှင် အား ငွေ အကျပ် သုံးဆယ် ကို လျော် ရမည်။ နွား ကိုလည်း ကျောက်ခဲနှင့် ပစ် သတ်ရမည်။
33 Si quelqu'un creuse un puits, ou bâtit une citerne en pierres de taille et qu'il n'en couvre pas l'orifice, et qu'un veau ou un âne y tombe,
၃၃လူ သည် တွင်း ကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်း ကိုတူး ၍ မ ပိတ် ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း ၊ နွား သည် ထို တွင်း၌ ကျ လျှင်၊
34 Le maître du puits ou de la citerne sera puni, il donnera de l'argent à leur maître, mais la bête morte sera pour lui.
၃၄တွင်း ရှင် သည် မြင်း၊ နွားအဘိုး ကို လျော် ၍ အသေ ကောင်ကို ယူ ရမည်။
35 Si le taureau d'un homme frappe à mort le taureau de son voisin, ils vendront le taureau vivant, ils en partageront le prix, et ils partageront le taureau mort.
၃၅အကြင် သူ၏ နွား သည်၊ သူတပါး ၏ နွား ကို အသေ ခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင် သော နွား ကို ရောင်း ၍ အဘိုး ကို ဝေ ယူရမည်။ သေ သောနွားကိုလည်း ဝေ ယူရမည်။
36 S'il est reconnu que le taureau avait depuis longtemps l'habitude de frapper de la corne, et qu'on l'avait déclaré au maître sans qu'il l'eût enfermé, celui-ci rendra taureau pour taureau, et la bête morte sera pour lui.
၃၆၎င်း နည်းနွားသည် အထက် က ခွေ့ ဘူးကြောင်းကို ၊ နွား ရှင် သိ လျက်နှင့် မ ချည် မနှောင် အလွတ် ထားလျှင်၊ နွားသေ ကောင်ကို ကိုယ်တိုင် ယူ ရမည်။ ထိုနွား တကောင်အတွက် တ ကောင်ကို အမှန်လျော် ရမည်။

< Exode 21 >