< Deutéronome 30 >

1 Lorsque ces choses, cette bénédiction, puis cette malédiction que je te fais connaître, se seront réalisées pour toi, et lorsque tu te les seras rappelées en ton cœur parmi les nations chez qui le Seigneur t'aura dispersé;
သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊
2 Lorsque tu te seras converti au Seigneur ton Dieu, et que tu seras docile à sa parole pour exécuter de tout ton cœur et de toute ton âme ce que je te prescris aujourd'hui,
သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊
3 Le Seigneur réparera le mal que t'auront fait tes péchés; il aura pitié de toi, et il te fera revenir du milieu des Gentils chez qui le Seigneur t'aura dispersé.
သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။
4 Quand même tu serais disséminé sous tout le ciel, d'une extrémité à l'autre, le Seigneur te rassemblerait, le Seigneur l'en ramènerait.
သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။
5 Le Seigneur ton Dieu te fera rentrer en la terre que tes pères t'auront transmise, et tu la possèderas; le Seigneur te comblera de biens, et il te sera plus favorable encore qu'à tes pères.
ဘိုးဘေး တို့ ဝင်စား သော ပြည် သို့ တဖန် ဆောင် ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စား ရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေး များတို့ထက် သင့် ကို သာ၍များ စေတော်မူလိမ့်မည်။
6 Dieu purifiera ton cœur et le cœur de ta race, pour que tu aimes le Seigneur ton Dieu de tout ton cœur et de toute ton âme, et pour que tu vives.
သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
7 Le Seigneur transportera toutes ses malédictions sur tes ennemis, sur ceux qui te haïssent et t'auront persécuté.
သင် ၏ရန်သူ တည်းဟူသော သင့် ကိုမုန်း ၍ ညှဉ်းဆဲ သောသူတို့ အပေါ် ၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန် ခြင်းအမင်္ဂလာ ရှိသမျှ တို့ကို သက်ရောက် စေတော်မူလိမ့်မည်။
8 Et tu seras converti, tu seras docile à la parole du Seigneur ton Dieu, et tu exécuteras ses commandements que je t'intime aujourd'hui.
သင် သည် ပြန် လာလျက် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ၊ ယနေ့ ငါ မှာ ထားသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် လိမ့်မည်။
9 Alors, le Seigneur te bénira en toute œuvre de tes mains, et dans les fruits de tes entrailles, et dans les rejetons de tes bestiaux, et dans les récoltes de tes champs; car le Seigneur aura recommencé à faire sa joie de ta prospérité, comme il s'était réjoui de celle de tes pères.
သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍၊
10 Et tu seras docile à la parole du Seigneur pour observer ses commandements, ses jugements et ses ordonnances écrits au livre de cette loi, si tu t'es converti au Seigneur ton Dieu de tout ton cœur et de toute ton âme.
၁၀ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎င်း၊ သင် ပြု လေရာရာ ၌ အောင်မည်အကြောင်းနှင့် သင် ၏သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများပြား မည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင် ၌ အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
11 Le commandement que je te donne aujourd'hui n'est pas excessif ni hors de ta portée.
၁၁ယနေ့ ငါ မှာထား သော ပညတ် တရားတော် သည် သင် နားမလည် နိုင်သော တရားမဟုတ်။
12 Il n'est point au plus haut du ciel, de sorte que tu puisses dire: Qui s'élèvera pour nous jusqu'au ciel, et recueillera pour nous ce commandement, afin qu'après l'avoir entendu, nous l'exécutions?
၁၂သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။
13 Il n'est point au delà de la mer, de sorte que tu puisses dire: Qui pour nous se transportera au delà de la mer, et recueillera pour nous ce commandement, afin qu'après l'avoir entendu, nous l'exécutions?
၁၃တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။
14 La parole est auprès de toi; elle est dans ta bouche et dans ton cœur, et dans tes mains pour que tu l'accomplisses.
၁၄တရား တော်သည် သင်စောင့်ရှောက် ဘို့ ရာသင် နှင့် အလွန်နီး ၏။ သင် ၏နှုတ် ၌ ၎င်း၊ သင် ၏နှလုံး ၌ ၎င်း ရှိ၏။
15 Je place aujourd'hui devant toi la vie et la mort, le bien et le mal.
၁၅ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။
16 Si tu es docile a ce commandement du Seigneur ton Dieu, que je t'intime aujourd'hui: d'aimer le Seigneur ton Dieu, de marcher en toutes ses voies, d'observer ses jugements et ses ordonnances, vous vivrez tous, vous serez nombreux, et le Seigneur ton Dieu te bénira sur toute la terre en laquelle tu seras entré pour en faire ton héritage.
၁၆သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။
17 Mais si ton cœur change, si tu deviens indocile, et si en ton égarement tu adores d'autres dieux, si tu les sers,
၁၇သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
18 Je te déclare aujourd'hui que vous périrez, et que vous ne passerez point de longs jours sur la terre au delà du Jourdain, où tu vas entrer pour qu'elle soit ton héritage.
၁၈ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။
19 Je prends maintenant à témoin devant vous le ciel et la terre, que je place devant vous la vie et la mort, la bénédiction et la malédiction: puisses-tu choisir la vie, afin que tu vives, toi et ta race, pour
၁၉အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။
20 Aimer le Seigneur ton Dieu, être docile à sa parole, et t'attacher à lui. Voilà la vie et la longue durée de tes jours sur la terre, que le Seigneur a promise à tes pères Abraham, Isaac et Jacob.
၂၀သို့ဖြစ်၍ ၊ သင် နှင့် သင့် အမျိုးအနွယ် သည် အသက်ရှင် မည် အကြောင်း နှင့်၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ၍ စကား တော်ကို နားထောင် သဖြင့် ၊ အသက်ရှင် ခြင်းအကျိုး၊ အသက်တာ ရှည် ခြင်း အကျိုးကိုပေး တော်မူသောကိုယ်တော် ကို ဆည်းကပ် မှီဝဲ မည် အကြောင်း နှင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူ သော ပြည် ၌ နေ မည်အကြောင်း နှင့် ယှဉ်သော အသက် တရားကို ရွေးယူ လော့ဟု ဣသရေလအမျိုးအား ဟောပြော ၏။

< Deutéronome 30 >