< Deutéronome 29 >
1 Voilà les conditions de l'alliance que le Seigneur prescrivit à Moïse de faire avec les fils d'Israël, en la terre de Moab, outre l'alliance qu'il avait précédemment faite avec eux en Horeb.
၁သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
2 Et Moïse convoqua tous les fils d'Israël, et il leur dit: Vous avez vu tout ce que devant vous, en la terre d'Egypte, le Seigneur a fait au Pharaon, à ses serviteurs, et à toute la contrée;
၂မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
3 Vos yeux ont été frappés de ces grandes épreuves, de ces signes et de ces prodiges.
၃သင်တို့သည်ကြောက်မက်ဖွယ်သောကပ် ရောဂါများနှင့် ထာဝရဘုရားပြတော် မူသောအံ့သြဖွယ်ရာတန်ခိုးနိမိတ်လက္ခ ဏာတော်များကိုလည်းမြင်ခဲ့ရကြသည်။-
4 Et jusqu'à ce jour le Seigneur ne vous a pas donné un cœur pour comprendre, des yeux pour voir, des oreilles pour écouter.
၄သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
5 Il vous a fait errer pendant quarante ans dans le désert, et vos vêtements n'ont pas vieilli, vos sandales sous vos pieds ne se sont pas usées.
၅ထာဝရဘုရားသည်သင်တို့အားနှစ်ပေါင်း လေးဆယ်ပတ်လုံး တောကန္တာရခရီးဖြင့်ပို့ ဆောင်တော်မူခဲ့စဉ်အတွင်း သင်တို့၏အဝတ် အင်္ကျီများမဟောင်းမနွမ်း၊ သင်တို့၏ဖိနပ် များလည်းမစုတ်မပြတ်ခဲ့ရ။-
6 Vous n'avez pas mangé de pain, vous n'avez bu ni vin ni liqueur fermentée, afin, a dit le Seigneur, que vous sachiez que je suis le Seigneur votre Dieu.
၆သင်တို့တွင်စားစရာအစာ၊ သောက်စရာ စပျစ်ရည်နှင့်သေရည်သေရက်မရှိခဲ့ ကြ။ သို့ရာတွင်ထာဝရဘုရားသည်သင် တို့၏ဘုရားသခင်ဖြစ်တော်မူကြောင်း သင်တို့အားသွန်သင်ရန်သင်တို့လိုသမျှ ကိုပေးတော်မူသည်။-
7 Vous êtes ainsi venus jusqu'au lieu où vous êtes, et Séhon, roi d'Esebon, et Og, roi de Basan, sont sortis à notre rencontre pour nous combattre, et nous les avons vaincus.
၇ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
8 Nous avons pris leur terre: je l'ai donnée en héritage à Ruben, à Gad, et à une demi-tribu de Manassé.
၈သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
9 Veillez à vous conformer à toutes les paroles de l'alliance, afin que vous fassiez toutes choses avec intelligence.
၉သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
10 Or, vous voici tous aujourd'hui devant le Seigneur votre Dieu: chefs et tribus, anciens, juges, scribes, peuple,
၁၀``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
11 Femmes, enfants, étrangers établis dans le camp, depuis le fendeur de bois jusqu'au porteur d'eau,
၁၁
12 Pour entrer dans l'alliance du Seigneur votre Dieu et pour entendre ses malédictions, comme le Seigneur les règle aujourd'hui devant vous
၁၂သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
13 An moment de vous instituer son peuple; lui-même sera ton Dieu, comme il l'a dit et juré à tes pères Abraham, Isaac et Jacob.
၁၃သို့မှသာထာဝရဘုရားသည်သင်တို့ နှင့်သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ရှိတော်မူသည့်အတိုင်း သင်တို့ကိုထာဝရ ဘုရား၏လူမျိုးတော်အဖြစ်အတည်ပြု တော်မူမည်။ ထာဝရဘုရားသည်လည်း သင် တို့၏ဘုရားသခင်ဖြစ်တော်မူမည်။-
14 Et ce n'est pas pour vous seuls que j'établis cette alliance et ces malédictions.
၁၄ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
15 C'est aussi bien pour ceux qui ne sont pas ici aujourd'hui avec vous, que pour ceux qui sont ici aujourd'hui avec vous devant le Seigneur.
၁၅ကိုယ်တော်၏ရှေ့တော်တွင်ယနေ့ရပ်နေ ကြသောငါတို့အပေါင်းနှင့်သော်လည်း ကောင်း၊ ယခုငါတို့နှင့်အတူမရှိသေး သောနောင်လာနောက်သားတို့နှင့်သော် လည်းကောင်းပြုတော်မူ၏။
16 Car vous savez comment nous avons demeuré en la terre d'Egypte, et comment nous avons passé au milieu des nations que vous avez rencontrées.
၁၆``အီဂျစ်ပြည်၌လည်းကောင်း၊ အခြားလူ မျိုးတို့၏နယ်မြေကိုဖြတ်သန်းသွားရာ ၌လည်းကာင်း၊ ငါတို့၏ဘဝအတွေ့ အကြုံကိုသင်တို့သိကြ၏။-
17 Vous avez vu leurs abominations, et les idoles de bois ou de pierre, d'argent ou d'or, qui existent chez elles.
၁၇သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။-
18 Et il n'y a parmi vous ni homme, ni femme, ni famille, ni tribu, dont la pensée se soit écartée du Seigneur votre Dieu, et qui ait servi les dieux des nations; il n'y a point parmi vous de racine nourrie de fiel et d'amertume.
၁၈ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
19 Or, après avoir ouï les termes de cette malédiction, s'il arrive que quelqu'un s'encourage en son cœur, et dise: Que les menaces du Seigneur s'accomplissent sur moi, car je veux marcher dans l'égarement de mon âme; crains alors que le pécheur ne perde avec lui l'innocent.
၁၉ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
20 Dieu ne sera plus propice à cet homme; la jalousie, la colère du Seigneur s'enflammeront soudain contre lui; toutes les malédictions de l'alliance, écrites en ce livre, l'assailliront, et son nom sera effacé sous le ciel.
၂၀ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
21 Et le Seigneur le séparera des fils d'Israël par ses fléaux, conformément aux malédictions de l'alliance écrites en ce livre de la loi.
၂၁ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။
22 Lorsqu'une autre génération, lorsque vos fils qui naîtront après vous, et l'étranger qui de loin viendra sur cette terre, verront ces plaies et les fléaux que le Seigneur fera tomber sur elle;
၂၂``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။-
23 Lorsqu'ils verront le soufre et le sel fulminant, et ces champs qui ne seront point ensemencés, qui ne produiront rien, où nulle plante ne poussera, qui seront bouleversés comme Sodome, Gomorrhe et Adama-Siboïm, qu'en sa colère le Seigneur a détruites;
၂၃လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
24 Ils diront et les Gentils diront pareillement: Pourquoi le Seigneur traite-t-il ainsi cette terre? Que veut dire ce grand courroux?
၂၄ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
25 Et on répondra: C'est parce qu'ils ont abandonné l'alliance du Seigneur Dieu de leurs pères, l'alliance que Dieu avait faite avec leurs pères, après les avoir tirés de la terre d'Egypte,
၂၅အဖြေသည်ကား`ထာဝရဘုရားသည် သူ တို့၏ဘိုးဘေးတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောအခါ၌ သူတို့ဘိုးဘေး တို့နှင့်ပြုသောပဋိညာဉ်ကိုသူတို့ချိုး ဖောက်သောကြောင့်ဖြစ်၏။-
26 Et parce que, s'en étant éloignés, ils ont servi d'autres dieux qu'ils n'avaient point connus, au culte desquels il ne les avait point destinés.
၂၆သူတို့သည်ထာဝရဘုရားကမကိုးကွယ် ရန်တားမြစ်ထားသောဘုရားများဖြစ်သည့် ယခင်ကမကိုးကွယ်ဘူးသောဘုရားများ ကိုကိုးကွယ်ကြ၏။-
27 Voilà pourquoi le Seigneur s'est enflammé de courroux contre cette terre, au point de faire tomber sur elle toutes les malédictions écrites au livre de sa loi.
၂၇ထိုကြောင့်ထာဝရဘုရားသည် ကိုယ်တော် ၏လူမျိုးတော်ကိုအမျက်ထွက်သဖြင့် ဤ ကျမ်းတွင်ဖော်ပြထားသောဘေးဒဏ် အပေါင်းတို့ကိုသူတို့ပြည်၌ကျရောက် စေတော်မူသည်။-
28 Et dans les transports de sa colère le Seigneur les a enlevés de cette contrée qui leur appartenait, et il les a chassés, comme vous voyez, sur une terre lointaine.
၂၈ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။
29 Les choses secrètes sont au Seigneur notre Dieu; les choses révélées sont pour vous et vos enfants à toujours, afin que vous accomplissiez toutes les paroles de cette loi.
၂၉``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။