< 2 Samuel 16 >

1 David s'était à peine éloigné de Rhos, quand arriva, devant lui, Siba, le serviteur de Miphiboseth, avec deux ânes chargés; or, il y avait sur les ânes deux cents pains, cent sacs de raisins secs, cent sacs de dattes et un nébel de vin.
ဒါဝိဒ် သည် တောင်ထိပ် ကို အနည်းငယ် လွန် သောအခါ ၊ မေဖိဗောရှက် ၏ ကျွန် ဇိဘ သည် ကုန်းနှီး တင်သောမြည်း နှစ် စီးနှင့်တကွ မုန့်လုံး နှစ် ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည် ဘူး တလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။
2 Et le roi dit à Siba: Que veux-tu faire de cela? Siba répondit: Les bêtes sont à la famille du roi, pour qu'elle les monte; les pains et les dalles, aux jeunes serviteurs, pour qu'ils les mangent; le vin, à ceux qui tomberont de fatigue dans le désert, pour qu'ils le boivent.
ရှင် ဘုရင်ကလည်း ၊ အဘယ်သို့ ပြုခြင်းငှါ ဤ ဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘ အား မေး လျှင် ၊ ဇိဘ က၊ မြည်း တို့သည် နန်းတော်သား များ စီး ဘို့ ၊ မုန့် နှင့် သစ်သီး တို့သည် လုလင် များစား ဘို့ ၊ စပျစ်ရည် သည်လည်း တော ၌ မော သောသူများသောက် ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏။
3 David reprit: Où est le fils de ton maître? Et Siba répondit: Il est resté à Jérusalem, parce qu'il a dit: Aujourd'hui la maison d'Israël va me rendre la royauté de mon père.
ရှင် ဘုရင်ကလည်း ၊ သင့် သခင် ၏ သား သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ဇိဘ က၊ ယေရုရှလင် မြို့ ၌ နေရစ် ပါ၏။ ယနေ့ မှာ ဣသရေလ အမျိုး သည် ငါ့ အဘ ၏ နိုင်ငံ ကိုငါ့ အား ပြန် ပေးလိမ့်မည်ဟု ဆို ကြောင်း ကို လျှောက် လေသော်၊
4 Et le roi dit à Siba: Tout ce qui appartenait à Miphiboseth est à toi; et Siba, se prosternant, lui répondit: Puissé-je avoir trouvé grâce à tes yeux, ô roi, mon maître.
ရှင် ဘုရင်က၊ မေဖိဗောရှက် နှင့် ဆိုင်သမျှ သော ဥစ္စာသည် သင့် ဥစ္စာဖြစ်စေဟု ဇိဘ အား မိန့် တော်မူ၏။ ဇိဘ ကလည်း ၊ အရှင် မင်းကြီး ကျွန်တော်သည်ရှေ့ တော်၌ မျက်နှာရ ပါမည်အကြောင်းရှိခိုး အသနားတော် ခံပါသည်ဟု ပြန်လျှောက် လေ၏။
5 Et le roi David alla jusqu'à Bathurim, et il sortit de là un homme de la famille de Saül, nommé Sémeï, fils de Géra; il sortit; et, en marchant, il maudissait David;
ဒါဝိဒ် မင်းကြီး သည် ဗာဟုရိမ် မြို့သို့ ရောက် သောအခါ ၊ ရှောလု ၏အဆွေအမျိုး ဂေရ သား ရှိမိ အမည် ရှိသောသူသည် ကျိန်ဆဲ လျက် ထွက်လာ ၏။
6 Il jetait des pierres au roi et à tous ses serviteurs. Or, tout le peuple était là avec tous les hommes vaillants, les uns à droite, les autres à la gauche du roi.
ဒါဝိဒ် မင်းကြီးနှင့် ကျွန် တော်မျိုးအပေါင်း တို့ကို ကျောက်ခဲ နှင့် ပစ် လေ၏။ လူ များအပေါင်း နှင့် မှူး တော် မတ်တော်အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက်၌ ရှိကြ၏။
7 Sémeï maudissait donc, disant: Hors d'ici, hors d'ici, homme de sang, homme de péché!
ရှိမိ ကျိန်ဆဲ သောစကားဟူမူကား ၊ သွား ဟဲ့။ သွား ဟဲ့။ လူ အသက် ကိုသတ် သောအဓမ္မ လူ၊
8 Le Seigneur a fait retomber sur toi tout le sang de la maison de Saül, après que tu as régné à sa place. Et le Seigneur a donné ton royaume à ton fils Absalon; te voilà pris dans ta propre méchanceté, parce que tu es un homme de sang.
ရှောလု ၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုး ကိုသတ် သောအပြစ် အလုံးစုံ ကို သင့် ခေါင်းပေါ် မှာ ထာဝရဘုရား သက်ရောက် စေ၍၊ နိုင်ငံ တော်ကို သင် ၏သား အဗရှလုံ လက် ၌ အပ် တော်မူပြီ။ သင် သည်လူ အသက် ကိုသတ် သောသူဖြစ်သောကြောင့် ကြည့် ပါ။ အမှုကြီးရောက်လေပြီဟုဆို၏”
9 Abessa, fils de Sarvia, dit à David: Pourquoi ce chien mort maudit-il le roi mon maître? Je vais à lui, et je lui trancherai la tête.
ဇေရုယာ သား အဘိရှဲ ကလည်း ၊ ထို ခွေး သေ ကောင်သည် အရှင် မင်းကြီး ကို ကျိန်ဆဲ ရမည်လော။ ကျွန်တော်သွား ၍ သူ ၏လည်ပင်း ကို ဖြတ် ပါရစေဟု နား တော်လျှောက်လျှင်၊
10 Mais le roi répondit: Qu'y a-t-il entre vous et moi, fils de Sarvia? Laisse-le, et qu'il continue de maudire, car le Seigneur lui a dit de maudire David; qui donc ira lui dire: D'où vient que tu agis de la sorte?
၁၀ရှင် ဘုရင်က အိုဇေရုယာ သား တို့၊ သင် တို့သည်ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲ ပါလေ စေ။ ဒါဝိဒ် ကို ကျိန်ဆဲ လော့ဟု ထာဝရဘုရား မှာ ထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု အဘယ်သူ ဆို ရမည်နည်းဟူ၍၎င်း၊
11 David dit encore à Abessa et à tous ses serviteurs: Voilà que mon fils, sorti de mes entrailles, en veut à ma vie, et en outre vous entendez maintenant ce fils de Benjamin; laissez-le maudire, car le Seigneur le lui a dit.
၁၁ကြည့် ပါ။ ငါ့ ကိုယ် ထဲက ထွက် သော ငါ့ သားရင်း သည် ငါ့ အသက် ကို ရှာ ၏။ ထိုဗင်္ယာမိန် အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ ကို ရှိ ပါလေစေ။ ကျိန်ဆဲ ပါလေစေ။ ထာဝရဘုရား မှာ ထားတော်မူပြီ။
12 S'il advient que le Seigneur jette un regard sur mon humiliation, il me rendra ses bienfaits pour prix des malédictions de cet homme.
၁၂ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။
13 Et David continua de suivre la route avec tous les siens; et Seine, sur les flancs de la montagne, s'attachant à ses pas, continua de le maudire, de lui jeter des pierres, et de faire voler sur lui la poussière du chemin.
၁၃ဒါဝိဒ် သည် နောက် တော်လိုက်သူတို့နှင့်တကွလမ်း ၌ သွား စဉ်တွင်၊ ရှိမိ သည် ဒါဝိဒ်တစ်ဘက်တချက် ၊ တောင် ခါးပန်းနား မှာ ရှောက်သွား သဖြင့် ၊ ကျိန်ဆဲ လျက် ကျောက်ခဲ နှင့် ပစ် ၍ မြေမှုန့် ကိုလည်း ပက် လေ၏”
14 Le roi et tout le peuple qui l'accompagnait arrivèrent à Bathurim exténués de fatigue; ils y reprirent haleine.
၁၄ရှင်ဘုရင် မှစ၍နောက်တော်သို့ လိုက်သော သူ အပေါင်း တို့သည် မော လျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်း ဖြေကြ၏။
15 Absalon venait donc d'entrer à Jérusalem, et avec lui tous les hommes d'Israël, et Achitophel.
၁၅အဗရှလုံ နှင့် လူ အပေါင်း တို့သည် ယေရုရှလင် မြို့သို့ ရောက် ၍ အဟိသောဖေလ လည်း ပါ၏။
16 Quand Chusaï, le favori de David, alla trouver Absalon, et lui dit: Vive le roi!
၁၆ဒါဝိဒ် ၏ အဆွေ ခင်ပွန်းအာခိ လူဟုရှဲ သည်လည်း အဗရှလုံ ထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကောင်းကြီး ပေး၏။
17 Absalon dit à Chusaï: Voilà comme tu as compassion de ton ami? Pourquoi n'es-tu pas parti avec ton ami?
၁၇အဗရှလုံ ကလည်း ၊ သင် ၏အဆွေ ခင်ပွန်း၌ ဤသို့ ကျေးဇူး ပြုသလော။ သင် ၏အဆွေ ခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟု ဟုရှဲ အား ဆို လျှင်၊
18 Dieu m'en garde, reprit Chusaï; je suivrai celui qu'ont choisi le Seigneur, et tout le peuple et tout Israël; je serai à lui, je résiderai où il résidera.
၁၈ဟုရှဲ က၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရား မှစ၍ဤ လူ များနှင့် ဣသရေလ လူ များအပေါင်း တို့သည် ရွေးချယ် သော သူထံမှာကျွန်တော်ကျွန်ခံ ပါမည်။ ထိုသူ ထံမှာ နေ ပါမည်ဟူ၍၎င်း၊
19 Et, encore une fois, qui donc servirais-je, si ce n'est le fils de mon maître? Comme j'ai servi ton père, je te servirai.
၁၉တဖန် အကြင်သူ ထံ၌ ကျွန် ခံရ၏။ ထိုသူ ၏သား ထံ၌ ကျွန်ခံရသည် မ ဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော် ထံ၌ ကျွန် ခံသည့်နည်းတူ ကိုယ်တော် ထံ၌ လည်း ကျွန်ခံ ပါမည်ဟူ၍၎င်း၊ အဗရှလုံ အား လျှောက်ဆို ၏”
20 Absalon dit ensuite à Achitophel: Délibérez entre vous sur ce que nous ferons.
၂၀အဗရှလုံ ကလည်း ၊ ငါတို့သည်အဘယ်သို့ ပြု ရမည်ကို အကြံ ပေး ပါဟု အဟိသောဖေလ အား ဆို လျှင်၊
21 Et Achitophel dit à Absalon: Approche-toi des concubines de ton père, qu'il a laissées pour garder son palais; tout Israël apprendra que tu as déshonoré ton père, et les mains de ceux de ton parti seront fortifiées.
၂၁အဟိသောဖေလ က၊ နန်း တော်ကို စောင့် စေခြင်းငှါ ခမည်းတော် ထားခဲ့ သော ကိုယ်လုပ်တော် တို့ရှိရာသို့ ဝင် တော်မူပါ။ ခမည်းတော် သည်ကိုယ်တော်အား စက်ဆုပ် ရွံရှာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော် ဘက် ၌နေသော သူအပေါင်း တို့သည် လက် အားကြီး ကြပါလိမ့်မည်ဟု လျှောက် သည် အတိုင်း၊
22 Puis, ils dressèrent une tente sur la plate-forme du palais, et Absalon s'approcha des concubines de son père aux yeux de tout Israël.
၂၂နန်းတော်ပေါ် မှာ အဗရှလုံ အဘို့ မျက်နှာကြက် ကိုမိုး၍၊ သူသည် ဣသရေလ အမျိုးသားအပေါင်း တို့ ရှေ့ မှာ ခမည်းတော် ၏ ကိုယ်လုပ်တော် တို့ ရှိရာသို့ ဝင် လေ၏။
23 Les conseils que donnait Achitophel, en ces premiers jours, étaient reçus comme ceux d'un homme qui aurait consulté Dieu. Ainsi pensaient de tout conseil d'Achitophel David aussi bien qu'Absalon.
၂၃ထို ကာလ ၌ အဟိသောဖေလ ပေး သော အကြံ သည် ဘုရားသခင့် ထံတော်၌ မေးလျှောက် ၍ခံရသော ဗျာဒိတ် တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှ သောအကြံ ကို ဒါဝိဒ် နှင့် အဗရှလုံ သည် ဗျာဒိတ်တော်ကဲ့သို့မှတ်တတ် သတည်း။

< 2 Samuel 16 >