< 2 Chroniques 32 >

1 Or, après ces choses faites avec sincérité, Sennachérib, roi des Assyriens, vint envahir Juda, et campa devant les villes fortes pour s'en emparer.
ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ၍ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
2 Et Ezéchias vit que Sennachérib s'avançait et menaçait Jérusalem.
ထိုသို့ သနာခရိပ် သည်လာ ၍ ၊ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ၊ ဟေဇကိ သည်သိမြင် လျှင်၊
3 Et il tint conseil avec ses anciens et ses vaillants, leur proposant de clore les fontaines hors de la ville; et ils l'appuyèrent de toute leur force.
မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
4 Il assembla donc beaucoup de monde, et il renferma en des murs les eaux des fontaines, ainsi que le ruisseau qui traverse la ville, disant: C'est de peur que le roi d'Assyrie, venant, ne trouve une abondance d'eau qui le fortifierait.
အာရှုရိ ရှင် ဘုရင်တို့သည် လာ ၍ ၊ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး ၍ စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် ၌ စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။
5 Et Ezéchias augmenta ses défenses; il rétablit toutes les parties des remparts qui s'étaient écroulées et les tours; il bâtit en dehors une seconde enceinte, il releva les fortifications de la ville de David; enfin, il fit faire beaucoup d'armes.
ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
6 Ensuite, il mit des chefs de guerre à la tête du peuple qui s'assembla devant lui sur l'esplanade, vers la porte de la Vallée, et il lui parla au cœur, disant:
လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊
7 Soyez forts, agissez en hommes, n'ayez ni crainte ni faiblesse devant le roi d'Assyrie, et devant les peuples qui le suivent; car il y a plus d'auxiliaires avec nous qu'avec lui.
ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
8 Il a pour lui des bras de chair; nous, nous avons le Seigneur notre Dieu, qui combattra pour nous et nous sauvera. Et le peuple fut encouragé par le discours d'Ezéchias, roi de Juda.
သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
9 Après cela, Sennachérib, roi des Assyriens, envoya ses serviteurs à Jérusalem, et lui-même, avec toute son armée, était autour de Lachis, et il envoya ses serviteurs au roi Ezéchias et à tout le peuple de Juda renfermé dans Jérusalem, disant:
ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ၊ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊
10 Voici ce que dit Sennachérib, roi des Assyriens: Sur quoi vous appuyez- vous pour rester immobiles dans l'enceinte de Jérusalem?
၁၀အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား ၊ သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။
11 Ezéchias ne vous a-t-il pas trompés, pour vous livrer à la faim, à la soif, à la mort, quand il vous a dit: Le Seigneur notre Dieu nous sauvera des mains du roi d'Assyrie?
၁၁ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် ၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ၊ ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ ၊ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော။
12 N'est-ce point cet Ezéchias qui a détruit ses autels et ses hauts lieux, et qui a dit à Juda et à Jérusalem: Vous adorerez sur cet autel, et, sur cet autel, vous offrirez de l'encens?
၁၂ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော။
13 Ignorez-vous ce que moi et mes pères avons fait aux peuples de toute la terre? Parmi les dieux des nations de la terre, en est-il un seul qui ait pu sauver son peuple de mes mains?
၁၃ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
14 Qui l'a fait, parmi les dieux des nations que nos pères ont exterminées? Si nul d'eux n'a pu sauver son peuple de nos mains, votre Dieu pourra t-il le faire?
၁၄ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။
15 Qu'Ezéchias cesse donc de vous tromper, qu'il ne vous inspire pas une folle confiance, ne le croyez pas; car nul, des dieux des nations et des royaumes, n'a pu sauver son peuple de mes mains et des mains de nos pères, et votre Dieu ne vous sauvera pas non plus.
၁၅သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
16 Or, les serviteurs de Sennachérib continuèrent de parler contre le Seigneur Dieu et contre son serviteur Ezéchias.
၁၆သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
17 Lui-même écrivit une lettre pour outrager le Seigneur Dieu d'Israël, et il dit: De même que les dieux des nations de la terre n'ont pu délivrer leurs peuples de mes mains, le Dieu d'Ezéchias ne pourra en aucune manière sauver son peuple.
၁၇ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ၍ ပေးလိုက်သေး၏။
18 Et l'un des serviteurs cria, en langue judaïque, au peuple de Jérusalem qui se tenait sur les remparts, l'invitant à haute voix à les seconder à démolir les murailles, à leur livrer la ville.
၁၈တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။
19 Il parla aussi contre le Seigneur Dieu d'Israël, de la même manière que contre les dieux des nations de la terre, œuvres des mains des hommes.
၁၉လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
20 Et, sur ces paroles, le roi Ezéchias et le prophète Isaïe, fils d'Amos, prièrent, et crièrent au ciel.
၂၀ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ၍ ၊ ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်၊
21 Et le Seigneur envoya un ange, et il extermina dans le camp assyrien tous les combattants, les chefs et les généraux. Et Sennachérib, la honte au front, retourna en son royaume, et il entra dans le temple de son Dieu; et des hommes, issus de son sang, le firent périr par le glaive.
၂၁ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
22 Et le Seigneur sauva Ezéchias, ainsi que les habitants de Jérusalem, des mains de Sennachérib, roi d'Assyrie, et des mains de tous les rois, et il leur donna le repos tout alentour.
၂၂ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း ၊ အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မ တော်မူ၏။
23 Et nombre de gens apportèrent à Jérusalem des présents pour le Seigneur et pour Ezéchias, roi de Juda, et, après cela, il fut glorifié aux yeux de toutes les nations.
၂၃အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။
24 En ces jours-là, Ezéchias tomba malade à en mourir, et il pria le Seigneur, et le Seigneur l'exauça, et il lui donna un signe.
၂၄ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။
25 Mais Ezéchias ne lui rendit pas selon ce qu'il en avait reçu; son cœur s'enorgueillit, et la colère du Seigneur éclata contre le roi, contre Juda, contre Jérusalem.
၂၅သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
26 Et Ezéchias s'humilia de s'être enorgueilli en son cœur, et, avec lui, tous les habitants de Jérusalem; et la colère du Seigneur ne vint plus sur eux tant que vécut Ezéchias.
၂၆သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် ၊ လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက် ။
27 Et Ezéchias eut beaucoup de gloire et de richesses; il amassa, en ses trésors, de l'or, de l'argent, des pierreries; il eut des épices, des vases de prix et des arsenaux.
၂၇ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ၊ ငွေ ၊ ကျောက် မြတ်၊ နံ့သာမျိုး ၊ ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။
28 Il eut des villes où l'on conservait du blé, du vin et de l'huile; il eut des villages et des étables pour toute sorte de bétail, et des bergeries pour les menus troupeaux.
၂၈စပါး ကျီများ၊ ဆီ ၊ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။
29 Il eut des villes, qu'il bâtit pour lui-même, et une grande abondance de bœufs et de brebis; car le Seigneur lui donna d'immenses richesses.
၂၉ကိုယ် အဘို့ မြို့ တို့ကိုတည် ၍ ၊ များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။
30 Ce fut Ezéchias qui fit l'aqueduc qui amena les eaux de la haute fontaine de Gihon en la ville basse de David, au midi. Ezéchias réussit en toutes ses entreprises.
၃၀ထိုမှတပါး ၊ ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ၍ ၊ ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ ၌ အကြံ ထမြောက်၏။
31 Néanmoins, le Seigneur l'abandonna pour l'éprouver et savoir ce qu'il avait dans le cœur, lorsque les envoyés des chefs de Babylone vinrent le trouver et le questionner sur le prodige qui avait éclaté en la terre promise.
၃၁သို့ရာတွင် ၊ နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ၊ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ၊ ဘုရားသခင် သည် စုံစမ်း ၍ အလွတ် ထားတော်မူ၏။
32 Le reste des actes d'Ezéchias et sa miséricorde sont écrits en la prophétie d'Isaïe, fils d'Amos, le prophète, et au livre des Rois de Juda et d'Israël.
၃၂ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
33 Et Ezéchias s'endormit avec ses pères, et on l'ensevelit au-dessus des sépulcres des fils de David; et tout Juda et les habitants de Jérusalem l'honorèrent et le glorifièrent à sa mort. Et Manassé, son fils, régna à sa place.
၃၃ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< 2 Chroniques 32 >