< 1 Samuel 4 >

1 En ces jours-là, les Philistins se rassemblèrent pour combattre Israël; et Israël sortit à leur rencontre; il campa vers Abenézer; de leur côté, les ennemis étaient campés en Aphec.
တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
2 Et les Philistins se déployèrent devant Israël; l'on en vint aux mains, et Israël plia, laissant quatre mille hommes sur le champ de bataille.
ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။
3 Le peuple rentra dans le camp, et les enfants d'Israël dirent: Pourquoi le Seigneur aujourd'hui nous a-t-il fait tomber devant les Philistins? Prenons à Silo l'arche de notre Dieu; qu'elle vienne au milieu de nous, elle nous sauvera des mains de nos ennemis.
လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
4 Le peuple envoya donc en Silo, et l'on en apporta l'arche du Seigneur qui s'y tient assis entre les chérubins; les deux fils d'Héli, Ophni et Phinéès, accompagnaient l'arche.
လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
5 Lorsque l'arche du Seigneur arriva dans le camp, tout le peuple d'Israël cria tout d'une voix, et la terre en retentit.
ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။
6 Les Philistins ouïrent cette clameur, et ils dirent: D'où viennent ces grands cris dans le camp des Hébreux? Et ils surent que l'arche du Seigneur était entrée au camp.
ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ၏။
7 Alors, ils eurent crainte et ils dirent: Ce sont leurs dieux qui sont venus vers eux dans le camp; malheur à nous! sauvez-nous aujourd'hui, Seigneur, car rien de pareil n'est avenu précédemment.
ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား။ ငါတို့ သည် အမင်္ဂလာရှိကြ၏။ တခါမျှ ဤသို့ မဖြစ်စဖူး။
8 Malheur à nous! qui nous sauvera des mains de ces dieux inflexibles? Ce sont les dieux qui ont frappé l'Égypte de toutes sortes de plaies dans le désert.
ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြား မဟုတ် ဤဘုရားပေတည်း။
9 Soyez forts, Philistins, agissez en hommes, afin que les Hébreux ne vous asservissent pas comme vous les avez asservis; oui, soyez hommes et combattez- les.
အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆို ကြ၏။
10 Et ils les combattirent; et Israël fut vaincu; et chacun s'enfuit en sa demeure. Et la plaie fut bien grande: trente mille combattants d'Israël succombèrent.
၁၀ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ၏။
11 Et l'arche de Dieu fut prise, et les deux fils d'Héli, Ophni et Phinéès, moururent.
၁၁ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
12 Un homme de Jéminé, en ce jour-là, courut du champ de bataille à Silo, les vêtements déchirés, la tête couverte de cendre.
၁၂ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။
13 Il arriva, et il vit Héli sur son siège, devant sa porte, regardant le chemin, car son cœur était plein d'inquiétude à cause de l'arche de Dieu; or, l'homme entra dans la ville pour apporter les nouvelles, et la ville jeta les hauts cris.
၁၃ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏ သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သိတင်းပြောသဖြင့်၊ တမြို့လုံး အော်ဟစ်ကြ၏။
14 Héli entendit ces cris de détresse, et il dit: Quelle est cette clameur? Et l'homme s'étant hâté se montra, et lui raconta tout.
၁၄အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအား လျှောက်လေ၏။
15 Héli avait quatre-vingt-dix ans; ses yeux étaient sans force, il n'y voyait plus.
၁၅ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။
16 Quand l'homme, s'étant hâté, se montra et lui dit: C'est moi qui arrive de l'armée; aujourd'hui, je me suis enfui comme les autres du champ de bataille; et Héli lui dit: Qu'est-il donc avenu, mon fils?
၁၆ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟု မေးလေသော်၊
17 Le jeune homme répondit et il dit: Tout Israël a pris la fuite devant les Philistins; le peuple a été frappé d'une grande plaie, tes deux fils sont morts, et l'arche de Dieu est prise.
၁၇တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။
18 Dès que l'homme eut parlé de l'arche de Dieu, le prêtre tomba de son siège à la renverse devant la porte, il se cassa les reins, et il mourut; car il était avancé en âge et pesant; il y avait vingt ans qu'il jugeait Israël.
၁၈ဘုရားသခင်၏ သေတ္တာတော် သိတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
19 Sa bru, femme de Phinéès, grosse et près d'enfanter, entendit que l'arche était prise, que son beau-père mourait, que son mari avait été tué; elle pleura et elle accoucha, car les douleurs de l'enfantement soudain lui vinrent.
၁၉သူ၏ ချွေးမဖိနဟတ်၏ မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း၊ ယောက္ခမနှင့် လင်သေကြောင်းကို ကြားသောအခါ၊ ကျောကုန်း၍ သားဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20 Comme elle allait mourir, les femmes qui l'entouraient lui dirent: N'aie point de crainte, car tu as enfanté un fils; et elle ne répondit pas: son cœur ne sentait plus.
၂၀သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဘွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။
21 Et l'on appela l'enfant Ibarchabotb, à cause de l'arche de Dieu, à cause du beau-père de la femme, et à cause de son mari.
၂၁တဖန် ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့်၍၊-
22 Et les femmes dirent: La gloire d'Israël s'en est allée, puisque l'arche du Seigneur a été prise.
၂၂ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။

< 1 Samuel 4 >