< 1 Samuel 10 >

1 Alors, Samuel prit une petite fiole d'huile, il la vida sur sa tête, il le baisa, et lui dit: Le Seigneur ne vient-il pas de t'oindre pour que tu sois chef de son peuple Israël? Tu règneras sur le peuple du Seigneur; tu le sauveras des mains de ses ennemis. Voici le signe à quoi tu reconnaîtras que tu es oint par le Seigneur, comme roi de son héritage:
ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-
2 Aussitôt qu'aujourd'hui tu te seras éloigné de moi, tu rencontreras, près du sépulcre de Rachel, en la montagne de Benjamin, deux hommes, courant à grands pas; ils te diront: On a retrouvé les ânesses que vous êtes allés chercher; ton père ne compte plus pour rien les ânesses, et il prépare grande chère, à cause de vous, disant: Que ferai-je pour mon fils?
ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-
3 Tu partiras de ce lieu; ensuite, tu iras jusqu'au chêne de Thabor; là, tu trouveras trois hommes montant vers le Seigneur en Béthel, et portant: l'un, trois chevreaux; le second, trois corbeilles pleines de pains; le troisième, une outre de vin.
သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။-
4 Ils te demanderont si tu vas bien, et te donneront deux de leurs pains, que tu accepteras.
သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။-
5 Après cela, tu arriveras sur la colline de Dieu, où les Philistins ont un tertre fortifié, et où réside le Nasib philistin; quand tu y seras entré, tu rencontreras un chœur de prophètes descendant du haut lieu, précédés d'instruments à cordes, de tambours et de flûtes; tous prophétisant.
ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။-
6 Et l'esprit du Seigneur s'élancera sur toi; tu prophétiseras avec eux, et tu seras devenu un autre homme.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-
7 Lorsque tous ces signes seront venus, fais tout ce que te suggérera l'occasion, parce que Dieu sera avec toi.
ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။-
8 Tu descendras en face de Galgal, et je te rejoindrai pour offrir un holocauste et des hosties pacifiques; tu attendras mon arrivée sept jours; ensuite, je t'instruirai de tout ce que tu auras à faire.
သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။
9 Dès que Saül se fut retourné pour s'éloigner de Samuel, Dieu changea son cœur, et, ce jour-là, tous les signes arrivèrent.
ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။-
10 De ce lieu, il se rendit à la colline, il vit devant lui le chœur des prophètes, l'Esprit de Dieu s'élança sur lui; et il prophétisa au milieu d'eux.
၁၀ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-
11 Or, tous ceux qui le connaissaient précédemment, le virent; il était au milieu des prophètes; et, parmi le peuple, chacun dit à son voisin: Qu'est-il arrivé au fils de Cis? Saül aussi est-il au nombre des prophètes?
၁၁သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-
12 L'un d'eux répondit, et il dit: Quel est donc son père? A cause de cela, ce mot est passé en proverbe: Saül aussi est-il au nombre des prophètes?
၁၂ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-
13 Ensuite, il cessa de prophétiser, et il alla sur la colline à l'autel.
၁၃က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။
14 Et l'un de ses parents dit à lui et à son serviteur: Où êtes-vous allés? A quoi ils répondirent: Chercher les ânesses, mais nous ne les avons pas trouvées, et nous sommes entrés chez Samuel.
၁၄ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
15 Puis, le parent dit à Saül: Fais-moi connaître ce que t'a dit Samuel?
၁၅``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊
16 Saül répondit: Que les ânesses étaient retrouvées; mais il ne lui dit rien de la royauté.
၁၆ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။
17 Et Samuel convoqua tout le peuple devant le Seigneur, à Masphath.
၁၇ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-
18 Et il dit aux fils d'Israël: Voici ce qu'a dit le Seigneur Dieu d'Israël: J'ai fait sortir d'Égypte les fils d'Israël, je vous ai tirés des mains du Pharaon, roi d'Égypte, et de tous les rois qui vous avaient opprimés.
၁၈ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-
19 Aujourd'hui, vous avez rejeté le Dieu qui seul est votre Sauveur en tous vos maux, en toutes vos afflictions, et vous avez dit: Nous le voulons, donne- nous un roi. Maintenant donc, présentez-vous devant le Seigneur, par tribus, par familles.
၁၉ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''
20 Samuel fit alors avancer toutes les tribus d'Israël, et le sort désigna la tribu de Benjamin.
၂၀ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-
21 Il fit avancer la tribu de Benjamin, par familles, et le sort désigna la famille de Mattari. On fit avancer la famille de Mattari homme par homme, et le sort désigna Saül, fils de Cis. Samuel le demanda, mais on ne le trouva point.
၂၁ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊-
22 Et Samuel interrogea encore le Seigneur, disant: L'homme est-il venu ici? Et le Seigneur lui répondit: Il est caché parmi les bagages.
၂၂လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​သည်​ကုန်​ထုပ် များ​၏​နောက်​တွင်​ပုန်း​ကွယ်​လျက်​ရှိ​သည်'' ဟု​မိန့်​တော်​မူ​၏။
23 Il y courut, il l'y trouva, et il l'amena au milieu du peuple. Or, il dépassait le peuple entier de toute la tête.
၂၃သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။-
24 Samuel dit alors à tout le peuple: Avez-vous vu celui que le Seigneur s'est choisi? a-t-il parmi vous son pareil? Tout le peuple fut de son avis, et ils crièrent: Vive le roi!
၂၄ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။
25 Samuel apprit ensuite au peuple les justes droits du roi; il les transcrivit en un livre qu'il déposa devant le Seigneur. Enfin, Samuel congédia tout le peuple, et chacun retourna en sa demeure.
၂၅ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-
26 Saül rentra dans sa maison à Gabaa; et les hommes vaillants, dont Dieu avait touché le cœur pour qu'ils s'unissent à Saül, l'accompagnèrent.
၂၆ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-
27 Mais les fils de pestilence dirent: Est-ce celui-là qui nous sauvera? Et ils le méprisèrent, et ils ne lui portèrent point de présents.
၂၇သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။

< 1 Samuel 10 >