< Juges 12 >

1 Les gens d’Ephraïm s’assemblèrent, s’avancèrent vers le nord, et dirent à Jephté: "Pourquoi es-tu allé en guerre contre les Ammonites, et ne nous as-tu pas invités à marcher avec toi? Nous allons brûler ta maison avec toi-même."
ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​တိုက်​ရန်​ပြင် ဆင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကျော်​ကာ​ဇာ​ဖုန်​မြို့​သို့​ချီ​သွား​ပြီး​လျှင် ယေ​ဖ​သ​အား``သင်​တို့​သည်​ငါ​တို့​ကို​မ​ခေါ် ဘဲ​အ​ဘယ်​ကြောင့်​အမ္မုန်​အ​မျိုး​သား​တို့​အား ချီ​တက်​တိုက်​ခိုက်​ခဲ့​ပါ​သ​နည်း။ သင်​ရှိ​ရာ သင်​၏​အိမ်​ကို​ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်'' ဟု​ပြော​၏။
2 Jephté leur répondit: "J’Avais de graves démêlés, moi et mon peuple, avec les Ammonites; j’ai invoqué votre assistance, vous ne m’avez pas secouru contre eux.
သို့​ရာ​တွင်​ယေ​ဖ​သ​က``ငါ​နှင့်​ငါ​၏​လူ​တို့ သည်​အမ္မုန်​အ​မျိုး​သား​တို့​နှင့်​ပြင်း​ပြင်း​ထန် ထန်​ခိုက်​ရန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​သည်​သင်​တို့​ကို ခေါ်​သော်​လည်း ငါ​တို့​အား​ထို​သူ​တို့​လက်​မှ သင်​တို့​မ​ကယ်​ဘဲ​နေ​ခဲ့​ကြ​သည်။-
3 Voyant donc que vous ne m’aidiez pas, j’ai marché, au péril de ma vie, contre les fils d’Ammon, et l’Eternel les a livrés en mon pouvoir. Pourquoi donc venez-vous aujourd’hui me chercher querelle?"
ယင်း​သို့​ငါ​တို့​အား​သင်​တို့​ကယ်​ကြ​မည့် ပုံ​မ​ပေါ်​သော​အ​ခါ ငါ​သည်​အ​သက်​စွန့်​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​ချီ သွား​ခဲ့​ရ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ငါ့​အား​သူ​တို့​၏​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​သင် သည်​ယ​ခု​ငါ့​အား​လာ​ရောက်​တိုက်​ခိုက် ပါ​သ​နည်း'' ဟု​ပြန်​ပြော​၏။-
4 Jephté rassembla tous les hommes de Galaad, et livra bataille à Ephraïm; et les hommes de Galaad défirent ceux d’Ephraïm, car ils disaient: "Vous êtes des fuyards ephraïmites", Galaad étant partagé entre Ephraïm et Manassé.
ထို​နောက်​ယေ​ဖ​သ​သည်​ဂိလဒ်​သူ​ရဲ​အ​ပေါင်း တို့​ကို​စု​ရုံး​စေ​လျက် ဧ​ဖ​ရိမ်​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​လေ​သည်။ (ဧ​ဖ​ရိမ်​ပြည် နှင့်​မ​နာ​ရှေ​ပြည်​တွင်​နေ​ထိုင်​သော​ဂိ​လဒ် ပြည်​သား​တို့​သည် သစ္စာ​ဖောက်​၍​ဧ​ဖ​ရိမ် ပြည်​မှ​ထွက်​သွား​သူ​များ​ဟူ​၍​စွပ်​စွဲ ပြော​ဆို​ခဲ့​သ​တည်း။-)
5 Galaad occupa les gués du Jourdain pour couper la retraite à Ephraïm; et lorsqu’un fuyard d’Ephraïm disait: "Laissez-moi passer", les gens de Galaad lui demandaient: "Es-tu d’Ephraïm?" Que s’il disait: Non,
ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။-
6 on lui disait: "Prononce donc Chibboleth!" Il prononçait Sibboleth, ne pouvant l’articuler correctement; sur quoi on le saisissait et on le tuait près des gués du Jourdain. Il périt, en cette occurrence, quarante-deux mille hommes d’Ephraïm.
ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။
7 Après avoir gouverné Israël pendant six ans, Jephté le Galaadite mourut, et fut enseveli dans une des villes de Galaad.
ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
8 lsraël fut gouverné, après lui, par Ibçân, de Bethléem.
ယေ​ဖ​သ​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ လူ​မျိုး​အား ခေါင်း​ဆောင်​သူ​မှာ​ဗက်​လင်​မြို့ သား​ဣ​ဗ​ဇန်​ဖြစ်​၏။ သူ​၌​သား​သုံး​ဆယ် နှင့်​သမီး​သုံး​ဆယ်​ရှိ​၏။-
9 Il eut trente fils et trente filles. Il maria ces dernières au dehors et il introduisit dans sa famille trente brus pour ses fils. Après avoir gouverné sept ans Israël,
သူ​သည်​မိ​မိ​၏​သ​မီး​တို့​အား​မိ​မိ​သား ချင်း​စု​ဝင်​မ​ဟုတ်​သူ​များ​နှင့်​ထိမ်း​မြား ပေး​၍ မိ​မိ​သား​များ​အား​မိ​မိ​သား​ချင်း စု​ဝင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​များ နှင့်​ထိမ်း​မြား​ပေး​လေ​သည်။ ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​အား​ခု​နစ်​နှစ်​မျှ ခေါင်း​ဆောင်​ရ​ပြီး​နောက်၊-
10 lbçân mourut, et fut enseveli à Bethléem.
၁၀ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို ဗက်​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
11 Celui qui gouverna Israël après lui, fut Elon, le Zabulonite: il gouverna Israël dix années.
၁၁ဣ​ဗ​ဇန်​ကွယ်​လွန်​ပြီး​နောက် ဇာ​ဗု​လုန်​မြို့​သား ဧ​လုန်​သည်​ဆယ်​နှစ်​မျှ ဣ​သ​ရေ​လ​လူ​မျိုး​၏ ခေါင်း​ဆောင်​ဖြစ်​လာ​၏။-
12 Elon le Zabulonite, étant mort, fut enseveli à Ayyalon, dans la province de Zabulon.
၁၂ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။-
13 Après lui, Israël fut gouverné par Abdon, fils de Hillel, de Piratôn.
၁၃ဧ​လုန်​ကွယ်​လွန်​ပြီး​နောက်​ပိ​ရ​သုန်​မြို့​နေ​ဟိ လေ​လ​၏​သား​အာ​ဗ​ဒုန်​သည် ဣ​သ​ရေ​လ လူ​မျိုး​ကို​ခေါင်း​ဆောင်​ရ​၏။-
14 Celui-ci eut quarante fils et trente petits-fils, lesquels avaient soixante-dix ânons pour montures. Après avoir gouverné huit ans Israël,
၁၄သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​နင်း​သော​သား လေး​ဆယ်​နှင့်​မြေး​သုံး​ဆယ်​ရှိ​၏။ အာ​ဗ​ဒုန် သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို​ရှစ်​နှစ်​မျှ ခေါင်း​ဆောင်​ပြီး​လျှင်၊-
15 Abdon, fils de Hillel, de Piratôn, mourut; et il fut enseveli à Piratôn, au pays d’Ephraïm, sur le mont de l’Amalécite.
၁၅ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို​အာ မ​လက်​တောင်​ကုန်း​ဒေ​သ၊ ဧ​ဖ​ရိမ်​နယ်​ရှိ ပိ​ရ​သုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​၏။

< Juges 12 >