< Jérémie 39 >
1 Dans la neuvième année du règne de Sédécias, roi de Juda, le dixième mois, Nabuchodonosor, roi de Babylone, marcha avec toute son armée contre Jérusalem, et ils en firent le siège.
၁ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
2 Dans la onzième année du règne de Sédécias, le quatrième mois et le neuf du mois, la ville fut ouverte par une brèche.
၂ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
3 Tous les officiers du roi de Babylone y pénétrèrent et s’installèrent à la porte centrale: Nergal-Sarécér, Samgar-Nebou, Sarsekhim, chef des eunuques, Nergal-Sarécér, chef des mages, et tous les autres officiers du roi de Babylone.
၃ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
4 Dès que Sédécias, roi de Juda, et tous ses gens de guerre les aperçurent, ils prirent la fuite, sortant nuitamment de la ville, à travers le parc du roi, par la porte du double rempart, et s’échappant dans la direction de la plaine.
၄ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
5 L’Armée chaldéenne se mit à leur poursuite; elle atteignit Sédécias dans la plaine de Jéricho, s’empara de lui et l’amena auprès de Nabuchodonosor, roi de Babylone, à Ribla, dans le district de Hamat; et celui-ci prononça sa sentence.
၅ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
6 Le roi de Babylone fit égorger les enfants de Sédécias, sous ses yeux, à Ribla; il fit aussi égorger tous les notables de Juda.
၆ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
7 Puis il fit crever les yeux à Sédécias et le chargea de chaînes pour le transporter à Babylone.
၇ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
8 Les Chaldéens livrèrent aux flammes le palais du roi et les maisons du peuple et démolirent les remparts de Jérusalem.
၈ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
9 Et le reste de la population qui était demeurée dans la ville, les transfuges qui avaient passé de son côté et le surplus de la multitude, Nebouzaradan, chef des gardes, les envoya en exil à Babylone.
၉ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
10 Le chef des gardes, Nebouzaradan, ne laissa dans le pays de Juda que les plus pauvres d’entre le peuple, qui étaient dénués de tout. Il leur distribua, à ce moment, des vignes et des champs.
၁၀သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
11 Or, Nabuchodonosor, roi de Babylone, avait recommandé Jérémie aux soins de Nebouzaradan, chef des gardes, dans les termes suivants:
၁၁ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
12 "Prends-le avec toi, veille sur sa personne, et ne lui fais aucun mal. Au contraire, accorde-lui tout ce qu’il te demandera."
၁၂ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
13 Nebouzaradan, chef des gardes, Nebouchazban, chef des eunuques, Nergal-Sarécér, chef des mages, et tous les autres dignitaires du roi de Babylone envoyèrent en conséquence.
၁၃ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
14 Ils envoyèrent retirer Jérémie de la cour de la geôle et le confièrent à Ghedalia, fils d’Ahikam, fils de Chafan, pour le ramener à la maison. Il demeura ainsi parmi le peuple.
၁၄ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
15 Or, tandis que Jérémie était prisonnier dans la cour de la geôle, la parole de l’Eternel lui avait été adressée en ces termes:
၁၅ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
16 "Va dire à Ebed-Mélec, l’Ethiopien, ce qui suit: Ainsi parle l’Eternel-Cebaot, Dieu d’Israël: Je vais accomplir mes desseins sur cette ville pour son malheur et non pour son bien. Ils se réaliseront sous tes yeux, au jour dit.
၁၆သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
17 Mais toi, je te sauverai, dit l’Eternel, ce jour-là; et tu ne seras pas livré au pouvoir des hommes que tu redoutes.
၁၇သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
18 Car je te tirerai du danger, et tu ne tomberas pas sous le glaive: ton existence sera ta part de butin, puisque tu as eu confiance en moi, dit l’Eternel."
၁၈ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။