< Isaïe 20 >

1 L’Année où Tartân arriva à Asdod, envoyé par le roi Sargôn, mit le siège devant cette ville et s’en empara,
အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
2 à cette époque, le Seigneur, s’adressant à Isaïe, fils d’Amoç, lui parla ainsi: "Va, dénoue le cilice qui couvre tes reins et ôte les souliers de tes pieds." Se conformant à cet ordre, le prophète alla dévêtu et déchaussé.
ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
3 Le Seigneur dit alors: "De même que mon serviteur Isaïe est allé dévêtu et déchaussé pour servir, pendant trois ans, de signe et de présage à l’Egypte et à l’Ethiopie,
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
4 de même les captifs d’Egypte et les exilés d’Ethiopie jeunes et vieux, le roi d’Assyrie les emmènera dévêtus et déchaussés, découverts jusqu’au bas des reins, à la honte de l’Egypte.
ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။
5 Ils seront terrorisés alors et pleins de confusion à cause de l’Ethiopie, qui était leur espoir, et de, l’Egypte, dont ils s’étaient glorifiés;
အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။
6 et les habitants de ces côtes diront en ce jour: "Voilà où en est celui qui fut notre espoir et chez qui nous courûmes chercher une protection efficace contre le roi d’Assyrie! Comment pourrons-nous échapper maintenant?"
ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။

< Isaïe 20 >