< Genèse 11 >
1 Toute la terre avait une même langue et des paroles semblables.
၁အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-
2 Or, en émigrant de l’Orient, les hommes avaient trouvé une vallée dans le pays de Sennaar, et s’y étaient arrêtés.
၂သူတို့သည်အရှေ့မျက်နှာသို့ခရီးပြုကြရာ ဗာဗုလုန်ပြည်ရှိမြေပြန့်တစ်နေရာသို့ရောက် ၍ ထိုနေရာတွင်အခြေချနေထိုင်ကြလေသည်။-
3 Ils se dirent l’un à l’autre: "Çà, préparons des briques et cuisons-les au feu." Et la brique leur tint lieu de pierre, et le bitume de mortier.
၃ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။-
4 Ils dirent: "Allons, bâtissons-nous une ville, et une tour dont le sommet atteigne le ciel; faisons-nous un établissement durable, pour ne pas nous disperser sur toute la face de la terre."
၄သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
5 Le Seigneur descendit sur la terre, pour voir la ville et la tour que bâtissaient les fils de l’homme;
၅ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-
6 et il dit: "Voici un peuple uni, tous ayant une même langue. C’Est ainsi qu’ils ont pu commencer leur entreprise et dès lors tout ce qu’ils ont projeté leur réussirait également.
၆``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
7 Or çà, paraissons! Et, ici même, confondons leur langage, de sorte que l’un n’entende pas le langage de l’autre."
၇ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
8 Le Seigneur les dispersa donc de ce lieu sur toute la face de la terre, les hommes ayant renoncé à bâtir la ville.
၈ထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။-
9 C’Est pourquoi on la nomma Babel, parce que là le Seigneur confondit le langage de tous les hommes et de là l’Éternel les dispersa sur toute la face de la terre.
၉ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။
10 Voici les générations de Sem. Sem était âgé de cent ans lorsqu’il engendra Arphaxad, deux ans après le Déluge.
၁၀ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။-
11 Sem vécut, après avoir engendré Arphaxàd, cinq cents ans; il engendra des fils et des filles.
၁၁ထိုနောက်သူသည်နှစ်ပေါင်းငါးရာဆက်၍အသက် ရှင်စဉ်သားသမီးများရသေး၏။
12 Arphaxad avait vécu trente cinq ans lorsqu’il engendra Chélah.
၁၂အာဖာဇဒ်သည်အသက်သုံးဆယ့်ငါးနှစ်ရှိသော အခါ ရှာလအမည်ရှိသားကိုရ၏။-
13 Arphaxad vécut, après la naissance de Chélah, quatre cent trois ans; il engendra des fils et des filles.
၁၃ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
14 Chélah, à l’âge de trente ans, engendra Héber.
၁၄ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။-
15 Chélah vécut, après avoir engendré Héber, quatre cent trois ans; il engendra des fils et des filles.
၁၅ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ် ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး ၏။
16 Héber, ayant vécu trente quatre ans, engendra Péleg.
၁၆ဟေဗာသည်အသက်သုံးဆယ့်လေးနှစ်ရှိသော အခါ ဖာလက်အမည်ရှိသောသားကိုရ၏။-
17 Après avoir engendré Péleg, Héber vécut quatre cent trente ans; il engendra dès fils et des filles.
၁၇ထိုနောက်သူသည်နှစ်ပေါင်းလေးရာသုံးဆယ် ဆက်၍အသက်ရှင်စဉ်သားသမီးများရသေး၏။
18 Péleg, âgé de trente ans, engendra Reou.
၁၈ဖာလက်သည်အသက်သုံးဆယ်ရှိသောအခါ ရာဂေါအမည်ရှိသားကိုရ၏။-
19 Après avoir engendré Reou, Péleg vécut deux cent neuf ans; il engendra des fils et des filles.
၁၉ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာ့ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
20 Reou, ayant vécu trente-deux ans, engendra Seroug.
၂၀ရာဂေါသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ စေရောက်အမည်ရှိသားကိုရ၏။-
21 Après la naissance de Seroug, Reou vécut deux cent sept ans; il engendra des fils et des filles.
၂၁ထိုနောက်သူသည်နှစ်ရာ့ခုနစ်နှစ်ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
22 Seroug, ayant vécu trente ans, engendra Nacor.
၂၂စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။-
23 Après la naissance de Nacor, Seroug vécut deux cents ans; il engendra des fils et des filles.
၂၃ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
24 Nacor, âgé de vingt-neuf ans, engendra Tharé.
၂၄နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-
25 Nacor vécut, après avoir engendré Tharé, cent dix-neuf ans; il engendra des fils et des filles.
၂၅ထိုနောက်သူသည်တစ်ရာတစ်ဆယ့်ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
26 Tharé, ayant vécu soixante-dix ans, engendra Abramé Nacor et Harân.
၂၆တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။
27 Voici les générations de Tharé: Tharé engendra Abram, Nacor et Harân; Harân engendra Loth,
၂၇တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။-
28 Harân mourut du vivant de Tharé son père, dans son pays natal, à Our-Kasdim.
၂၈ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။-
29 Abram et Nacor se marièrent. La femme d’Abram avait nom Sarai, et celle de Nacor, Milka, fille de Harân, le père de Milka et de Yiska.
၂၉အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။-
30 Saraï était stérile, elle n’avait point d’enfant.
၃၀ခါရန်သည်မိလခါနှင့်ဣသခတို့၏ဖခင် ဖြစ်သည်။ စာရဲတွင်သားသမီးမထွန်းကား ချေ။
31 Tharé emmena Abram son fils, Loth fils de Harân son petit fils, et Saraï sa bru, épouse d’Abram son fils; ils sortirent ensemble d’OurKasdim pour se rendre au pays de Canaan, allèrent jusqu’à Harân et s’y fixèrent.
၃၁တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
32 Les jours de Tharé avaient été de deux cent cinquante ans lorsqu’il mourut à Harân.
၃၂တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။