< 2 Samuel 22 >
1 David prononça en l’honneur de l’Eternel les paroles de ce cantique, lorsque l’Eternel l’eut délivré de la main de tous ses ennemis et de la main de Saül.
၁ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
2 Il dit: Seigneur, tu es mon rocher et ma forteresse, un libérateur pour moi;
၂ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
3 Mon Dieu tutélaire en qui je m’abrite, mon bouclier et mon puissant sauveur, mon rempart et mon refuge; mon protecteur, qui m’assistes contre la violence!
၃ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
4 Gloire m’écrié-je à l’Eternel, qui me délivre de mes ennemis!
၄ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
5 Déjà m’enveloppaient les flots mortels; les torrents de la perdition me faisaient frémir;
၅သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
6 J’Étais enlacé dans les réseaux de la tombe, surpris dans les filets de la mort. (Sheol )
၆မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။ (Sheol )
7 Dans ma détresse j’invoque le Seigneur, je fais appel à mon Dieu, et de son sanctuaire il entend ma voix, mon cri est monté à ses oreilles.
၇ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
8 Soudain la terre oscille et tremble, les fondements du ciel sont ébranlés, secoués par la colère de Dieu.
၈ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
9 Des vapeurs s’exhalent, signe de son courroux; de sa bouche sort un feu dévorant, jaillissent de brûlantes étincelles.
၉နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
10 Il incline les cieux et descend; sous ses pieds, une brume épaisse.
၁၀မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
11 Porté sur les chérubins, il vole, il apparaît sur les ailes du vent.
၁၁ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
12 Il déploie autour de lui les ténèbres comme une tente, des eaux agglomérées, d’opaques nuages.
၁၂မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
13 Le seul reflet de sa face allume des flammes ardentes.
၁၃ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
14 Il tonne du haut des cieux, l’Eternel! Le Dieu suprême fait entendre sa voix.
၁၄ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
15 Il lance ses flèches, ils se dispersent; l’éclair, il les frappe de stupeur.
၁၅လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။
16 Le lit de l’océan s’est découvert, les fondements de la terre ont été mis à nu, à la voix impérieuse de l’Eternel, au souffle du vent de sa colère.
၁၆ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
17 Il étend d’en haut sa main, me saisit, me retire du sein des grandes eaux;
၁၇အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
18 Il me délivre de mon puissant ennemi, de mes adversaires trop forts pour moi.
၁၈ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
19 Ils étaient à l’affût de mes malheurs; mais l’Eternel a été mon appui.
၁၉ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊
20 Il m’a mis au large, m’a sauvé parce qu’il m’aime.
၂၀ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
21 Le Seigneur me traite selon ma droiture, il récompense la pureté de mes mains.
၂၁ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
22 C’Est que je suis fidèle aux voies du Seigneur, jamais je n’ai trahi mon Dieu.
၂၂အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။
23 Toutes ses lois me sont présentes; ses statuts, je ne m’en écarte point.
၂၃စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။
24 Attaché à lui sans réserve, je me suis tenu en garde contre mes fautes.
၂၄ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။
25 Oui, le Seigneur m’a rémunéré selon ma droiture, selon ma pureté, dont ses yeux sont témoins.
၂၅ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
26 Tu te montres aimant pour qui t’aime, loyal envers l’homme loyal,
၂၆သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
27 Sincère avec les cœurs purs, mais artificieux avec les pervers!
၂၇သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
28 Tu viens en aide à un peuple humilié, et sous ton regard tu fais ployer les superbes.
၂၈နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
29 Oui, tu es mon flambeau, Seigneur! L’Eternel illumine mes ténèbres.
၂၉အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
30 Soutenu par toi, j’attaque un bataillon; grâce à mon Dieu, j’escalade un rempart.
၃၀အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
31 Dieu puissant! Parfaite est sa voie; la parole du Seigneur est infaillible, il est le bouclier de quiconque espère en lui.
၃၁ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
32 Qui est Dieu, hormis l’Eternel? Qui un rocher tutélaire, si ce n’est notre Dieu?
၃၂ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။
33 Ce Dieu est mon rempart invincible; il dégage complètement ma carrière.
၃၃ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
34 Il rend mes pieds agiles comme ceux des biches, et m’installe sur mes hauteurs.
၃၄ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
35 Il instruit mes mains aux combats, mes bras à manier l’arc d’airain.
၃၅ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။
36 Tu me prêtes le bouclier de ton secours, ta bienveillance fait ma supériorité.
၃၆ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
37 Tu donnes de l’aisance à mes pas, et empêches mes talons de chanceler.
၃၇အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
38 Je poursuis mes ennemis, je les extermine; point de relâche que je ne les aie détruits.
၃၈အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။
39 Je les détruis, je les abats, ils ne se relèveront plus; ils gisent désormais à mes pieds!
၃၉သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။
40 C’Est toi qui m’as armé de vaillance pour la guerre, qui fais plier sous moi mes agresseurs;
၄၀အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
41 Mes ennemis, tu les fais fuir devant moi, et mes adversaires, pour que j’en fasse justice.
၄၁အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။
42 Ils s’adressent, à bout de ressources, à l’Eternel… point de réponse!
၄၂သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
43 Je les écrase comme la poussière de la terre; comme la fange des rues je les broie et pulvérise.
၄၃ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။
44 Tu me fais triompher des factions de mon peuple; tu me réserves pour commander à des nations, des peuplades inconnues deviennent mes tributaires,
၄၄လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
45 les fils d’un sol étranger me rendent hommage; au seul bruit de mon nom, ils se soumettent à moi.
၄၅တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။
46 Les fils de l’étranger perdent courage, ils tremblent au fond de leurs retraites.
၄၆ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
47 Vivant est le Seigneur, et béni mon Rocher! Glorifié, le Dieu puissant qui me protège!
၄၇ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
48 O Dieu, c’est toi qui me procures vengeance, qui fais tomber des peuples à mes pieds;
၄၈ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။
49 Qui m’arraches à mes ennemis, me fais triompher de mes agresseurs et échapper aux hommes de violence.
၄၉ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
50 Je te rends donc grâce, Seigneur, à la face des peuples, et je chante ta gloire;
၅၀ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။
51 Donjon du salut pour ton roi, bienfaiteur de ton oint David et de sa postérité à jamais!
၅၁ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။